ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ ဇူလိုင် ၃၀ ရက်က ဆင်းမ်ကတ်နဲ့ ပတ်သက်ပြီး ဆင်းမ်ကတ်အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်တွေနဲ့ သုံးစွဲသူများထံ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ အများပြည်သူများအနေဖြင့် ဆင်းမ်ကတ်တွေကို ဝယ်ယူသုံးစွဲရာ မှာ စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြဖို့အတွက် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို အရောင်းကိုယ်စားလှယ်များနဲ့ အရောင်းဆိုင် (Point of Sale) တွေမှာ ဝယ် ယူရရှိနိုင်တာကို တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ သက်သေခံ လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြီး ဆင်းမ်ကတ်များကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်း တွေ့ရှိရသလို ထိုသို့ဆောင်ရွက်ခြင်းမှာ စာတမ်းအမှတ်အသား လိမ်လည်အတုပြုလုပ်ခြင်း ဖြစ်၍ တည်ဆဲဥပဒေများအရပြစ်မှုမြောက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ဆင်းမ်ကတ်အရောင်းကိုယ်စားလှယ်နဲ့ အရောင်းဆိုင်တွေ အနေနဲ့ သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ […]
Read MoreFacebook အနေနဲ့ ဇူလိုင်လထဲမှာ COVID-19 ကြောင့် ရုတ်တရက် ထိခိုက်မှုတွေ ဖြစ်ခဲ့ရတဲ့ ဒေသတွင်းက သတင်းခန်းတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ပုံမှန် အစီအစဉ်တွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ စတင်မိတ်ဆက် ခဲ့ပါတယ်။ ရည်ရွယ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Facebook Journalism Project မှ စာဖတ်သူထံကရရှိတဲ့ ဝင်ငွေမြှင့်တင်ရေး အစီအစဉ်ကို ဒေသတွင်းက ထုတ်ဝေသူတွေရဲ့ စီးပွားရေးအရ အသွင်ကူးပြောင်းမှု ပြုလုပ်ရာမှာ ပံ့ပိုးပေးဖို့ ဖော်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံပေါင်း (၈) နိုင်ငံက ထုတ်ဝေသူ (၁၂) ဦးဟာ အခပေး ဖတ်ရှုမှုတွေ၊ အဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်း ဖတ်ရှုမှုတွေ၊ တစ်ကြိမ်ချင်းစီ အခပေး ဖတ်ရှုမှုတွေကနေ တစ်ဆင့် စာဖတ်သူထံက တိုက်ရိုက် ရရှိနိုင်တဲ့ ဝင်ငွေကို တိုးမြှင့်နိုင်ဖို့ဆိုတဲ့ အကြောင်းအရာကို […]
Read Moreမိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ TrueMoney Myanmar မှ ဒေါ်ကြည်သာရိုမန်နက်အား TrueMoney Myanmar ရဲ့ Managing Director အဖြစ် ခန့်အပ်လိုက်ပါတယ်။ “ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် မိုဘိုင်းငွေပေးချေမှုတွေကို လက်ခံသုံးစွဲမှု များပြားလာတဲ့အချိန်မှာ TrueMoneyMyanmar နဲ့ လက်တွဲခွင့်ရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အသင်းအဖွဲ့တစ်ခု အနေနဲ့ ကျွန်မတို့က မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စိတ်ချယုံကြည်ရပြီး စိတ်ကြိုက်ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုကို ပေးအပ်ပြီး သုံးစွဲသူ သန်းပေါင်းများစွာ နဲ့ မိတ်ဖက်ကုမ္ပဏီများကို တိုးချဲ့ပေးသွားနိုင်ဖို့ အဆက်မပြတ် ကြိုးစားလျက်ရှိပါတယ်။ ကျွန်မတို့ TrueMoney အနေနဲ့ Covid 19 အခြေအနေမှာ သုံးစွဲသူများရဲ့ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုရတဲ့အခါ ပြည်သူလူထုအတွက် […]
Read MoreRakuten Viber မှ မိမိရာသီခွင်ကို ကြည့်ရှုနိုင်တဲ့ AI နည်းပညာသုံး Horocope Chatbot ကို စတင် မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ chatbot မှာ နောက်ဆုံးထွက် ဟောကိန်းတွေကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အသစ်ရယူနိုင်မှာ ဖြစ်သလို အသုံးပြုသူတွေအနေနဲ့ Horoscope နဲ့ဆက်နွယ်တဲ့ စတစ်ကာတွေကိုလည်း မကြာမီ အချိန်အတွင်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Horoscope Chatbot မှ တစ်ဆင့် chat ခြင်းဖြင့် ဘဝ၊ အလုပ်၊ နှလုံးသားရေး၊ ကျန်းမာရေး အစရှိတာတွေရဲ့ ကြိုတင်ဟောကိန်းတွေကို လွယ်ကူစွာ ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အသုံးပြုသူများ ပိုမိုအဆင်ပြေစေဖို့ အတွက် အဆိုပါ bot အား မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ […]
Read MoreNetflix ကတော့ အားရစရာ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ပါတယ်။ Google Play ပေါ်မှာ Netflix app ကို download ပြုလုပ်တဲ့အကြိမ်ရေ ၁ ဘီလျံ ကျော်သွားပါတယ်။ အဲဒီကိန်းဂဏန်းထဲမှာ Netflix ကို pre-install လုပ်ထားတဲ့ အရေအတွက် ပါဝင်တယ်။အခြား streaming platform တွေနဲ့ နှိုင်းယှဉ်ရင်တော့ Amazon Prime ကို download ပြုလုပ်မှု သန်း ၁၀၀ ကနေ ၅၀၀ အထိရှိသလို Hulu ကလည်း သန်း ၅၀ နဲ့ ၁၀၀ အကြားရှိပါတယ်။ HBO Go ကတော့ ၅ သန်းအထက်ပဲ ရှိပါတယ်။ Netflix ကိုယှဉ်ပြိုင်နိုင်တဲ့ နောက်ဝန်ဆောင်မှုက Disney+ ဖြစ်ပြီး […]
Read Moreကောလာဟလထွက်ပေါ်နေတဲ့ Samsung Galaxy Z Fold 2 5G ကို ဩဂုတ် ၅ ရက် Unpacked ပွဲမှာ မိတ်ဆက်ပါမယ်။ အခုထွက်ပေါ်လာတဲ့ သရုပ်ဖော်ပုံအရ Samsung Galaxy Z Fold 2 5G ကိုကြေးနီရောင်နဲ့ အနက်ဆိုပြီး ထုတ်လုပ်ဖွယ်ရှိပါတယ်။ Samsung Galaxy Z Fold 2 5G မှာ punch hole selfie ကင်မရာနဲ့ ဘေးဘက်မှာ notch အကြီးစားတစ်ခုပါဝင်လာပါတယ်။ အပြင်က မျက်နှာပြင်က တိုးတက်မှုရှိပြီး အနားစွန်းအထိ ဆွဲဆန့်ထားပါတယ်။ အဲဒီမျက်နှာပြင်မှာ punch hole selfie ကင်မရာပါဝင်လာပါတယ်။ ကျောဘက်ကင်မရာ ဒီဇိုင်းကတော့ Galaxy Note 20 နဲ့ဆင်ပါတယ်။ထွက်ပေါ်နေတဲ့သတင်းအရ […]
Read MoreSpotify ဟာ ပါတီတစ်ခုမှာ လူတိုင်းပါဝင်ပြီး သီချင်းနားထောင်နိုင်သလို လူစုလူဝေးရှောင်ရှားနေချိန်မှာ အဖွဲ့လိုက်သီချင်းနားထောင်နိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ Spotify အနေနဲ့ Group Session ဆိုတဲ့ အဖွဲ့လိုက် သီချင်းနားထောင်တဲ့ လုပ်ဆောင်ချက်ကို တိုးချဲ့လိုက်ပါတယ်။ အဝေးရောက်နေတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေ နားဆင်နိုင်ပါမယ်။ Group Session ကိုစတင်အသုံးပြုဖို့ ဘယ်ဘက်အောက်ခြေက Connect menu ကိုသွားရပါမယ်။ ပြီးတော့ “start a group session” ကိုနှိပ်ပါ။ သုံးစွဲသူက သူငယ်ချင်းတွေနဲ့ မိသားစုဝင်နဲ့ invite လင့်ခ်ကို ဝေမျှနိုင်သလို code ကိုလည်း scan လုပ်ပြီး ပူးပေါင်းနိုင်တယ်။ Group Session အဖွဲ့ဝင်တိုင်းက သီချင်းတွေကို pause လုပ်တာ၊ ကျော်တာနဲ့ ထပ်ထည့်တာတွေ […]
Read Moreအင်္ဂလန်နိုင်ငံ ၊ Sheffield မြို့ရှိ Sheffield Hallam University (SHU) မှ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန်တွင် ဘွဲ့ဒီဂရီတန်း လျှောက်ထားမယ့် ကျောင်းသား/သူများကို ပညာသင်ဆု ၅၀ ရာခိုင်နှုန်း ပေးအပ်သွားမယ်လို့ MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရပါတယ်။ ဘွဲ့ဒီဂရီတန်း လျှောက်ထားရန် တက္ကသိုလ်ဝင်တန်း (သို့) GCE ‘A’ Level ပြီးဆုံးအောင်မြင်ထားဖို့ လိုအပ်ပြီး IELTS (6.0) ရှိထားဖို့ လိုပါတယ်။ ဘွဲ့ဒီဂရီတန်းမှာ Accounting, Banking and Finance, Acting, Screenwriting and Film, Architecture- Art and Design, Bioscience and Chemistry, Business, Management […]
Read Moreရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးပြီး ဆရာမကြီး Professor ဒေါက်တာဒေါ်မိုးမိုးခိုင်မှ ဦးစီးသင်ကြားပေးမယ့် 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 𝗳𝗼𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗟𝗲𝗮𝗱𝗲𝗿𝘀 အွန်လိုင်းသင်တန်းရဲ့ စတုတ္ထမြောက်ဘာသာရပ် ဖြစ်တဲ့ Winning Customers during COVID Crisis ကို ဩဂုတ် ၈ ရက်နဲ့ ၉ ရက် တွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမယ် လို့ သိရပါတယ်။ သင်တန်းမှာ Understanding & Winning Customers (COVID 19 ကြောင့် Consumer Behavior ပြောင်းသွားတဲ့ Customers တွေကို ဘယ်လို ထိုးဖောက်မလဲ)၊ The Role of Digital Marketing (ပြောင်းလဲလာတဲ့ New Normal ကာလမှာ […]
Read More