Day: July 15, 2020

HP Envy x360 13 (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၇၉၉ အားသာချက် မြင့်မားတဲ့ စွမ်းဆောင်ရည် တောက်ပပြီး ကြည်လင်ပြတ်သားတဲ့ 1080p Display နဲ့ စတိုင်ကျလှပသလို ကျစ်လျစ်တဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းက သဘောကျစရာပါ။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်ပြီး ဈေးကလည်း သုံးရတာ တန်တယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားသာချက်ပါ။ အားနည်းချက် Thunderbolt 3 ပေါက် မပါဝင်တာနဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် အနည်းငယ် ပိုထူပြီး လေးတယ်လို့ ခံစားရတာ ဒီ Laptop ရဲ့ အားနည်းချက်ပါ။ သုံးသပ်ချက် Envy x360 13 က ဈေးကွက်ထဲက အကောင်းဆုံး ဒေါ်လာ ၁၀၀၀ အောက် Laptop တစ်လုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က […]

Read More

iOS ရဲ့ Google Drive app မှာ လုံခြုံရေးဆိုင်ရာ Face ID စနစ်ကို ဘယ်လိုထည့်သုံးမလဲ

မိမိရဲ့ iPhone, iPad တွေထဲက Google Drive app ကို အခြားသူတွေ အလွယ်တကူဝင်ရောက်ကြည့်ရှုတာမျိုးကို ကာကွယ်ဖို့အတွက် ဖုန်းရဲ့ Face ID စနစ်ကို အသုံးပြုနိုင်ပါတယ်။ Face ID စနစ် ထည့်သွင်းဖို့အတွက် အရင်ဆုံး ဖုန်းထဲက Google Drive app ကို ဖွင့်လိုက်ပါ။ Google Drive app ပွင့်လာရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဘယ်ဘက် အပေါ်ထောင့်နားက menu icon ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ Settings စနစ်ထဲကို ထပ်ဝင်ဖို့အတွက် Settings ဆိုတဲ့ စာသားကို နှိပ်ပါ။ Settings စနစ်ထဲကိုရောက်သွားပါမယ်။ အဲဒီထဲက Privacy Screen ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။ […]

Read More

ရိုးမဘဏ် SMART အကောင့်မှ WavePay အကောင့်သို့ အွန်လိုင်းမှ တစ်ဆင့် ဝန်ဆောင်ခပေးရန်မလိုဘဲ အပြန်အလှန် ငွေလွှဲနိုင်မည်

ရိုးမဘဏ် SMART အကောင့်ရှိသူတွေ အနေနဲ့ အွန်လိုင်းမှတစ်ဆင့် WavePay အကောင့်သို့ ဝန်ဆောင်ခပေးဆောင်ဖို့ မလိုဘဲ အပြန်အလှန် ငွေလွှဲနိုင်မယ်လို့သိရပါတယ်။ WavePay နဲ့ ရိုးမဘဏ် SMART အကောင့် ချိတ်ဆက်လုပ်ဆောင်မှုကို ဇူလိုင် ၁၄ ရက်မှ စတင်ကာ လုပ်ဆောင်နိုင်ခဲ့ပြီး ရိုးမဘဏ် SMART အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းသို့ ပေးပို့လာမယ့် တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အသုံးပြုကာ ဒီဂျစ်တယ်နည်းနဲ့ အကောင့်နှစ်ခု ချိတ်ဆက်မှုကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်ထားပြီးဖြစ်တဲ့ အကောင့်နှစ်ခုအကြား ငွေသွင်း၊ ငွေထုတ် စတဲ့ ငွေလွှဲလုပ်ဆောင်ချက်တွေ အတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်တယ်လို့ သိရပါတယ်။ ရိုးမဘဏ် SMART အကောင့်ရှိသူတွေအနေနဲ့ ဒီဂျစ်တယ်နည်းနဲ့ ချိတ်ဆက်လုပ်ဆောင်မှု ပြီးစီးပါက Wave […]

Read More

Google Play Pass ဂိမ်းဝန်ဆောင်မှုကို ၉ နိုင်ငံအတွက် တိုးချဲ့

စက်တင်ဘာလတုန်းက Google ဟာ Android app နဲ့ ဂိမ်းတွေအတွက် လစဉ်ကြေးပေးသွင်းဝန်ဆောင်မှု Play Pass ကို ဖြန့်ချိခဲ့ပါတယ်။ ယခင်နှစ်က Play Pass အတွက် ဂိမ်း ၁၅၀ ကျော်ကို ဖြန့်ချိခဲ့ပြီး အခုအခါမှာတော့ Play Pass ကို နိုင်ငံပေါင်း ၉ နိုင်ငံ နဲ့ နှစ်စဉ်ငွေပေးချေမှုကိုလည်း တိုးချဲ့လိုက်ပါတယ်။ Play Pass မှာပါဝင်တဲ့ application ၃၅၀ ကျော်မှာ in-ap purchase နဲ့ ကြော်ငြာ မပါဝင်ဘူးလို့ Google က ပြောထားပါတယ်။ Apple Arcade ဝန်ဆောင်မှုနဲ့ နှိုင်းယှဉ်လိုက်ရင် Play Pass မှာ ရာသီဥတု app လိုမျိုး tool […]

Read More

Lenovo Legion အမြည်း မိတ်ဆက်

Lenovo Legion ဖုန်းကို ဇူလိုင် ၂၂ ရက်မှာ တရားဝင် ထုတ်ဖော်မိတ်ဆက်ပါမယ်။ Lenovo Legion ဟာ gaming ဖုန်းဖြစ်ပြီး 144Hz display ပါဝင်လာကာ Android 10 အခြေခံ Lenovo ရဲ့ ZUI 12 အုပ်ထားတဲ့ Legion OS ပါဝင်တာကို ဗီဒီယိုမှာ မြင်ရပါတယ်။ Lenovo က Legion အမှတ်တံဆိပ်နဲ့ gaming ထုတ်ကုန်တွေ ထုတ်လုပ်လိုပါတယ်။ Lenovo Legion ဟာ အခြား gaming ဖုန်းတွေလိုပဲ 144Hz display ပါဝင်တဲ့အတွက် အလွန်မြန်ဆန်တဲ့ ဂိမ်းတွေကို ကိုင်တွယ်နိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ CPU နဲ့ GPU clock speed […]

Read More

လာမယ့်လအတွင်း 100W အထိ အားသွင်းနိုင်တဲ့ ဖုန်းကို Xiaomi မိတ်ဆက်နိုင်

ပြီးခဲ့တဲ့ရက်က OPPO နဲ့ vivo တို့က အားသွင်းအလွန်မြန်ဆန်တဲ့ ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ OPPO ကတော့ ဗုဒ္ဓဟူးနေ့မှာ 125W အားသွင်းမြန်ဆန်မှု နည်းပညာအတွက် တရားဝင်ပွဲကို မိတ်ဆက်ထားပါတယ်။ vivo ကလည်း iQOO နည်းပညာက 100W အားသွင်းမြန်ဆန်စနစ် gaming စမတ်ဖုန်းကို ထောက်ပံ့ပေးနိုင်ပါတယ်။ အခုဆိုရင် Xiaomi ကလည်း 100W အားသွင်းမြန်ဆန်စနစ် နည်းပညာကို လုပ်ကိုင်နေတယ်လို့ Weibo က သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ Xiaomi ရဲ့အားသွင်းမြန်ဆန်စနစ် ပါဝင်တဲ့ စမတ်ဖုန်းက ဩဂုတ်လမှာ ထွက်ရှိနိုင်ပါတယ်။ Xiaomi ဟာ အရင်ကလည်း အားသွင်းမြန်ဆန်နည်းပညာကို ပြသခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက OPPO က 50W ထောက်ပံ့ချိန်မှာ Xiaomi ရဲ့ 100W […]

Read More

၁၁ လက်မ Samsung Galaxy Tab S7 မှာ in-display fingerprint sensor မပါဝင်

Samsung ဟာ ဩဂုတ် ၅ ရက် Unpaced ပွဲမှာ Galaxy Z Fold 2 ကို ထုတ်ဖော်ပြသဖွယ် မရှိပါဘူး။ ပွဲမှာ Note 20 ဖုန်းတွေ၊ Galaxy Z Flip 5G နဲ့ Galaxy Watch 3 အပြင် Galaxy Tab S7 အမည်ရ အဆင့်မြင့် tablet ၂ မျိုးကို မိတ်ဆက်ဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်က Galaxy Tab S7 ကို ၁၁ လက်မနဲ့ ၁၂.၄ လက်မအရွယ် ၂ မျိုး ထုတ်လုပ်မယ်လို့ သတင်းထွက်လာ သလို သရုပ်ဖော်ပုံလည်း ထွက်လာပါတယ်။ ဒီဇိုင်းက iPad Pro […]

Read More

Lenovo V530 AIO All in one PC

အကြမ်းခံ အသုံးခံတဲ့ Lenovo V530 AIO All in one PC ဖြစ်ပါတယ်။ ကော်ဖီဆိုင် ၊ Store ဆိုင် ၊ Reception လိုနေရာတွေအပြင် ရုံးတွေရော အိမ်တွေမှာပါ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Intel Processor i3 9100T ကိုထည့်သွင်းအသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် AMD Graphic Card ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 4GB/ 8GB တပ်ဆင်ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းတဲ့အခါ စိတ်ချရဖို့အတွက် Security Features တွေပါဝင်ပြီး 1TB သိမ်းဆည်းနိုင်မယ့် Hard Disk ထည့်ပေးထားပါတယ်။ စကရင်အရွယ်အစား ၂၁.၅ လက်မအရွယ်အစားရှိပြီး FHD […]

Read More

Survey Training Course အမှတ်စဉ် ၉၃ ဖွင့်လှစ်မည်

Concordia International Co., Ltd ကနေ ဖွင့်လှစ်တဲ့ Survey Training Course အမှတ်စဉ် ၉၃ ကို ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ သင်တန်းမှာ ခေတ်မီတိုင်းတာရေး စက်တွေဖြစ်တဲ့ ဂျပန်နိုင်ငံထုတ် Topcon အမှတ်တံဆိပ် GNSS(DGPS) and Total Station တွေနဲ့ လက်တွေ့တိုင်းတာခြင်အပြင် Engineering Survey, Topograpical Survey, Topcon Link and Magnetic Office Software တွေဖြင့် Downloading နဲ့ Processing ပြုလုပ်ခြင်းတွေကို စာတွေ့ လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူတွေ၊ ဘွဲ့ရပြီးသူတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ Engineers တွေ၊ […]

Read More