Day: July 22, 2020

ဘက်ထရီသက်တမ်း နာရီ ၃၀ အထိ ပါဝင်လာတဲ့ OnePlus Buds

OnePlus ဟာ OnePlus Nord နဲ့အတူ ကုမ္ပဏီရဲ့ပထမဆုံး ကြိုးမဲ့နားကြပ် OnePlus Buds ကို မိတ်ဆက်လိုက်ပါတယ်။ OnePlus Buds ကတော့ ၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ OnePlus Buds ဟာ ဈေးကွက်ထဲက ဈေးအသက်သာဆုံး ကြိုးမဲ့နားကြပ်တစ်ခု ဖြစ်လာပါတယ်။ OnePlus Buds ဟာ ရိုးရှင်းပြီး ဈေးနှုန်းသက်သာတဲ့ နားကြပ်တစ်မျိုး ဖြစ်ပါတယ်။ ဆူညံသံလျှော့ချပေးတဲ့ စနစ်နဲ့ ဆီလီကွန်နားကြပ်ခေါင်းအပြင် ကြိုးမဲ့အားသွင်းစနစ် မပါဝင်ပါဘူး။ နားကြပ်ကို ၇ နာရီအထိ အသုံးပြုနိုင်ပြီး charging case ကလည်း စွမ်းအင်ကို သိုလှောင်ပေးနိုင်ပါတယ်။ ဒါကြောင့် စုစုပေါင်း နာရီ ၃၀ အထိ အသုံးပြုနိုင်ပါတယ်။ ဆယ်မိနစ်အားသွင်းရုံနဲ့ ၁၀ နာရီအထိ […]

Read More

ကတ်စနစ်ဖြင့် ယာဥ်စီးခပေးချေသည့် ဝန်ဆောင်မှုကို ယာဥ်အစီးရေ ၅၉၇ စီးတွင် အသုံးပြုနိုင်မည်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဥ်လိုင်းများအနက် ယာဥ်အစီးရေ ၅၉၇ စီးတွင် ကတ်စနစ်ဖြင့် စီးနင်းနိုင်မှာဖြစ်ပြီး ယာဥ်လိုင်း အမှတ် ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ တွေမှာ စတင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဇူလိုင် ၂၁ ရက်က Yangon Payment Services-YPS ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် မိတ်ဆက်ခဲ့တဲ့ ကတ်စနစ်နဲ့ ယာဥ်စီးခပေးချေတဲ့ဝန်ဆောင်မှု (Yangon Payment Services-YPS) မိတ်ဆက်ပွဲကတစ်ဆင့် သိခဲ့ရတာ ဖြစ်ပါတယ်။ “ ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုမှာ YBS ဟာ အလွန်အရေးကြီးပါတယ်။ အခက်အခဲဖြစ်နေတာ အဲဒီလို YBS တွေစီးနင်းလို့ ငွေပေးချေတဲ့အခါ […]

Read More

Spotify မှာ ဗီဒီယို podcast တွေပါဝင်လာ

Spotify ဟာ ဗီဒီယို podcast တွေကို ဝန်ဆောင်မှုထဲ ထည့်သွင်းလိုက်ပါတယ်။ Spotify မှာ podcast နားထောင်သူတွေက ဈေးကွက်အားလုံးအတွက် ဖြန့်ထားတဲ့ ဗီဒီယို podcast အနည်းငယ်ကိုလည်း ကြည့်နိုင်ပါပြီ။ Spotify က podcast တွေနားထောင်တဲ့အခါ ဆွေးနွေးသူတွေပါ မြင်နိုင်မယ့် အစီအစဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အစီအစဉ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Book Of Basketball 2.0 Fantasy Footballers The Misfits Podcast H3 Podcast The Morning Toast Higher Learning with Van Lathan & Rachel Lindsay The Rooster Teeth Podcast Spotify […]

Read More

GED Course ကို MSI Academy Education Centre တွင် စတင် တက်ရောက်နိုင်မည်

High School Diploma (၁၂ တန်း ပညာရေး) နဲ့ ညီမျှတဲ့ GED Course ကို MSI Academy Education Centre မှာ တက်ရောက်နိုင်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။ GED Course ဟာ မြန်မာနိုင်ငံမှ ကျောင်းသားအများစုအတွက် နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်လှမ်းနိုင်ဖို့ အထောက်အပံ့ပေးမယ့် Course တစ်ခုဖြစ်ပြီး နိုင်ငံတကာ အထက်တန်းပညာရေး (High School Diploma) နဲ့ညီမျှတာကြောင့် USA , Canada အစရှိတဲ့နိုင်ငံကြီးတွေအပြင် နိုင်ငံအများမှ လက်ခံထားတဲ့ ပညာရေးသက်မှတ်ချက် စာမေးပွဲ တစ်ခုဖြစ်ပါတယ်။ GED Test ကို အွန်လိုင်းမှတစ်ဆင့် ဖြေဆိုနိုင်ပြီဖြစ်ပြီး ဖြေဆိုအောင်မြင်ပြီးသူဦးရေ သိန်း (၂၀၀) ကျော်ရှိကာ နှစ်ပေါင်း ၇၀ […]

Read More

Selfie ကင်မရာ ၂ လုံးပါဝင်လာတဲ့ OnePlus Nord

OnePlus ဟာ ၂၀၁၅ မှာ မအောင်မြင်တဲ့ OnePlus X ထုတ်လုပ် အပြီး အခုအခါမှာတော့ အလယ်အလတ်တန်းစားဖုန်းဖြစ်တဲ့ Nord ကိုမိတ်ဆက်လိုက်ပါတယ်။ Nord ကို ဒေါ်လာ ၄၈၀ နဲ့ စတင်ရောင်းချပါမယ်။ OnePlus Nord ဟာ လအနည်းငယ်က ထွက်ရှိခဲ့တဲ့ OnePlus 8 နဲ့ဆင်ပါတယ်။ OnePlus Nord မှာတော့ 1080p OLED display နဲ့အတူ 90Hz refresh rate, Sub-6GHz 5G, Warp Charge 30T အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။ OnePlus 8 လိုပဲ အဓိက ကင်မရာ 48-megapixel ပါဝင်လာပါတယ်။ Nord မှာ Snapdragon 765G […]

Read More