Day: July 7, 2020

ကြက်ကြော်အိုးပါဝင်တဲ့ KFC ဂိမ်းစက်

ပြီးခဲ့တဲ့လအစောပိုင်း KFC ရဲ့ Gaming ဌာနက KFConsole အမည်ရ အသစ်ထွက်မယ့် ဂိမ်းစက်အတွက် အမြည်းဗီဒီယိုကို မိတ်ဆက်လိုက်ပါတယ်။ KFC ဂိမ်းစက်ပုံစံ KFC ကြက်ကြော်ထည့်တဲ့ ပုံးနဲ့ဆင်ပြီး အနီနဲ့ အဖြူရောင်သုံးထားတယ်။ ဂိမ်းစက်အောက်မှာအခွေထည့်နိုင်ပြီး ပါဝါခလုတ်လည်း ပါဝင်လာပါတယ်။ အတွင်းထဲမှာ 11GHz Zinger processor ချစ်ပ်ပါဝင်လာပါတယ်။ KFConsole က platform အမျိုးမျိုးက ကစားသူတွေနဲ့ ဂိမ်းကစားနိုင်ပြီး 4K/12fps ထောက်ပံ့မှုပါဝင်လာပါတယ်။ ဂိမ်းစက်ရဲ့ အကြီးကျယ်ဆုံး feature ကတော့ စိတ်ဝင်စားစရာပါ။ ဂိမ်းစက် မျက်နှာစာမှာ ကြက်ကြော်နိုင်တဲ့ အကန့်တစ်ခုပါဝင်ပါတယ်။ အမြည်းမိတ်ဆက်ထားတဲ့ ဗီဒီယိုအရ KFConsole ကို ၂၀၂၀၊ နိုဝင်ဘာလ ၁၂ရက်မှာ မိတ်ဆက်ပါမယ်။ -စိုးထက် Ref: GadgetMatch

Read More

Batman, Mortal Kombat ဂိမ်းထုတ်လုပ်သူ WB Games ကိုဝယ်ယူဖို့ Microsoft စိတ်ဝင်စား

ပြီးခဲ့တဲ့လအတွင်း Warner Bros. Interactive Entertainment (WB Games) မိခင်ကုမ္ပဏီ AT&T က WarnerMedia ရဲ့ဂိမ်းဌာနကို ရောင်းချလိုတယ်လို့ ကြေညာခဲ့တယ်။ Microsoft ဟာ WB Games ကိုဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောကြားထားပါတယ်။ Microsoft က WB Games ကို လက်လွှဲယူနိုင်တယ်လို့ သတင်းရင်းမြစ်ကို ကိုးကားပြီး The Information ကဖော်ပြခဲ့ပါတယ်။ WB Games ဟာ Batman: Arkham Knight, Middle-earth: Shadow of War, Mortal Kombat 11 နဲ့ အခြားဂိမ်းတွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ A&T ကတော့ WB Games ကိုမဖြစ်မနေ ရောင်းချဖို့ မဆုံးဖြတ်ထားပမယ့် […]

Read More

ဇူလိုင် ၂၃ ရက်မှာ Xbox Series X ဂိမ်းတွေ မိတ်ဆက်မယ့် Microsoft

Microsoft ဟာ ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ (ပစိဖိတ်အချိန်) မှာ Xbox Series X ဂိမ်းတွေကို မိတ်ဆက်ပါမယ်။ Microsoft က Halo Infinite အပြင် Xbox Game Studios က ထုတ်လုပ်ထားတဲ့ ဂိမ်းတွေကို ပြသပါမယ်။ လွန်ခဲ့တဲ့အပတ်ကတော့ 343 industry က Halo Infinite ကို အမြည်းမိတ်ဆက်ခဲ့ပြီး Halo ဂိမ်းသစ် အတွက် ပြည်နှင်ဒဏ်ပေးခံရတဲ့ ဗီလိန်တွေ ပြန်လည်ပါဝင်လာပါမယ်။ ဒါ့အပြင် Microsoft ဟာ ဂိမ်းစတူဒီယိုတွေ ထပ်ဝယ်ယူဖို့ ရှိပါတယ်။ Microsoft က Faceble placeholder ဆိုတဲ့ Twitter accunt ကိုဖန်တီးခဲ့ပါတယ်။ […]

Read More

Samsung Galaxy Note 20 ဓာတ်ပုံထွက်လာ

Samsung Galaxy Note 20 ဓာတ်ပုံက Samsung တရားဝင်ဝက်ဘ်ဆိုက်မှာ မတော်တဆ ပေါ်လာပါတယ်။ အခုဆိုရင် နာမည်ကျော် သတင်းအချက်အလက် ဖော်ထုတ်သူ Jimmy Is Promo ကလည်း Galaxy Note 20 ဓာတ်ပုံတွေကို Twitter မှာ တင်ခဲ့တယ်။ Galaxy Note 20 ဒါမှမဟုတ် Note 20 Ultra ကျောဘက်မှာ glossy black finish ကိုအသုံးပြုထားတဲ့အတွက် ကျော့ရှင်းပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကင်မရာအစိတ်အပိုင်းတွေက ပေါက်ကြားခဲ့တဲ့ သရုပ်ဖော်ပုံနဲ့ ဆင်ပါတယ်။ ပုံမှန် ကင်မရာ ၂ လုံးနဲ့ ထောင့်မှန်စတုဂံ ပယ်ရီစကုပ်တို့ကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် LED flash နဲ့ […]

Read More

အထက်တန်းကျောင်းသား ကျောင်းသူများ ဇူလိုင် ၁၃ ရက်မှ စတင်ကာ ကျောင်းအပ်ရမည်

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းကျောင်းသား ကျောင်းသူတွေ အတွက် သင်ယူရမယ့် သင်ရိုးသစ်ဘာသာတွဲတွေကို လေးမျိုးခွဲခြားထားတယ်လို့ သိရပါတယ်။ သင်ရိုးသစ် ဒသမတန်း (Grade -10) မှာသင်ယူရမယ့် ဘာသာတွဲတွေကတော့ STEAMS-1 အနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း+ဘောဂဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ သို့မဟုတ် အနုပညာ (ပန်းချီ) သို့မဟုတ် အနုပညာ (ဂီတ) တို့ပါဝင်ပြီး STEAMS-2 အနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ […]

Read More

Selphy CP 1300 Compact Photo Printer

သယ်ဆောင်ရလွယ်ကူပြီး ဖုန်းဖြင့်လည်းကောင်း၊ ကင်မရာဖြင့် လည်းကောင်း ရိုက်ကူးထားတဲ့ပုံတွေကို Wi-Fi နဲ့ အလွယ်တကူ ချိတ်ဆက်ပြီး ထုတ်ယူနိုင်တဲ့ Selphy CP 1300 Compact Photo Printer ဖြစ်ပါတယ်။ SD Card နဲ့ လည်း တိုက်ရိုက် Print ထုတ်ယူနိုင်ပါတယ်။ Printing နည်းပညာကို Dye Sublimation / Thermal Transfer အသုံးပြုထားပါတယ်။ 8.1cm အရွယ်ရှိ LCD ထောက်ပံ့ပေးထားပါတယ်။4 x 6 Size , 2 x 3 Size ( 4x 6 Paper -2 Sheet), 2 x 2 Size (4x […]

Read More