Day: July 29, 2020

Asus ZenBook 14 UX431FA

ဈေးနှုန်း – ကန်ဒေါ်လာ ၇၉၉ အားသာချက် ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အသံထွက်ပိုင်းကောင်းမွန်တဲ့ စပီကာစနစ်၊ အရောင်အသွေးစုံလင်တဲ့ Display ၊ သက်သောင့်သက်သာနဲ့ အသုံးပြုနိုင်တဲ့ ကီးဘုတ်စနစ်နဲ့ ကျေနပ်စရာ ဘက်ထရီစွမ်းဆောင်ရည် ရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ပရီမီယံကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိပြီး တောက်ပမှုရှိပေမယ့် ကာဗာပေါ်က အစင်းလိုင်းပုံစံဒီဇိုင်း ဖော်ထားတာက Laptop ကာဗာပေါ် ဖုန်သဲတင်နိုင်ခြေ ပိုများနိုင်ပြီး သဲတရှပ်ရှပ်ဖြစ်နိုင်တာနဲ့ ကာလာပိုင်း စိုပြည်မှုရှိပေမယ့် Display ရဲ့ တောက်ပမှုပိုင်း အနည်းငယ်မှိန်တယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။ သုံးသပ်ချက် အလယ်အလတ်အမျိုးအစား စွမ်းဆောင်ရည်ကောင်းမွန်ပြီး လုပ်ဆောင်ချက်စုံလင်စွာနဲ့ သုံးနိုင်တဲ့ Laptop ကို လိုချင်သူတွေအတွက် Asus ZenBook […]

Read More

Canva ကိုသုံးပြီး Zoom မှာ နောက်ခံ Background ကို ဘယ်လိုပြောင်းမလဲ

Covid-19 ကူးစက်ရောဂါ စဖြစ်တဲ့အချိန်မှာ အွန်လိုင်းဗီဒီယို အစည်းအဝေးတွေလုပ်နိုင်တဲ့ App တွေ ဝယ်လိုအားမြင့်တက်ခဲ့တာ သိကြမှာပါ။ အဲဒီထဲကမှ အသုံးပြသူတွေအနေနဲ့ ဗီဒီယိုကွန်ဖရင့်ကို ပါဝင်သူ ၁၀၀ အထိ ပြုလုပ်နိုင်တဲ့ Zoom app က လူသိများပါတယ်။ Zoom meeting app မှာ စိတ်ဝင်စားဖွယ်ရာ လုပ်ဆောင်ချက်တွေ များစွာရှိတဲ့ထဲက Canva ကို သံ့းပြီး Zoom မှာ နောက်ခံ Background ကို ဘယ်လိုပြောင်းလဲ သုံးရလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Canva ကတော့ အွန်လိုင်းမှာ ဒီဇိုင်းဖန်တီးနိုင်တဲ့ cloud-based editing app ဖြစ်ပါတယ်။ ( မိမိက ဖုန်းနဲ့ လုပ်တာဆိုရင်တော့ ဖုန်းထဲမှာ Canva app ထည့်သွင်းထားဖို့ […]

Read More

Oppo A72 5G ကို တရားဝင်မိတ်ဆက်

Oppo ဟာ ဧပြီလတုန်းက မိတ်ဆက်ခဲ့တဲ့ A72 အတွက် 5G ဗားရှင်းကို မိတ်ဆက်လိုက်ပါတယ်။ Oppo A72 5G မှာ အခြား feature တွေလည်း ပါဝင်လာပါတယ်။ Oppo A72 5G မှာတော့ Dimensity 720 SoC အသုံးပြုထားပေမယ့် 4G ဗားရှင်းမှာတော့ Snapdragon 665 chipset အသုံးပြုထားပါတယ်။ စမတ်ဖုန်းမျက်နှာပြင်အရွယ်ကတော့ ၆.၅ လက်မ FullHD+ LCD အသုံးပြုထားပါတယ်။ A72 5G မှာတော့ 90Hz panel အသုံးပြုထားပြီး 5G မဟုတ်တဲ့ မော်ဒယ်မှာတော့ 60Hz မျက်နှာပြင် အသုံးပြုထားပါတယ်။ 4G မော်ဒယ်မှာတော့ 60Hz မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ A72 […]

Read More

Razr 2020 ဓာတ်ပုံတွေ ပထမဆုံးထွက်လာ

Motorola ဟာ နာမည်ကျော် Razr စီးရီးကို Razr 2019 နဲ့စတင် အသက်သွင်းခဲ့ပါတယ်။ အခုဆိုရင်လည်း ၂၀၂၀ မော်ဒယ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Razr နေရာ ဆက်ခံမယ့် 5G မော်ဒယ်နဲ့ပတ်သက်တဲ့ သတင်းထွက်လာသလို Evan Blass ကလည်း သရုပ်ဖော်ပုံတွေ ဝေမျှခဲ့ပါတယ်။ ၂၀၂၀ မှာ ထွက်ရှိလာမယ့် Razr က ပထမမော်ဒယ်နဲ့ ဆင်ပါတယ်။ ဖုန်းရဲ့ chin ကတော့ သေးသွယ်သွားပါတယ်။ ဖုန်းမှာပါဝင်တဲ့ capacitive fingerprint scanner ကတော့ ပါဝါခလုတ် ဒါမှမဟုတ် မျက်နှာပြင်အောက်ခြေမှာ ပါဝင်လာနိုင်ပါတယ်။ Razr ရဲ့ပြင်ပ display မှာ ကင်မရာ ၂ လုံး […]

Read More

အွန်လိုင်းသီးသန့်ပွဲမှာ pokemon ၁ ဘီလျံအထိ Pokemon Go ကစားသူတွေ ရရှိ

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ ဒီနှစ်ရဲ့ Pokemon Go ပွဲတော်ကို ပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းသီးသန့် ပွဲတော်မှာ ကမ္ဘာတစ်ဝန်းက ၁၂၄ နိုင်ငံနဲ့ ဒေသက pokemon trainer သန်းပေါင်းများစွာ ပါဝင်တယ်လို့ Niantic ကပြောထားပါတယ်။ အခုပွဲမှာ နေ့စဉ် ရှာဖွေမှုတွေ ပြုလုပ်ရပြီး Team Rocket ခေါင်းဆောင်တွေနဲ့ ယှဉ်ပြိုင်တာနဲ့ Victini လိုမျိုး လျှို့ဝှက် pokemon ဖမ်းတာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် အရောင်တောက်ပတဲ့ pokemon နဲ့ တွေ့ရခဲတဲ့ pokemon ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။ အခုပွဲက အိမ်မှာနေရင်း ကစားနိုင်အောင် လုပ်ပေးထားပါတယ်။ ကစားသူတွေက ၁၅ ကီလိုမီတာနီးပါး လမ်းလျှောက်တယ်လို့ Niantic ကပြောထားပါတယ်။ ဂိမ်းတွေက အရာတွေက pokemon […]

Read More

မိသားစုလုံခြုံရေး Family Safety app ကို Microsoft ဖြန့်ချိ

Microsoft ဟာ iOS နဲ့ Android အတွက် Family Safety app အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ Microsoft ဟာ လအနည်းငယ်အတွင်း app ကိုစမ်းသပ်နေတာ ကြာမြင့်ပါပြီ။ မိသားစုဝင်တွေက screen နဲ့ app အသုံးပြုမှုကို စီမံခန့်ခွဲပေးပါမယ်။ မိသားစုတွေက Family Saftey app ကိုအသုံးပြုပြီး app သုံးစွဲမှုနဲ့ screen အသုံးပြုမှုအချိန် အစီရင်ခံစာကို ဖတ်နိုင်သလို ကလေးတွေအတွက် app အသုံးပြုမှု အချိန်ကို ကန့်သတ်နိုင်ပါတယ်။ Microsoft Family Safety ကို Windows, Xbox နဲ့ Android မှာအသုံးပြုနိုင်ပါတယ်။ ဂိမ်းတွေနဲ့ app အသုံးပြုမှုအချိန်ကို ထုတ်ကုန်များစွာမှာ syn လုပ်ပြီး ကန့်သတ်နိုင်ပါတယ်။ […]

Read More

အီးစီးကရက်သုံးစွဲမှု ထိန်းချုပ်တားဆီးပေးရန် အဆိုကို ပြည် သူ့လွှတ်တော်အတည်ပြု

ဇူလိုင် ၂၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အီးစီးကရက်ဖြစ်တဲ့ Vape, Shisha နဲ့ အခြားပစ္စည်းတွေကို ထိန်းချူပ်တားဆီးပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို အတည်ပြုလိုက်ပါတယ်။ အဲဒီအဆိုကို ရေကြည်မဲဆန္ဒနယ်က ဒေါက်တာစံရွှေဝင်းက မတ် ၆ ရက်က အဲဒီပစ္စည်းတွေမှာ ဓာတုဗေဒပစ္စည်းမျိုးစုံ ပေါင်းစပ် ပါဝင်နေတာကြောင့် အန္တရာယ်ရှိပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်သလို ဈေးကွက်အတွင်းမှာ ဆေးလိပ်အစားထိုးစက် ဆေးလိပ်ဖြတ်စက်လို့ ကြော်ငြာ ရောင်းချနေပေမယ့် အမှန်တကယ်တမ်းလည်း အထောက်အကူပြုနိုင်တာ မရှိတဲ့အတွက် ထိန်းချုပ်တားဆီးပေးဖို့ အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့အဆိုကို ဇူလိုင် ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော် […]

Read More

အူရီဒူးမြန်မာမှ အာရှပစိဖိတ် Stevieâ Awards ၂၀၂၀ တွင် ရွှေတံဆိပ်ဆု အပါအဝင် ဆုလေးမျိုးဆွတ်ခူး

အူရီဒူးမြန်မာမှ အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းများ ပါဝင်တဲ့ အာရှပစိဖတ် Stevieâ Awards ၂၀၂၀ တွင် တီထွင်ဆန်းသစ်မှုများ အတွက် အသိအမှတ်ပြုဆုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ Stevieâ Awards တွင် ချီးမြှင့်တဲ့ ဆုအမျိုးအစားပေါင်း ၉ ခု ရှိပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးနဲ့ အောင်မြင်မှုအတွက် ဆန်းသစ်တီထွင်ဖန်တီးမှုတွေကို အသိအမှတ်ပြုချီးမြှင့်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အူရီဒူးမြန်မာမှ Gold Award for Innovation in HR Management အပြင် Planning and Practice၊ Award for Innovation in Technology Management, Planning and Implementation၊ Award […]

Read More

e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းဖွင့်ပွဲကျင်းပ

ပါမောက္ခချုပ်များကော်မတီမှ ကြီးမှူး၍ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန် ရည်ရွယ်ကာ ကိုဗစ်-၁၉ ကာလ ပညာရေးလုပ်ငန်းများ အောင်မြင်ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သက်ဆိုင်ရာ ဆရာ၊ ဆရာမများအား e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၈ ရက်က အွန်လိုင်းစနစ်အသုံးပြုကာ ကျင်းပခဲ့ပါတယ်။ မည်သည့်ခွဲခြားမှုမျှ မရှိဘဲ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် စုပေါင်းအားဖြင့် ရုန်း၍ အားဖြည့်ဆောင်ရွက်ရမည့်အချိန် ဖြစ်ကြောင်း၊ တာဝန်ယူ တာဝန်ခံပြီး ပူးပေါင်းဆောင်ရွက်တတ်၍ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရေးအတွက် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲ […]

Read More