Day: July 21, 2020

Gmail မှာ Google Meet ပါဝင်လာပြီ

Google ဟာ ပြီးခဲ့တဲ့လတွေမှာ Meet အသုံးပြုသူတွေ များပြားလာအောင် လုပ်ဆောင်ချက်အသစ်တွေ ဖြန့်ချိနေပါတယ်။ ကပ်ရောဂါကာလအတွင်းမှာလည်း လူတွေက ဗီဒီယိုခေါ်ဆိုမှုများစွာ ပြုလုပ်လာကြပါတယ်။ ဒါ့အပြင် Google က iOS နဲ့ Android အတွက် Gmail ထဲမှာ Google Meet ကိုထည့်သွင်းဖို့လည်း ကတိပြုထားပါတယ်။ အခုဆိုရင်တော့ Android အတွက် Gmail မှာတော့ Meet ကို ထည့်သွင်းပေးလိုက်ပါပြီ။ တစ်ပတ်အကြာမှာ iOS သုံးစွဲသူ အတွက်လည်း ဖြန့်ခဲ့ပါတယ်။ Gmail ရဲ့ Android app မှာ Meet ပါဝင်လာတာကြေင့် သုံးစွဲသူက အစည်းအဝေးအသစ် စတင်တာ၊ ဝင်တာတွေ ပြုလုပ်နိုင်ပါတယ်။ Gmail ထဲမှာ တစ်ပါတည်းပါဝင်တဲ့ Meet ကို […]

Read More

Google Pixel ကင်မရာ ဖန်တီးသူ Adobe အတွက် universal camera app ကိုဖန်တီးနေ

Google ရဲ့ Pixel ဖုန်း ဓာတ်ပုံအင်ဂျင်နီယာဟောင်း ဖြစ်သူ မာ့ဘ်လီဗွိုင်ဟာ Adobe မှာ ဒုတိယဥက္ကဋ္ဌဖြစ်လာပါတယ်။ မာ့ဘ်လီဗွိုင်ဟာ Adobe အတွက် universal camera app တစ်မျိုးကို အဓိကဖန်တီးမယ်လို့ သိရပါတယ်။ မာ့ဘ်လီဗွိုင်ဟာ LinkedIn ကိုယ်ရေးအကျဉ်းမှာ မတ်လအတွင်း Google ကနေထွက်ခွာလာတယ်လို့ ဖော်ပြထားပါတယ်။ မာ့ဘ်အနေနဲ့ Google အတွက် HDR+, Portrait Mode နဲ့ Night Sight ကင်မရာလုပ်‌ဆောင်ချက်တွေ ဖန်တီးပေးခဲ့တယ်။ Pixel 4 ရောင်းအား ကျဆင်းနေတာကြောင့် Pixel ဌာနက အဖွဲ့ စိတ်ဓာတ်ကျဆင်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။ -စိုးထက် Ref: AndroidPolice

Read More

သုံးစွဲသူ အချက်အလက်ပေါက်ကြားမှုအပေါ် Wattpad စုံစမ်းစစ်ဆေးနေ

တိုရွန်တိုမြို့အခြေစိုက် Wattpad ကုမ္ပဏီက သုံးစွဲသူအချက်အလက် အများအပြားပေါက်ကြားတာကြောင့် စုံစမ်းစစ်ဆေးနေတာကို အတည်ပြုလိုက်ပါတယ်။ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီနဲ့ အွန်လိုင်းဖိုရမ်က ရင်းမြစ်တွေ က Wattpad အချက်အလက်ပေါက်ကြားမှု အကြောင်းဖော်ပြပြီးတဲ့နောက် ကုမ္ပဏီအတည်ပြုတာဖြစ်တယ်။ Wattpad ရဲ့ ဇူလိုင် ၁၄ရက် ထုတ်ပြန်ချက်မှာ သုံးစွဲသူတစ်ချို့ အခွင့်မရှိဘဲ အများပြည်သူ အချက်အလက်တွေ သုံးစွဲနေတယ်ဆိုတဲ့ အစီရင်ခံစာကို သတိပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဂျော်ဂျီယာပြည်နယ် အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Cyble က Wattpad အချက်အလက်ပေါက်ကြားမှုကို ဇူလိုင်လ ပထမအပတ်မှာ ခြေရာခံမိခဲ့ပါတတယ်။ Wattpad ပေါ်က သုံးစွဲသူအချက်အလက် သန်း ၂၇၀ကို bitcoin ၁၀ခု ဒါမှမဟုတ် ဒေါ်လာ ၁၀၀,၀၀၀နဲ့ ရောင်းချခဲ့ပါတယ်။ နောက်ပိုင်း Wattpad အချက်အလက်ကို အခမဲ့တင်ထားပါတယ်။ Cyble အနေနဲ့ […]

Read More

Huawei Enjoy 20s စမတ်ဖုန်း ဓာတ်ပုံထွက်လာ

ပြီးခဲ့တဲ့အပတ်က Huawei ရဲ့ Enjoy 20s စမတ်ဖုန်းဓာတ်ပုံနဲ့ အသေးစိတ်တွေ TENAA မှာပေါ်လာပါတယ်။ ဘယ်အချိန်မှာ ကုမ္ပဏီက Enjoy 20s မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ Huawei Enjoy 20s ဓာတ်ပုံထွက်လာတဲ့အတွက် ဖုန်းမိတ်ဆက်မယ့်အချိန် မဝေးတော့ပါဘူး။ Huawei Enjoy 20s ကျောဘက်ကင်မရာ ၃ လုံး ဖြစ်ပြီး ဘေးဘက်မှာ fingerprint sensor လည်း ပါဝင်လာပါတယ်။ Huawei Enjoy 20s ကိုယ်ထည်က ရှည်လျားပါတယ်။ မျက်နှာပြင်အရွယ် ၆.၈ လက်မ LCD နဲ့ 1080p ရုပ်ထွက်အရည်အသွေး ရှိမယ်လို့ TENAA ကဖော်ပြထားပါတယ်။ Huawei Enjoy စီးရီးဖုန်းတွေကို တရုတ်နယ်စပ်မှာ Y စီးရီးနဲ့ အမည်နဲ့ […]

Read More

မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့အနေနဲ့ “𝗦𝗧𝗢𝗣 𝗥𝗮𝗻𝘀𝗼𝗺𝘄𝗮𝗿𝗲 လမ်းညွှန် 𝟭.𝟰” ကို ထုတ်ပြန်

မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့အနေနဲ့ “𝗦𝗧𝗢𝗣 𝗥𝗮𝗻𝘀𝗼𝗺𝘄𝗮𝗿𝗲 လမ်းညွှန် 𝟭.𝟰”ကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ လမ်းညွှန်ချက်မှာ အသစ်ပြင်ဆင်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြခဲ့တာပါ။ OFFLINE KEY “lhxqPpWFK0CiFzpfdXBaKGsuOjwIW2Jm623TOft1” ကဲ့သို့ t1 ဖြင့်ဆုံးသော key တွေဟာ OFFLINE Key နဲ့တိုက်ခိုက်ခံထားရသူ မည်သူမဆို ဖိုင်တွေကို ပြန်လည်ရရှိနိုင်ကြောင်း၊ONLINE Key နဲ့ အတိုက်ခိုက်ခံထားရသူတွေ အနေနဲ့ အချို့သော extension များမှအပ မိမိတို့ရဲ့ ဖိုင်များကို ပြန်လည်ရရှိနိုင်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ မူရင်းဖိုင်နဲ့ encrypted ဖိုင် (၂) ဖိုင်တို့ကို mmCERT သို့ မေးလ်ပို့ပေးရန်၊ ယခင်ပေးပို့ရမယ့် ပုံစံအစား MAC Address,မူရင်းဖိုင်၊ တိုက်ခိုက်ခံရသောဖိုင်၊ PersonalID.txt နှင့် _readme.txt […]

Read More

Dell Inspiron (i5) 2 in 1 Laptop

စွမ်းဆောင်ရည်မြင့်မားပြီး ပေါ့ပါးတဲ့ Dell Inspiron 2 in 1 Laptop ဖြစ်ပါတယ်။ ဘက်စုံသုံး Laptop ဖြစ်ပြီး Touchscreen နဲ့ Finger Print စနစ်တွေထောက်ပံ့ပေးထားပါတယ်။ Screen ကိုလည်း ခေါက်ပြီးလှည့်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။10th Generation Intel® Core™ i5-10210U Processor (6MB Cache, up to 4.2 GHz) CPU နဲ့ RAM ပိုင်းအတွက် 8GB DDR4 2666MHz (8GBx1) ထည့်သွင်း အသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် NVIDIA® GeForce®MX230 with 2GB GDDR5 graphic ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေသိုလှောင်ဖို့အတွက် 256GB SSD ပါဝင်ပါတယ်။ […]

Read More

ကျောင်းများဖွင့်လှစ်ပြီးပါက မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ်ကြီးကြပ်ခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်မည်

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မိဘဆရာအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့တွေနဲ့ မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ်ကြီးကြပ်ခြင်းနဲ့ ရှောင်တခင် စစ်ဆေးခြင်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့တဲ့ ဝန်ကြီးဌာနများအကြား ညှိနှိုင်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစည်းအဝေးတွင် ဆွေးနွေးချက်များအရ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းအချိန်အထိ ရရှိလာတဲ့ စာရင်းဇယားအရ အဆင့်-A ရရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း ၃,၇၇၂ ကျောင်းကို မူလစီစဉ်ထားတဲ့ အတိုင်း ဇူလိုင် ၂၁ ရက်တွင် စတင်ပြီး […]

Read More