Day: July 5, 2020

ဇူလိုင်လတွင် ကျင်းပမည့် TOPJ စာမေးပွဲ မကျင်းပဖြစ်

ဇူလိုင်လမှာ ကျင်းပမယ့် TOPJ စာမေးပွဲ မကျင်းပဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာသင်ဟောင်းအသင်း (MAJA) မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယခင်က ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်ဖို့စီစဥ်ထားပေးမယ့် ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ပြည်သူသို့ပြန်ကြားချက် အမိန့်ကြေညာစာမှာ ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တဲ့ အတွက် စာမေးပွဲကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလမှာ ကျင်းပမယ့် TOPJ စာမေးပွဲအတွက်ကိုတော့ MAJA facebook page မှတစ်ဆင့် အသိပေးကြေညာသွားမယ်လို့ သိရပါတယ်။ -သန္တာ

Read More