Day: June 29, 2020

မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ စာမျက်နှာများအား Facebook မှ အတည်ပြုပေးလျက်ရှိ

Facebook ပေါ်မှာ မြင်တွေ့ရတဲ့ စာစုတွေကို မှန်ကန်မှုရှိနိုင်အောင်၊ စစ်မှန်တဲ့ သတင်းရင်းမြစ်တွေကနေ အချက်အလက်တွေ ရရှိနိုင်အောင် ဆောင်ရွက်တဲ့အနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ စာမျက်နှာတွေကို တရားဝင် စာမျက်နှာတွေ အဖြစ် Facebook မှ အတည်ပြုပေးလျက်ရှိပြီး အဆိုပါ နိုင်ငံရေးပါတီတွေရဲ့ တရားဝင် ပြည်တွင်း Facebook စာမျက်နှာတွေ ကို အတည်ပြုပေးနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ လက်တွဲဆောင်ရွက်နေတယ် လို့ သိရပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ (၄၀) အတွက် အတည်ပြုပြီး အမှတ်အသား ပြသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ Facebook ရဲ့ တရားဝင်အတည်ပြုပြီး အမှတ်အသားမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ Facebook စာမျက်နှာပေါ်မှာ မြင်သာတဲ့ “အပြာရောင် အမှန်ခြစ်” တစ်ခု ဖော်ပြပေးတာ ဖြစ်တယ်လို့ […]

Read More

အနုပညာကွန်ပျူတာ ဒီပလိုမာသင်တန်း အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နဲ့ MCC Group တို့ပူးပေါင်းဖွင့်လှစ်တဲ့ အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း (ဇာတ်ကောင်လှုပ်ရှားမှူနှင့် အဆင့်မြင့်မီဒီယာကျွမ်းကျင် အထူးပြုဘာသာရပ်) တန်းခွဲသစ်အတွက် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူလျက်ရှိပါတယ်။ သင်တန်းမှာ သင်ကြားရမယ့် ဘာသာရပ်တွေကတော့ Computer Basic (Word, Excel, Powerpoint), Adobe Illustrator, Adobe Photoshop, Adobe Indesign, Adobe Premiere Pro, Adobe After Effects, C4D (3D Character and Animation Software), Camera (Photography Foundation Course, Digital Film Making), Painting ( Fundamental Arts, Figure Drawing, […]

Read More

“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကျင်းပ

MPT နဲ့ ဝန်ဇင်း Mobile App တို့ပူးပေါင်းပြီး စာပေချစ်မြတ်နိုးသူတွေ အတွက်“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။ စာညွှန်းပြိုင်ပွဲမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ စာဖတ်ပရိသတ်များ တိုးတက်မြင့်မားလာစေရန်၊ စာပေ တတ်မြောက်ရေးကိုမြှင့်တင်နိုင်ရန်နဲ့ နိုင်ငံရဲ့မျိုးဆက်သစ် ရွက်ပုန်းသီး လူငယ်စာရေးဆရာတွေကို ရှာဖွေဖော် ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ပဏာမခြေလှမ်းသစ် အဖြစ် အစပျိုးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ နာမည်ကျော်စာရေးဆရာ (၄) ဦးရဲ့ စာအုပ်ပေါင်း (၂၀) အနက်မှ မိမိတို့ရဲ့ ကြိုက်နှစ်သက်ဆုံး စာအုပ်ကို ရွေးချယ်ကာ အဆိုပါစာအုပ် ဖတ်ရှုမှုအပေါ်တွင် မိမိကိုယ်ပိုင်အမြင်နဲ့ ပြန်လည်သုံးသပ်ချက်တွေကို စာပိုဒ်တိုနဲ့ ရှင်းလင်းထိမိစွာ ရေးသားဖော်ပြရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ မိမိကိုယ်တိုင်ရေးသားထားတဲ့ ဖတ်ညွှန်းတွေကို မိမိရဲ့ ကိုယ်ပိုင် Facebook Account […]

Read More

မိုဘိုင်းအတွက် dark mode ကို Facebook မိတ်ဆက်

Facebook ဟာ desktop မှာ dark mode ကိုဖြန့်ချိပြီးနောက် မိုဘိုင်း ‌app အတွက် dark mode ကို စမ်းသပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက Facebook သုံးစွဲသူ ရာခိုင်နှုန်းအနည်းငယ်အပေါ်မှာပဲ dark mode ကိုစမ်းသပ်နေပါတယ်။ ပြီးခဲ့တဲ့လက desktop အတွက် dark mode ဟာ အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်အတွင်း အလင်းစူးကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။ Facebook မိုဘိုင်း သုံးစွဲသူတွေ ဘယ်တော့ dark mode ရမလဲဆိုတာ အတိအကျမသေးပါဘူး။ Facecbook က Instagram, WhatsApp အပြင် Facebook Messenger အတွက် မိုဘိုင်း dark mode ကိုဖြန့်ထားပါတယ်။ Twitter ကလည်း […]

Read More

iPhone 12 မှာ charger ဒါမှမဟုတ် နားကြပ်မပါနိုင်

Apple ဟာ အသစ်ထွက်ရှိမယ့် iPhone အတွက် ထူးခြားတဲ့ ထုပ်ပိုးမှုတစ်ခုကို ပြုလုပ်ဖွယ်ရှိပါတယ်။ နာမည်ကျော် လေ့လာဆန်းစစ်သူ မင်ချီကူကတော့ iPhone 12 မှာ နားကြပ်မပါဝင်ဘူးလို့ ပြောထားခဲ့ဖူးပါတယ်။ အခုအခါမှာတော့ iPhone 12 အတွက် power adapter ကို သီးခြားရောင်းချဖွယ်ရှိတယ်လို့ မင်ချီကူက ခန့်မှန်းခဲ့ပါတယ်။ Apple ဟာ iPhone 12 ကို iPhone 11 ဈေးအတိုင်းရောင်းချပြီး 5G ကွန်ရက် အစိတ်အပိုင်းအတွက် ကာမိစေဖို့ ဆက်စပ်ပစ္စည်းကို ဖယ်ရှားမယ်လို့ မင်ချီကူကပြောခဲ့ပါတယ်။ iPhone ထုပ်ပိုးမှုအရွယ်အစားလည်း သေးငယ်ပြီး ဈေးနှုန်းသက်သာကာ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်ပါတယ်။ iPhone 12 မှာ Lightning ကြိုး ပါ၊ မပါ မသိသေးပါဘူး။ […]

Read More

NEC Express Server 5800/ T71h Desktop

အချက်အလက်တွေကိုပိုပြီး လုံခြုံစိတ်ချရအောင် သိမ်းတဲ့အခါတွေ၊ လုပ်ငန်းတွေကို parallel သုံးဖို့ အတွက်ဖြစ်စေ အသုံးပြုနိုင်မယ့် NEC Express Server 5800/ T71h Desktop (Tower Type Server) ဖြစ်ပါတယ်။ Desktop ကွန်ပျူတာ ဈေးနှုန်းလောက်သာကျသင့်မှာဖြစ်ပြီး အရည်အသွေးမြင့် Japan Brand ဖြစ်တယ်လို့ သိရပါတယ်။ Intel Xeon Processor E3-1220 v5 CPU ကိုသုံးထာတာကြောင့် အကောင်းဆုံးနဲ့ အမြင့်မားဆုံး Computing Power ကို ရနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ Memory ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB ထောက့်ပေးထားပြီး လိုအပ်ပါက 32GB အထိ ထပ်တိုးနိုင်မှာဖြစ် ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1 TB (3.5 […]

Read More

Facebook နဲ့ Instagram ကို ဖိအားပေးတဲ့ #StopHateforProfit လှုပ်ရှားမှု

အသေရေဖျက်မှုကို ဆန့်ကျင်တဲ့ (ADL) နဲ့ NAACP အဖွဲ့တို့ ပူးပေါင်းပြီး အများပြည်သူဆိုင်ရာ လှုပ်ရှားမှု #StopHateforProfit ကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ တောင်းဆိုမှုက ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေအားလုံး Facebook နဲ့ Instagram ပေါ်မှာ ကြော်ငြာရပ်တန့်ဖို့ပါပဲ။ Facebook ဟာ platform တွေပေါ်က အမုန်းစကားများစွာကို အရေးယူဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ အများပြည်သူဆိုင်ရာ အခွင့်အရေးလှုပ်ရှားမှုက ထုတ်ပြန်ခဲ့ပါတယ်။ #StopHateforProfit လှုပ်ရှားမှု ဖြစ်ပေါ်အပြီး ရက်အနည်းငယ် အတွင်းမှာ REI, The North Face နဲ့ Patagonia လက်လီအရောင်းဆိုင်တို့ ပါဝင်လာပါတယ်။ အခြားကုမ္ပဏီတွေ ဖြစ်တဲ့ Upwork နဲ့ Dashlane လည်း ပါဝင်လာပါတယ်။ Facebook ပေါ်က ၆ […]

Read More