Day: July 23, 2020

HUAWEI Matebook D14 ကို ဇူလိုင်လကုန်အထိ ကြိုတင်မှာယူနိုင်မည်

HUAWEI MateBook D14 ကို မြန်မာနိုင်ငံတွင်စတင် ရောင်းချတော့မယ်လို့ သိရပါတယ်။ HUAWEI MateBook D 14 ကို အမေရိကန်ဒေါ်လာ ၆၉၉ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ဇူလိုင် ၃၁ ရက်အထိ ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ကြိုတင်မှာယူသူတွေကို HUAWEI CPE, Bluetooth Headset, HUAWEI Mouse နဲ့ HUAWEI Backpack စတဲ့ ကျပ် ၁၈၀,၀၀၀ ကျော်တန်ဖိုးရှိ လက်ဆောင်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ် HUAWEI MateBook D 14 မှာ AMD Ryzen 7 3700U processor နဲ့ RAM 8GB ထည့်သွင်းအသုံးပြုထားပါတယ်။ RadeonTM RX Vega 10 […]

Read More

IELTS စာမေးပွဲအတွက် Speaking & Writing သင်တန်းဖွင့်လှစ်မည်

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ROP ( Republic of Professional) မှ IELTS စာမေးပွဲအတွက် Speaking & Writing သင်တန်း အမှတ်စဉ် (၁၈) ကို သြဂုတ် ၆ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ သင်တန်းမတက်ခင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်ပြီး စာမေးပွဲအောင်မြင်သူတွေကိုသာ အတန်း တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုပါက ကြိုတင် ဖုန်းဆက်ချိန်းဆိုပြီး ဝင်ခွင့်စာမေးပွဲ (သောကြာနေ့မှလွဲ၍) နေ့စဉ် နံနက် ၁၀ နာရီမှ ည ၆ နာရီအတွင်း လာရောက်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုချိန် မိနစ် ၂၀ မှ ၃၀ ခန့်အထိ ကြာနိုင်ပြီး ဝင်ခွင့်စာမေးပွဲအတွက် ဖြေဆိုခပေးရန် မလိုကြောင်း […]

Read More

MyanmarTextbook

အ​ခြေခံ သင်ရိုးညွှန်းတန်းသစ် ဖတ်စာအုပ်​တွေကို ဖုန်းက​နေ​လေ့လာနိုင်​အောင် ဖန်တီးထားတဲ့ App ​တွေဖြစ်ပါတယ်။ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းစတဲ့ အတန်းအလိုက် ဘာသာစုံသင်ရိုးသစ်ဖတ်စာအုပ်​တွေကို ဖုန်းက​နေ အလွယ်တကူ ​လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအ​​ခြေပြု App ဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

တယ်လီနောနှင့်တယ်လီနောသုံးစွဲသူများမှ အမျိုးသားအဆင့် ဗဟိုကော်မတီထံ မြန်မာကျပ်​ငွေ သန်း ၇၀ လှူဒါန်း

တယ်လီနောနှင့်တယ်လီနောသုံးစွဲသူတွေက နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ မြန်မာကျပ်​ငွေ သန်း ၇၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ တယ်လီနောသုံးစွဲသူများက မြန်မာကျပ်ငွေ ၅.၇ သန်းကို စာတိုပေးပို့မှုမှတစ်ဆင့် လှူဒါန်းခဲ့ပြီး တယ်လီနောမြန်မာမှ မြန်မာကျပ်​ငွေ သန်း ၆၀ ကျော် (သန်း ၆၄.၃ ကျပ်) ကို ထပ်ဆောင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ တယ်လီနောမြန်မာအ​နေနဲ့ မြန်မာ့ပထမဦးဆုံး ကိုဗစ်-၁၉ လူနာကို မတ်လအတွင်း တွေ့ရှိစဉ်ကတည်းက ကိုဗစ်-၁၉ ရောဂါအခြေ‌အနေနှင့် ပတ်သက်ကာ အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး လူမှုအသိုင်းအဝိုင်းများ လုံခြုံရေး၊ ဆက်သွယ်ချိတ်ဆက်မှု မပြတ်တောက်စေရေး၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ဒါ့အပြင် စောင့်ကြည့်ခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့ထံ လာရောက်တွေ့ဆုံသူများ ဘေးကင်းလုံခြုံစေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် တစ်ကိုယ်ရေသုံး […]

Read More

NK Professional N-M180 LED light

DSLR , Camcorder တွေနဲ့ ဗီဒီယို ရိုက်ကူးရာမှာ အသုံးပြုနိုင်တဲ့ NK Professional N-M180 LED light ဖြစ်ပါတယ်။ စမတ်ဖုန်း အရွယ်အစားသာ ရှိပြီး အထူအနေနဲ့ 1.3cm သာရှိပါတယ်။ အလေးချိန် 180G ရှိတဲ့အတွက် သယ်ဆောင်ရ ပေါ့ပါးပါတယ်။ မီးလုံးရေ ၁၈၀ နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး မီးအရောင်ကို အဖြူ/အဝါ နှစ်မျိုးပြောင်းကစားနိုင်သလို K တန်ဘိုး 3100 ကနေ 5500 အတွင်း ထိန်းညှိနိုင်မှာပါ။လင်းအားအနေနဲ့ 12W ရှိပြီး အလင်းပြင်းအား 1200LM အထိ ရရှိနိုင်မှာပါ။ LED မီးပြားရဲ့ နောက်ကျောမှာ display ပါဝင်တဲ့ အတွက် ဘက်ထရီလက်ကျန် အခြေအနေ၊ ပါဝါအားအညွှန်း၊ အလင်းပြင်းအားပြသမှု၊ မီးအရောင်ပြောင်း […]

Read More

ဥရောပသမဂ္ဂက မှ ယူရိုငွေယူရိုငွေ ၃၇ ဒဿမ ၆၂၅ သန်းကို မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက်ပေးအပ်

ဥရောပသမဂ္ဂက မှ ယူရိုငွေ ၃၇ ဒဿမ ၆၂၅ သန်းကို မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက်ပေးအပ် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ “ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ ယုံကြည်ရတဲ့ မိတ်ဖက်အဖွဲ့အစည်းပါ။ ကိုဗစ် – ၁၉ ကာလအလွန်မှာကလေးအယောက်စီတိုင်း ပညာရေးကို လက်လှမ်းမီစေရေးအတွက် ဥရောပသမဂ္ဂရဲ့အကူအညီနဲ့ ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုကိုလည်း ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပြီး သင်ရိုးညွှန်းတမ်း အသစ်တွေကိုဆက်လက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။ ဥရောပသမဂ္ဂ(EU) ဟာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်း လဲမှုကို ဆက်လက်ထောက်ပံ့သည့်အနေနဲ့ ဇူလိုင် ၂၁ ရက်က ယူရိုငွေ ၃၇.၆၂၅ မီလီယံ [ကျပ်ငွေ ၅၉.၆၉၃ ဘီလီယံ] ကို ပေးအပ်ခဲ့ပြီး […]

Read More

Facebook Messenger အတွက် လုံခြုံရေးနည်းလမ်းသစ်တစ်ခု ထောက်ပံ့ပေး

Facebook ဟာ iPhone ဒါမှမဟုတ် iPad ပေါ်က Messenger ဖွင့်တဲ့အခါ ပိုမိုလုံခြုံစေမယ့် လုံခြုံရေးအလွှာတစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါကြောင့် app ကို lock လုပ်လိုက်တဲ့အတွက် အဖွင့်အပိတ်ကို Face ID ဒါမှမဟုတ် Touch ID အသုံးပြုကာ ဖွင့်နိုင်ပါတယ်။ Facebook က App Lock လို့ခေါ်တဲ့ လုပ်ဆောင်ချက်ဟာ တစ်ကိုယ်ရေ အချက်အလက်နဲ့ လုံခြုံရေးအသားပေး Messenger ဆီရောက်လာတဲ့ စီမံကိန်းအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Messenger ရဲ့ settings ထဲမှာ Privacy ကဏ္ဍတစ်ခု ပါဝင်လာပြီး App Lock လိုမျိုး လုပ်ဆောင်ချက်တွေကနေ တည်နေရာတစ်ခုတည်း ပေးတာအထိ ပါဝင်သလို block ထားတဲ့ သုံးစွဲသူတွေလည်း မြင်နိုင်ပါတယ်။ […]

Read More