Day: July 14, 2020

A Khwint A Yay

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေး ဆိုင်ရာ​တွေကို ​လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ​ကျောင်းသား​​တွေ၊ သု​တေသနပြုလုပ်သူ​​တွေ၊ လူ့အခွင့်အ​ရေးဆိုင်ရာ သင်ကြားသူ ကထိက​တွေ အလွယ်တကူ​ လေ့လာနိုင်​အောင် ဖန်တီးထားတာဖြစ်ပြီး App ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်း အ​​ခြေပြု App ဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

 iOS 14 public beta က စိတ်ဝင်စားစရာ လုပ်ဆောင်ချက် (၆) ခု

Apple ဟာ အများပြည်သူတွေ စမ်းသပ်သုံးစွဲနိုင်အောင် iOS 14 public beta ကိုဖြန့်ချိလိုက်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို iOS 14 beta ကိုဝင်ရောက်ပြီး feature တွေကို စမ်းသပ်သုံးစွဲနိုင်ပါပြီ။ iOS 14 လုပ်ဆောင်ချက်အသစ်တွေထဲမှာ widget ကို home screen ထဲထည့်သွင်းတာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Android လိုမျိုး App Library အမည်ရ app drawer လည်းပါဝင်လာပါသေးတယ်။ (၁) စကားပြောဆိုမှုအတွင်း တစ်စုံတစ်ယောက်ကို tag လုပ်နိုင် iOS 14 မှာ iMessage group ထဲမှာ စကားပြောဆိုတဲ့အခါ တစ်စုံတစ် ယောက်ကို tag လုပ်နိုင်ပြီး message ကိုလည်း reply […]

Read More

အခြားနိုင်ငံက Play Store တွေကို လည်ပတ်ခွင့်ပေးလိုက်တဲ့ Google

ဥရောပစီးပွားရေးဇုန် (EEA) အတွင်းက Google Play သုံးစွဲသူတွေက စမတ်ဖုန်းတွေကတစ်ဆင့် အခြားဥရောပဒေသက content တွေကို ကြည့်ရှုနိုင်ပါတယ်။ Google အနေနဲ့ အခြားဒေသက content ကို download ဒါမှမဟုတ် ဝယ်ယူခွင့်တော့ မပြုသေးဘူးလို့ သိရပါတယ်။     သုံးစွဲသူက default မဟုတ်ဘဲ အခြားဒေသက Play Store ကိုစူးစမ်းမယ်ဆိုရင် Play Store ဝက်ဘ်ဆိုက်ဆီ သွားရောက်ရပါမယ်။ သုံးစွဲသူက account ကို sign out လုပ်တာ ဒါမှမဟုတ် incognito mode နဲ့သုံးရပါမယ်။ စာမျက်နှာအောက်ခြေကိုသွားပြီး နိုင်ငံပေါင်း ၃၁ ခုက တစ်ခုကို ရွေးပေးရပါမယ်။ အခုထောက်ပံ့မှုမှာ Google ကအခြားနိုင်ငံ Play Store […]

Read More

OnePlus Nord မှာ ultrawide selfie ကင်မရာ ပါဝင်လာ

OnePlus Nord ဖုန်းမှာ ၁၀၅ ဒီဂရီ ultrawide selfie ကင်မရာ ပါဝင်မယ်လို့ OnePlus ကပြောကြားထားပါတယ်။ အဲဒီ ကင်မရာကြောင့် သုံးစွဲသူတွေ selfie stick ကြောင့် အရှက်ရစရာ မလိုတော့ဘူးလို့ ကြော်ငြာထားပါတယ်။ ဖုန်းဟာ ပရိသတ်တွေ တောင်းဆိုထားတဲ့ အရာတွေ ပါဝင်မယ်လို့ ကုမ္ပဏီကပြောခဲ့တယ်။ OnePlus ဟာ Nord ဖုန်းကို ဇူလိုင် ၂၁ ရက်ပွဲမှာ မိတ်ဆက်ပါမယ်။ သုံးစွဲသူက OnePlus Nord AR App သုံးပြီး ပွဲကို ရှုစားနိုင်ပါမယ်။ Android နဲ့ iOS အတွက်ပါ OnePlus Nord AR App ကိုဖြန့်ထားပါတယ်။ Nord ဈေးနှုန်းက ဒေါ်လာ ၅၀၀ […]

Read More

Apple iPhone Batterygate ပြဿနာရှိသူတွေ ၂၅ ဒေါ်လာ ထုတ်ယူနိုင်

Apple ရဲ့ Batterygate ပြဿနာဆိုတာ ကုမ္ပဏီက ဖုန်းသစ်ရောင်းချနိုင်ဖို့ ဖုန်းဟောင်တွေရဲ့ စွမ်းဆောင်ရည်ကို လျှော့ချပစ်တယ်လို့ သုံးစွဲသူတွေ ခံစားခဲ့ရပါတယ်။ Apple အနေနဲ့ ဘက်ထရီသက်တမ်း တာရှည်ခံမှုကို လျှော့ချခဲ့ပါတယ်။ အမေရိကန်က iPhone သုံးစွဲသူက Batterygate ပြဿနာနဲ့ပတ်သက်ပြီး Apple ဆီက လျော်ကြေးရလိုမှုနဲ့ တရားစွဲခဲ့ရပါတယ်။ အခုအခါမှာတော့ Apple ဟာ Batterygate ပြဿနာခံရသူ အမေရိကန် iPhone သုံးစွဲသူတွေ အတွက် ၂၅ ဒေါ်လာ ပေးသွားပါမယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မတိုင်မီက ဝယ်ယူခဲ့တဲ့ iPhone 6, iPhone 6 Plus နဲ့ iPhone SE မှာ iOS 10.2.1 နဲ့နောက်ပိုင်း […]

Read More

MacBook ကင်မရာကို အုပ်ထားမှုအပေါ် Apple သတိပေး

ဒီလအစောပိုင်းမှာ Apple က MacBook ပိုင်ဆိုင်သူတွေက laptop ကင်မရာကို ကာဗာနဲ့ ပိတ်ထားတဲ့အပေါ် သတိပေးလိုက်တဲ့ စာရွက်စာတမ်းကို ဖြန့်ချိခဲ့ပါတယ်။ Apple က support စာရွက်စာတမ်းမှာ latop ကင်မရာကို ကာဗာနဲ့ ပိတ်ထားမှုက display ကိုပျက်စီးစေတယ်လို့ ပြောထားပါတယ်။ အခုလို new normal ကာလမှာ ဗီဒီယို call တွေက အလွန်အရေးပါပါတယ်။ သုံးစွဲသူက တစ်ကိုယ်ရေ လုံခြုံရေးကို ဂရုစိုက်တာကလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ Apple ကတော့ ကင်မရာ ကာဗာနဲ့ အုပ်မယ့်အစား ကင်မရာအလင်းဖော်ပြမှုကို ယုံကြစေလိုပါတယ်။ စာရွက်စာတမ်းမှာ Apple က MacBook, MacBook Air ဒါမှမဟုတ် MacBook Pro ကင်မရာတွေကို ကာဗာနဲ့ […]

Read More

Canon Projector

Lumens 3700 ရှိပြီး Resolution WXGA(1280 x 800) နဲ့ Canon Projector LV-WX370 ဖြစ်ပါတယ်။ ကုမ္ပဏီ၊ NGO၊ တက္ကသိုလ်၊ Hotel စတာတွေမှာအသုံးပြုနိုင်ပါတယ်။ 3LCD Technology ကို အခြေခံထားပါတယ်။ Aspect Ratio အနေနဲ့ 16:10 (Widescreen Format) ရရှိမှာ ဖြစ်ပြီး အသေးဆုံး လက်မ ၃၀ ကနေ အကြီးဆုံး လက်မ ၃၀၀ အထိ ချဲ့နိုင်ပါတယ်။ Contrast Ratio ကတော့ 15000:1 ရှိပါတယ်။ အသံထွက်စနစ်အတွက် 10W monaural Speaker လည်း ပါဝင်ပါတယ်။ Display Modes အနေနဲ့ Standard, Presentation, User […]

Read More

ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စီမံကိန်းတစ်ခု တောင်သူလယ်သမားများအတွက်အကောင်အထည်ဖော်ဆောင်ရွက်မည်

အူရီဒူးမြန်မာနဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းကာမြန်မာနိုင်ငံအပူပိုင်းဒေသရှိ တောင်သူလယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အတွက် ရာသီဥတုဒဏ်ခံနိုင်သော လယ်ယာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ စားသောက်ကုန်ထုတ်လုပ်နည်းများနဲ့ ဝင်ငွေတိုးတက်စေဖို့ ဈေးကွက်ချိတ်ဆက်မူများအစရှိတာတွေပါဝင်ပြီး COVID-19 ကာလရဲ့ သက်ရောက်မှုကိုပါ တုံ့ပြန်နိုင်မယ့် စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါစီမံကိန်းမှာ ၁၅ လတာကြာမြင့်မှာ ဖြစ်ပြီး ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) အနေနဲ့ ကမ္ဘာ့ ကပ်ရောဂါ COVID-19 ဖြစ်ပွား နေစဉ်ကာလ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အပူပိုင်းဇုန်ရှိ ထိခိုက်နစ်နာနိုင်တဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေအတွက် အရည်အသွေးမြင့် မျိုးစေ့တွေနဲ့ ထုတ်ကုန်ဆိုင်ရာ သရုပ်ပြသမှုတွေ၊ သင်တန်းတွေနဲ့ ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ လယ်စိုက်ရာသီတစ်လျှောက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာစိုက်ပျိုးရေးနည်းပညာ […]

Read More

၂၀၂၁ အထိ Apple ရုံးများ ပြန်မဖွင့်ဖြစ်သေး

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် Apple အနေနဲ့ ၂၀၂၀မှာ ရုံးတွေ ပြန်ဖွင့်မှာ မဟုတ်ပါဘူး။ Apple က စတိုးဆိုင်တွေ ပိတ်ထားပေမယ့် လက်လီအရောင်းဝန်ထမ်းတွေ အဝေးကနေ အလုပ်လုပ်ဖို့ တွန်အားပေးထားတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Apple က နှစ်စဉ်ပြုလုပ်နေကျ Worldwide Developers Conference ကိုပြုလုပ်ခဲ့ပါတယ်။ မတ်လအစောပိုင်းက နိုင်ငံတကာက စတိုးဆိုင်တွေ ပိတ်သိမ်းတာ၊ ဝန်ထမ်းခရီးသွားလာမှုကို ကန့်သတ်တာ လုပ်ခဲ့တယ်။ အမေရိကန်က စတိုးဆိုင်အားလုံးကို အကန့်အသတ်မရှိပိတ်မယ်လို့ Apple ကကြေညာထားပါတယ်။ တချို့ Apple စတိုးတွေကတော့ မေလမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒီလအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်လာတာကြောင့် ပြန်ပိတ်လိုက်ရပါတယ်။ လူတွေကတော့ အွန်လိုင်းကနေတော့ ဝယ်ယူနိုင်ပါသေးတယ်။ စိုးထက် Ref: […]

Read More