Android ပေါ်က တစ်ချို့ ရာသီဥတု app တွေက permission တွေကို လိုတာထက် ပိုတောင်းကြပါတယ်။ သုံးစွဲသူအချက်အလက်တွေကို ကြော်ငြာရှင်တွေနဲ့ အခြား third party တွေနဲ့ ဝေမျှသုံးစွဲပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး Google ကထောက်ပံ့ထားတဲ့ ရာသီဥတု app ကိုပဲ သုံးသင့်ပါတယ်။ ဒါပေမဲ့ Google app က မလုံလောက်လာတဲ့အခါ အစားထိုး သုံးနိုင်တဲ့ app (၈) ခုရှိပါတယ်။ အခုဖော်ပြမယ့် app (၈) ခုက အခမဲ့ဗားရှင်းဖြစ်ပြီး ကြော်ငြာတွေပါဝင်ပါတယ်။ အခကြေးငွေပေးသွင်းလိုက်ရင် ကြော်ငြာတွေ မပါတော့သလို အခြား feature တွေလည်း ပါလာပါမယ်။ CARROT Carrot က ကိုယ်ရည်ကိုယ်သွေးအတွက် ရာသီဥတုခန့်မှန်းချက်တွေ လုပ်ပေးနိုင်ပါတယ်။ အသံနဲ့ […]
Read MoreFacebook ဟာ boogaloo အဖွဲ့ကို အန္တရာယ်ရှိအဖြစ် သတ်မှတ်ပြီးနောက် လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အစိုးရဆန့်ကျင် account ကွန်ရက်ကို ဖယ်ရှားလိုက်ပါတယ်။ အဲဒီကွန်ရက်က ပိုမိုကျယ်ပြန့်လှုပ်ရှားမှုထဲက အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုပြီး အကြမ်းဖက်ဖို့ စီစဉ်နေတယ်လို့ Facebook ကပြောခဲ့ပါတယ်။ Facebook အနေနဲ့ boogaloo လှုပ်ရှားမှုနဲ့ဆက်စပ်တဲ့ Facebook account ၂၂၀ ခု၊ Instagram account ၉၅ ခု၊ Facebook စာမျက်နှာ ၂၈ခုနဲ့ Facebook group ၁ဝ၆ ခုကို ပိတ်လိုက်ပါတယ်။ဒါ့အပြင် Facebook က အလားတူ content တွေကို ပြင်ပ account တွေက ထိန်းသိမ်းနေတဲ့ group ၄၀၀နဲ့ စာမျက်နှာ ၁၀၀ကျော်ကိုလည်း ပိတ်လိုက်ပါတယ်။ Boogaloo […]
Read MoreOnePus Nord ကို ဇူလိုင် ၁ရက်မှာ ကြိုတင်ရောင်းချမှာ ဖြစ်ပေမယ့် ဘယ်တော့ ဖြန့်ချိမလဲဆိုတာ အတည်မပြုသေးပါဘူး။ အခုဆိုရင် OnePlus က Nord စမတ်ဖုန်း ဖန်တီးနေတဲ့ နောက်ကွယ်က အသေးစိတ် မှတ်တမ်းကားအတို ပထမပိုင်းကို တင်ခဲ့ပါတယ်။ အသစ်ထွက်ရှိမယ့် OnePlus Nord ဖုန်းက ဒေါ်လာ ၅၀၀လောက်ပဲရှိမယ်လို့ စီအီးအို ပီတာလူကအတည်ပြုခဲ့ပါတယ်။ ဖုန်းရဲ့ ရှေ့ပြေးပုံစံ ၂မျိုးကို ပြသခဲပါတယ်။ ဇူလိုင် ၇ရက်မှာ OnePlus Nord ဖုန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ထုတ်ပြန်မယ်လို့ ဗီဒီယိုမှာ ပြောထားပါတယ်။ ကောလာဟလတွေအရ OnePlus Nord ကို ဇူလိုင် ၁၀ရက်မှာ မိတ်ဆက်နိုင်ပါတယ်။ -စိုးထက် Ref: GSMArena
Read MoreUniversal Studios Japan ဟာ အိုဆာကာအပန်းဖြေပန်းခြံကိုတိုးချဲ့ပြီး မာရီယိုပုံစံ Super Nintendo World ဖွင့်လှစ်မှုကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပန်းခြံဖွင့်လှစ်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ဖွင့်မယ့်ရက်အတိအကျကို ကြေညာသွားပါမယ်။ ဗီဒီယိုဂိမ်းပုံစံ ဖန်တီးထားတဲ့ ပန်းခြံကို ၂၀၂၀ နွေရာသီအိုလံပစ် မတိုင်မီ ဇူလိုင်လအတွင်း ဖွင့်ဖို့ ရည်မှန်းထားပါတယ်။ ကပ်ရောဂါဖြစ်ပွားလာတာကြောင့် အိုလံပစ်ပွဲတော်ကိုလည်း ၂၀၂၁ အထိနောက်ဆုတ်ထားပါတယ်။ -စိုးထက် Ref: TheVerge
Read MoreSpotify ဟာ အချိန်နဲ့ တစ်ပြေးညီ သီချင်းစာသားဖော်ပြတဲ့ လုပ်ဆောင်ချက်ကို နိုင်ငံပေါင်း ၂၆ အတွက် ဖြန့်ချိလိုက်ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ အရှေ့တောင်အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေ ပါဝင်ပေမယ့် အမေရိကန်တော့မပါဝင်ပါဘူး။ သုံးစွဲသူက သီချင်းနားထောင်ရင် “Now Playing” မျက်နှာပြင်မှာ သီချင်းစာသားကို မြင်ရပါမယ်။ အခု feature သစ်ကိုတော့ Musixmatch ကထောက်ပံ့ထားပါတယ်။Spotify က သီချင်းစာသားနဲ့ပတ်သက်ရင် နည်းနည်းရှုပ်ထွေးပါတယ်။ အခုဝန်ဆောင်မှုအတွက် Musixmatch အတွက်လုပ်ကိုင်ခဲ့ဖူးပေမယ့် ၂၀၁၆မှာ လမ်းခွဲခဲ့ဖူးပါတယ်။ အဲဒီနှစ်မှာပဲ Spotify က Genius နဲ့ပူးပေါင်းပြီး “Behind the Lyrics” လုပ်ဆောင်ချက်ကို စတင်ခဲ့ပါတယ်။ Spotify က Apple Music ကိုအမီလိုက်ဖို့ အခု feature သစ်ကို ဖြန့်ချိလိုက်တာ […]
Read MoreDisney ဟာ ဒီနှစ်ထဲမှာ Mulan ရုံတင်မယ့်ရက်ကို ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ပါတတယ်။ Mulan ရုပ်ရှင် ပြသမယ့်ရက်ကို ဇူလိုင် ၂၄ ရက်ကနေ ဩဂုတ် ၂၁ ရက်အထိ ရွှေ့လိုက်ပါတယ်။ အလားတူပဲ Warner Bros. ကလည်း ခရစစ္စတိုဖာနိုလန်ရဲ့ Tenet ရုပ်ရှင် ပြသမှုကို ဒုတိယအကြိမ်ရွှေ့ဆိုင်းလိုက်ကာ ဇူလိုင် ၃၁ရက်ကနေ ဩဂုတ်လ ၁၂ရက်အထိ နောက်ဆုတ်လိုက်ပါတယ်။ Disney ဟာ ကပ်ရောဂါကာလအတွင်း အဓိကရုပ်ရှင်တစ်ခုကို ဖြန့်ချိတဲ့ ပထမဆုံးစတူဒီယို မဖြစ်ချင်ပါဘူး။ အခုကာလမှာ ရုံတွင်း လူဘယ်လောက်ဝင်မလဲဆိုတာကလည်း မသိနိုင်ပါဘူး။ Disney နဲ့ Warner Bros. တို့က အပြန်အလှန် အကဲခတ်နေကြပါတယ်။ ဈေးကွက်မှာ ဘီလျံဒေါ်လာပေါင်းများစွာတန်တဲ့ ရုပ်ရှင်တွေကို စမ်းသပ်ပြသလိုက်ရင် ကန့်သတ်မှု ဒါမှမဟုတ် […]
Read MoreApple ဟာ လစဉ်ကြေးပေးသွင်းရတဲ့ ဂိမ်းဝန်ဆောင်မှု Arcade မှာဖြန့်ချိဖို့စီစဉ်ထားတဲ့ ဂိမ်းတွေကို ဖျက်သိမ်းလိုက်ပါတယ်။ Apple အနေနဲ့ ကစားသူတွေ Arcade ကိုပြန်လည်ရောက်ရှိစေဖို့ ဂိမ်းအသစ်တွေ လိုအပ်တာကြောင့် အခုလိုအပြောင်းအလဲလုပ်ခဲ့ပါတယ်။ လူတွေ များများ ပြန်လာကစားစေမယ့် ဂိမ်းတွေကို ရှာဖွေဖို့ စာချုပ်ချုပ်ထားတဲ့ ဂိမ်း developer တစ်ချို့ကို Arcade အမှုဆောင်တစ်ဦးက ပြောခဲ့တယ်လို့ Bloomberg ကဖော်ပြထားပါတယ်။ Apple Arcade ကိုယ်စားလှယ်က Grindstone, Capybara Game’ charming, multilevel puzzler ဂိမ်းတွေလိုမျိုး လူကြိုက်များအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ Bloomberg သတင်းအရ Apple ဟာ ဂိမ်းဆောင်ရွက်ရေးမှတ်တိုင်အတွက် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဂိမ်းစတူဒီယိုတွေကို ပိုက်ဆံပေးခဲ့ပြီး Apple လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိရင် အနာဂတ်မှာ […]
Read MoreGo Digital ASEAN စီမံကိန်းမှ မြန်မာနိုင်ငံရှိMSMEလုပ်ငန်းရှင်တွေနဲ့ အလုပ်လက်မဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုမိုရရှိလာစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှ MSME လုပ်ငန်းရှင် ၆၀၀၀ နဲ့ အလုပ်လက်မဲ့လူငယ်ဦး ရေ ၂၀၀၀ တို့ကို ဒစ်ဂျစ်တယ် စီးပွားရေးမြှင့်တင်ရန် အရေးပါသော သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။ “အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ NGO စတဲ့ကဏ္ဍများမှ ကျွမ်းကျင်မှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းတွေ ပေါင်းစပေါင်းစပ်ပြီး ဒီဂျစ်တယ်ကွာဟမှုကို ကျော်လွှား နိုင်ဖို့ ပထမဆုံးသော ပူးပေါင်းမှုကို တက်ကြွစွာလုပ်ဆောင်ခွင့်ရတဲ့ အတွက် လွန်စွာအားရ ဝမ်းမြောက်မိ ပါတယ်။ အာရှဖောင်ဒေးရှင်းရဲ့ ဌာနေရုံးတွေက သင်တန်းဆရာတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဦးဆောင်ပြီး ဒေသတွင်းရှိ ကျေးရွာတွေနဲ့ မြို့တွေမှာ MSME လုပ်ငန်းရှင်တွေနဲ့ အလုပ်အကိုင်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကို […]
Read MoreForza Horizon ဒါမှမဟုတ် Forza Motorsport ဂိမ်းကစားသူတွေဟာ ကားတွေကို စိတ်ကြိုက်ဆင်နိုင်ပါတယ်။ ကစားသူတွေက အဲဒီလုပ်ဆောင်ချက်ကိုအသုံးပြုပြီး The Dukes of Hazzard ရုပ်ရှင်ထဲကအတိုင်း ၁၉၆၉ခုနှစ်ထုတ် Dodge Charger ကားကို ဗိုလ်ချုပ်လီဒီဇိုင်း ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်လီဟာ အငြင်းပွားဖွယ် ကွန်ဖက်ဒရိတ်အလံကို တင်ထားပါတယ်။ ဒါကြောင့် Microsoft က ဂိမ်းထဲမှာ အဲဒီသင်္ကေတ အသုံးပြုတဲ့ ကစားသူတွေကို ပယ်ဖျက်မယ်လို့ ကြေညာလိုက်ပါတယ်။ ကြေညာချက်ကို Twitteer ကိုတင်ခဲ့တဲ့ Microsoft က ကစားသူတွေက နာဇီရုပ်ပုံနဲ့ ဂျပန်နယ်ချဲ့ဝါဒ နေထွက်လာတဲ့ ပုံ အပါအဝင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ icon ကိုယ်စားပြု ကွန်ဖက်ဒရိတ်အလံနဲ့ အခြားသင်္ကေတအသုံးပြုနေတဲ့ ကစားသူတွေအပေါ် လုံးဝမသည်းခံကြောင်းပြသခဲ့ပါတယ်။ Microsoft […]
Read Moreရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဥ်နဲ့ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲသို့ ရန်ကုန်တက္ကသိုလ်ရဲ့ခမ်းနားတင့်တယ်မှု၊ သမိုင်းအစဥ်အလာကြီးမြတ်မှုများ၊ ခေတ်အဆက်ဆက်ပြုပြင်ပြောင်းလဲ ခဲ့မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံနှင့် လူမျိုးများအတွက် အကျိုးပြုပုံရိပ်များ၊ အောင်မြင်ထူးချွန်ထင်ရှားသည့်လူပုဂ္ဂိုလ်များ၊ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် အဆောက်အဦများ၊ ရန်ကုန်တက္ကသိုလ်နှစ်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများ နှင့် ပွဲတော်ပုံရိပ်များ အစရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့အနှစ်သာရကို ဖော်ညွှန်းရိုက်ကူးထားတဲ့ ရောင်စုံဓာတ်ပုံတွေနဲ့ ပါဝင်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဥ်ပြိုင်နိုင်ပြီး မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားတဲ့ ရောင်စုံဓာတ်ပုံတွေ ဖြစ်ရမှာဖြစ်ပါတယ်။ ဆုရရှိသူတွေကို ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု ကျပ်သုံးသိန်းငါးသောင်း၊ တတိယဆု ကျပ်နှစ်သိန်းနှင့် အထူးဆု ကျပ်တစ်သိန်းစီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို […]
Read More