Day: July 25, 2020

ဆယ်တန်းသင်ရိုးဟောင်းနှင့် Grade-10 သင်ရိုးသစ်ဘာသာရပ် သင်ခန်းစာများကို လေ့လာနိုင်မည့် ConceptX Application Version 2.0 ထွက်ရှိ

ဆယ်တန်းသင်ရိုးဟောင်းနှင့် Grade-10 သင်ရိုးသစ်ဘာသာရပ် သင်ခန်းစာများကို လေ့လာနိုင်မည့် ConceptX Application Version 2.0 ထွက်ရှိလာပြီး အဆိုပါ Application ကို သင်္ချာဘာသာရပ် ကျွမ်းကျင်သူ ဆရာဦးစိုးထက်မှ ဦးဆောင်ကာ ဖန်တီးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ Application ဖြင့် ဒဿမတန်းသင်္ချာဘာသာရပ်ကို သင်ရိုးကုန် သင်ခန်းစာများအပြင် မေးခွန်းဟောင်းပုစ္ဆာများကိုပါ အခန်းအလိုက်၊ နှစ်အလိုက်စုစည်း ဖော်ပြကာ ကျောင်းသား ကျောင်းသူ တွေ အလွယ်တကူ လေ့လာ သင်ကြားနိုင်အောင် ဖန်တီးခဲ့ကြောင်း၊သက်တမ်းနှစ်နှစ်ရှိပြီ ဖြစ်တဲ့ ConceptX Application ကို ယခုအခါ အဆင့်မြှင့် တင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အသစ်ဖန်တီးထားတဲ့ Version 2.0 မှာ ဒသမတန်း သင်ရိုးဟောင်း သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ဇီဝဗေ ဒ […]

Read More

Fujifilm instax mini 11

ချက်ချင်းရိုက် ချက်ချင်းထွက် ကင်မရာ မော်ဒယ်သစ် Fujifilm instax mini 11 ဖြစ်ပါတယ်။ Lens Ring နဲ့ Selfie ရိုက်ကူးဖို့အတွက် Selfie Mode ပါဝင်သလို selfie မှန် ထည့်သွင်းပေးထားမို့ ဘယ်လိုအနေအထားမျိုးနဲ့ပဲရိုက်ရိုက် အလှပဆုံး ပုံထွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ သေသပ်ပြီး ပေါ့ပါးလှတဲ့ ဒီဇိုင်းကြောင့်အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ 1/250 sec.အထိ ရိုက်နိုင်ပြီး Aperture ကို အလို အလျောက် ညှိပေးနိုင်တဲ့ စနစ်ထည့်သွင်းပေးထားပါတယ်။ Shutter စနစ်က Programmed electronic shutter ဖြစ်ပြီး 1/2 ကနေ 1/250 sec. အထိ စွမ်းဆောင်ပေးမှာပါ။ Exposure Control အနေနဲ့ Automatic ဆောင်ရွက်ချက်ကို Lv […]

Read More

iPhone, Android ဖုန်းနဲ့ iPad တို့ရဲ့ Gmail app က Google meet ကို ဘယ်လိုပိတ်ထားမလဲ

Google က iPhone, Android ဖုန်းနဲ့ iPad တို့ရဲ့ Gmail စနစ်ထဲမှာ Google Meet ကို အလွယ်တကူ ပိတ်/ဖွင့် လုပ်နိုင်မယ့် ခလုတ်ကို ထည့်သွင်းထားပါတယ်။ အခုလို Google အနေနဲ့ Meet ကို ထည့်သွင်းပေးလိုက်တာက ကွန်ပျူတာကနေ အီးမေးလ်အသုံးပြုတဲ့သူအတွက် ကြည့်ရတာ အဆင်ပြေနိုင်ပေမယ့် ဖုန်းကနေ သုံးတဲ့သူ အတွက်ကတော့ မေးလ်အသုံးပြုရတာ မြင်ကွင်း သိပ်မရှင်းလင်းသလို ခံစားရနိုင်ပါတယ်။ မိမိအနေနဲ့ မိမိဖုန်းရဲ့ Gmail app ကို နဂိုရှင်းလင်းတဲ့ပုံစံနဲ့ အသုံးပြုချင်တယ် ဆိုရင်တော့ Meet ကို ပိတ်ထားနိုင်ပြီး အဲဒီလို ပိတ်ထားလိုက်ရင်တော့ Toolbar မှာ meet နဲ့ mail စတဲ့ icon တွေကို […]

Read More