Day: July 17, 2020

NGO Jobs in Myanamr

ပြည်တွင်းက NGO အလုပ်အကိုင်​တွေကို အလွယ်တကူ ရှာ​​​ဖွေနိုင်မယ့် App ဖြစ်ပါတယ်။ MIUM ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.theminmu.info က NGO အလုပ်အကိုင်ဆိုင်ရာ အချက်အလက်​တွေကို App က​နေ အလွယ်တကူ ရှာ​ဖွေကြည့်ရှုနိုင်​အောင် ဖန်တီးထားတာဖြစ်ပါတယ်။ အွန်လိုင်းအ​​ခြေပြု App ဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Woofer ပါဝင်သည့်ကြိုးမဲ့စပီကာ RB-M49

Woofer ပါဝင်တဲ့အတွက် Bass အသံပိုပြီးကောင်းတဲ့ Remax ရဲ့ RB-M49 ကြိုးမဲ့စပီကာဖြစ်ပါတယ်။ အသံထွက်ပါဝါ 15 Watt ရှိပြီး TWS စနစ်ကြောင့် အမျိုးအစားတူတွေနဲ့ ထပ်မံချိတ်ဆက်နိုင်ပါတယ်။ Bluetooth 5.0 ဖြစ်ပြီး TF Card, Memory Stick (USB), AUX Cable စတာတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Battery Capacity က 3000mAh ဖြစ်ပြီး အားပြည့်ချိန်မှာ ခြောက်နာရီကနေ ရှစ်နာရီအထိ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android & iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ အရောင်ကတော့ အဖြူနဲ့ အနက်ဆိုပြီး နှစ်မျိုးဝင်ရောက်လာပါတယ်။ တန်ဖိုးက ၄၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ Remax Myanmar ဖုန်း – […]

Read More

ဟက်ကာများက Account အရေအတွက် ၁၃၀ ကို ပစ်မှတ်ထားခဲ့တယ်လို့ Twitter ပြော

Twitter က အခုတစ်ပတ်ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွင်း account ၁၃၀ ပစ်မှတ်ထားခံခဲ့ရတယ်လို့ Twitter ကပြောခဲ့ပါတယ်။Twitter တိုက်ခိုက်ခံရမှုမှာ နာမည်ကြီး account နဲ့ အဖွဲ့အစည်းများစွာပါဝင်ပါတယ်။ ဟက်ကာတွေက account အရေအတွက် အနည်းငယ်ကို ထိန်းချုပ်ပြီး tweet တွေပေးပို့ခဲ့တယ်။ဟက်ကာတွေအနေနဲ့ ပစ်မှတ်ထားတဲ့ account က တစ်ကိုယ်ရေ အချက်အလက်တွေ ရ၊ မရကိုတော့ မသိသေးပါဘူး။ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ထင်ရှားကျော်ကြားသူနဲ့ နိုင်ငံရေးသမားတွေထဲမှာ ဂျိုးဘိုင်ဒင်၊ ကင်မ်ကာဒတ်ရှန်၊ ဘားရတ်အိုဘားမားနဲ့ အီလွန်မက်စ်တို့ရဲ့ Twitter account တွေပါဝင်ခဲ့ပါတယ်။ Twitter အနေနဲ့ ထိခိုက်ခဲ့တဲ့ Twitter account ပိုင်ရှင်တွေနဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။ နာမည်ကျော် account တွေထိန်းချုပ်ခံရမှုမှာ password ကိုအသုံးပြုတာ မတွေ့ရဘူးလို့ Twitter ကတော့ပြောထားပါတယ်။ -စိုးထက် […]

Read More

EQUALS in Tech Awards 2020 အတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်

International Telecommunication Union (ITU) Telecom World က ဖိတ်ကြားသောThe EQUALS Global Partnership for Gender Equality in the Digital Age မှ ကြီးမှူးကျင်းပမယ့် EQUALS in Tech Awards 2020 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ICT ကဏ္ဍတွင် အမျိုးသမီးများ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်တဲ့ Gender Equality ဖြစ်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် စိတ်ပါဝင်စားတဲ့အဖွဲ့အစည်းများ သို့မဟုတ် တစ်ဦးချင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲကို Category လေးမျိုးနဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး Access, Skills, Leaderships […]

Read More

English Foundation သင်တန်းဖွင့်လှစ်မည်

နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ROP ( Republic of Professional) မှ English Foundation သင်တန်းအမှတ်စဉ် (၂၉ )ကိုဇူလိူင် ၂၅ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့သိရပါတယ်။ သင်တန်းမှာ အင်္ဂလိပ်စာအခြေခံခိုင်မာအောင် လေ့ကျင့်လိုသူတွေ၊ မိမိအလုပ်မှာ အင်္ဂလိပ်လို ပြောတတ်ဆိုတတ်ဖြစ်စေရန် ပထမဆုံးခြေလှမ်းကို ခိုင်မြဲစွာလှမ်းလိုသူတွေ ၊ အင်္ဂလိပ်စာကို စနစ်တကျနဲ့ပျော်ပျော်ပါးပါး လေ့လာချင်သူတွေအတွက် ပိုမိုသင့်တော်ပြီး အခြေခံပညာ အထက်တန်းကျောင်းအဆင့်မှစ၍ တက်ရောက်နိုငေမယ်လို့ သိရပါတယ်။ အင်္ဂလိပ်စာ အခြေခံခိုင်မာတိုးတက်စေရန် 5 Skills (Thinking, Speaking, Listening, Reading & Writing) တို့ကို မျှတအောင်သင်ကြားပေးမှာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူနဲ့ ကြာသာပတေးနေ့တွေမှာ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပြီး […]

Read More

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ ဝန်ဆောင်မှုများကို အွန်လိုင်းမှ ရယူနိုင်

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရဲ့ ဝန်ဆောင်မှုတွေကိုအွန်လိုင်းမှရယူနိုင် မယ်လို့ University of Yangon Library က ထုတ်ပြန်ထားပါတယ်။ အွန်လိုင်းကနေရယူနိုင်မယ့် ဝန်ဆောင်မှုတွေက စာအုပ်များ အလွယ်တကူရှာဖွေနိုင်ခြင်း၊ ငှားရမ်းမယ့်နေ့ရက်ကို ကြိုတင်ချိတ်ဆက်နိုင်ခြင်း၊ ငှားရမ်းပြီးသား စာအုပ်ကို ငှားရမ်းရက် သက်တမ်းတိုးမြှင့်ခြင်းနဲ့ အချို့သော စာအုပ်များကို Download လုပ်ဆောင်ခြင်း စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။​ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမတွေနဲ့ သုတေသီတွေ အနေနဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်(UYL)မှာ စုဆောင်းထားရှိသော အင်္ဂလိပ်၊ မြန်မာ စာအုပ်များ၊ eResource database များကို မိမိတို့နေအိမ်မှ UY website  https://www.uy.edu.mm/ မှတစ်ဆင့် UYLibrary ( https://www.uy.edu.mm/e-library/ ) မှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ရှာဖွေရာမှာ လိုအပ်တဲ့ စာအုပ်တွေကို UYLibrary ရှိ Online […]

Read More

2020 Virtual WITSA Global ICT Excellence Awards အတွက် လျှောက်လွှာခေါ်ယူ

2020 Virtual WITSA Global ICT Excellence Awards အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ The World Informatin Technology and Services Alliance (WITSA) မှ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်းသို့ Virtual WITSA Global ICT Awards တွေ လျှောက်ထားနိုင်တယ်လို့ အသိပေးအကြောင်းကြားလာတာဖြစ်ပြီး အဆိုပါဆုကို စက်တင်ဘာ ၁၄ ရက် နဲ့ ၁၆ ရက်တွေမှာ မလေးရှားနိုင်ငံ ပီနန် မြို့တွေမှာ ကျင်းပပြုလုပ်မယ့် 2020 World Congress On IT ပွဲမှာ ဆုတွေကိုပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဆုအတွက် သတ်မှတ်ထားတဲ့ Category တွေကတော့ COVID-19 Tech Solutions for […]

Read More

B.H.M.S. Switzerland တွင် ဩဂုတ်လ ကျောင်းဖွင့်ချိန်အတွက်လျှောက်ထားနိုင်

Business and Hotel Management School (B.H.M.S.)မှ သြဂုတ်လ ကျောင်းဖွင့်ချိန် အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ မြန်မာ ဆယ်တန်း ၊ IGCSE ‘O’ Level / ‘A’ Level ၊ HND (UK) နဲ့ ဘွဲ့ရပြီးသူများစတဲ့ ပညာအရည်အချင်း ရှိထားသူတွေ လျှောက်ထားနိုင်ပြီး ကျောင်းလျှောက်ထားသူတွေအနေနဲ့ ဘွဲ့ဒီဂရီတန်း အတွက် လျှောက်ထားပါက ၆၅ သိန်းကျော်ခန့်အထိ ပညာသင်ဆုများ ၊ ဘွဲ့လွန်တန်းအတွက် လျှောက်ထား ပါက သိန်း ၈၀ ကျော်အထိ ပညာသင်ဆုများ ရရှိနိုင်ဖို့ MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုမှ လျှောက်ထားပေးလျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာ ဆယ်တန်း ၊ IGCSE ‘O’ Level /’A’ […]

Read More