Day: June 26, 2020

စိတ်ဝင်စားစရာကောင်းတဲ့ iOS 14 feature များ

Apple ဟာ WWDC 2020 ပွဲကို ဇွန် ၂၂ ရက်ကနေ ၂၆ ရက် အထိ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ အသစ်ဖြန့်ချိမယ့် iOS 14 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ iOS 14 မှာ လူသိသိပ်နည်းတဲ့ စိတ်ဝင်စားစရာ feature တွေပါဝင်လာပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။   Widget stacks Apple ဟာ iOS 14 အတွက် widget ဒီဇိုင်းသစ်တွေကို ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် Smart Stack widget ကို ပြသခဲ့ပါတယ်။ အဲဒီထဲမှာ အသုံးလိုတဲ့ widget တွေကို ထည့်သွင်းထားပြီး အချိန်လိုက် ပြောင်းလဲနိုင်ပါတယ်။ App Library […]

Read More

သက်တမ်း ၃ လကျော်တဲ့ သတင်းဝေမျှမှုကို Facebook သတိပေးမယ်

Facebook ဟာ ရက် ၉၀ ကျော်ကြာမြင့်တဲ့ သတင်းဆောင်းပါးကို မဝေမျှခင် သတိပေးမယ့် လုပ်ဆောင်ချက်ကို ဖြန့်ချိခဲ့ပါတယ်။ သတင်းဟောင်းကို ဝေမျှဖို့ ခလုတ်နှိပ်လိုက်ရင် သတိပေးချက်ကို မြင်တွေ့ရပါမယ်။ သတင်းဆောင်းပါး တစ်ခုရဲ့ အချိန်သတ်မှတ်ချက်မှု မရှိမှုက ဆက်စပ်နောက်ခံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတွေက ဘာဖတ်မလဲ ဆိုတာ ဆုံးဖြတ်ပြီး ယုံကြည်၊ ဝေမျှပါတယ်။ ထုတ်ဝေသူတွေကလည်း လက်ရှိဖြစ်ရပ်တွေကို မှားယွင်းစွာတည်ဆောက်တဲ့ သတင်းအဟောင်းတွေအပေါ် စိုးရိမ်နေကြပါတယ်။ စာဖတ်သူတွေက သတင်းကို click လုပ်ပြီး သတင်းခေါင်းကြီးကို ဖတ်ပြိး လျစ်လျူရှုကြပါတယ်။ လူတွေ ဝေမျှတာကို မြင်ရတဲ့အခါ လက်ရှိသတင်းတွေအပေါ် ရှုမြင်မှုကို အရောင်ဆိုးပေးနိုင်တယ်။ စာဖတ်သူအများစုက သတင်းခေါင်းကြီးအောက် ရက်စွဲတွေကို ဖတ်လေ့မရှိပါဘူး။ တချို့သတင်းဌာနတွေက နောက်ခံအခြေအနေ ရှင်းလင်းဖို့ သတင်းဟောင်းတွေမှာ ကိုယ်ပိုင် […]

Read More

General English သင်တန်းဖွင့်လှစ်မည်

နေပြည်တော်ကောင်စီနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ ROP-Republic of Professionals မှ အထွေထွေ အင်္ဂလိပ်ဘာသာစကားပြောအတွက် General English အင်္ဂလိပ်စကားပြော သင်တန်းသစ်ကို ဇူလိုင် ၆ ရက်မှာ စတင်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ အင်္ဂလိပ်စာကို အခြေခံခိုင်မာအောင် သင်ကြားခြင်းအတွက် ၃၀ ရာခိုင်နှုန်း၊ ဝေါဟာရတည်ဆောက်ခြင်း၊ တွေးခေါ်ခြင်း၊ စကားပြောခြင်းနဲ့ နားထောင်ခြင်း စွမ်းဆောင်ရည်အတွက် ၇၀ ရာခိုင်နှုန်း လေ့လာသင်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အခြေခံအထက်တန်းပညာအဆင့် သင်ကြားခဲ့ဖူးသူတွေ တက်ရောက်နိုင်မှာဖြစ်ပြီး အင်္ဂလိပ်စာ ကြောက်သူများ၊ စကားလုံးကို စိတ်ထဲက သိနေပေမယ့် ပြောမထွက်သူများနဲ့ အင်္ဂလိပ်စာ စနစ်တကျ လေ့လာသူလိုသူတွေ တက်ရောက်သင့်တယ်လို့ သိရပါတယ်။ သင်တန်းကို ဇူလိုင် ၆ ရက်မှာ စတင်မှာဖြစ်ပြီး […]

Read More

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁) ကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်မည်

သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာ သင်ကြားလေ့ကျင့်ရေး စင်တာ (ICT Training Center)မှ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ် (၁) ကို အွန်လိုင်းမှ ဖွင့်လှစ် သင်ကြားသွားမယ် လို့သိရပါတယ်။ သင်တန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲဲ့ ဂျပန်နိုင်ငံအခြေစိုက် The Nippon Foundation တို့ ပူးပေါင်း ဖွင့်လှစ်တာ ဖြစ်ပြီး အနိမ့်ဆုံး အခြေခံအင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်သူ၊ အခြေခံပညာ အထက်တန်း အထိ သင်ယူပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ အသက် ၁၈ နှစ် နဲ့အထက်တွေ တက်ရောက်နိုင်ပြီး သတ်မှတ်ချိန်အတိုင်း မပျက်မကွက် တက်ရောက်နိုင်သူတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ Zoom Application အသုံးပြုကာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ဇွန် ၂၆ ရက်၊ ညနေ […]

Read More

တစ်ဦးချင်းသင်ကြားပေးမည့် Mobile Phone Advance Course သင်တန်းဖွင့်လှစ်မည်

Mobile Phone ပြုပြင်ရေး သင်တန်းတက်ရာမှာ သင်တန်းသားစုံလင်အောင် စောင့်ရခြင်း၊ အားလပ်ရက် မရခြင်း ၊ အမြန်တတ်မြောက်လိုခြင်း စတဲ့ အကြောင်းအရာတွေကို ဖြေရှင်းနိုင်အောင် စီစဉ်ဖွင့်လှစ်လိုက်တဲ့ တစ်ဦးချင်းသင်ကြားပေးမယ့် Mobile Phone Advance Course သင်တန်းကို MOBILE K.S.E မှ ဖွင့်လှစ်မယ်လို့သိရပါတယ်။ သင်တန်းကာလ နှစ်ပတ်ကြာမြင့်မှာ ဖြစ်ပြီး Software & Hardware နှစ်မျိုးအတွက် သင်တန်းကြေး နှစ်သိန်းကျပ်ဖြစ်ပြီး ဘာသာရပ် တစ်ခုချင်း ခွဲတက်နိုင်မယ်လို့ သိရပါတယ်။ သင်တန်းမှာ သင်ထောက်ကူပစ္စည်း အစုံအလင်နဲ့ သင်ကြားပေးမှာ ဖြစ်သလို မိမိပြုပြင်လိုတဲ့ Error အလုံးတွေကိုလဲ သင်တန်းသို့ ယူဆောင်လာပြီး လေ့ကျင့်ခြင်း အတူပြုပြင်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ သင်တန်းမှာ၂၀၂၀ ရဲ့ Update ဖုန်းတွေမှာ […]

Read More

ကုမ္ပဏီအချင်းချင်း ဆက်သွယ်နိုင်မယ့် Connect ကို Slack မိတ်ဆက်

၂၀၂၀ အတွင်းမှာ ကုမ္ပဏီတွေက ထုတ်ကုန်သစ်မိတ်ဆက်ဖို့ virtual ပွဲတွေ ပြုလုပ်နေကြပါတယ်။ Slack ကလည်း အွန်လိုင်းပွဲတစ်ခုနဲ့ Slack Connect ကိုမိတ်ဆက်လိုက်ပါတယ်။ Slack ဟာပွဲကို သတင်းစာရှင်းလင်းပွဲတစ်ပိုင်း စမ်းသပ်ပုံစံ လုပ်ခဲ့ပြီး ကုမ္ပဏီရဲ့ Slack Connect လုပ်ဆောင်ချက် အသေးစိတ်ကို ရှင်းပြသွားပါတယ်။ Slack Connect ဟာ ကုမ္ပဏီတွေကို ချိတ်ဆက်ပေးပြီး Slack အတွင်း ဆက်သွယ်နိုင်ပါတယ်။ အခုထုတ်ကုန်က လုပ်ငန်းချင်းဆက်သွယ်ဖို့ အသားပေးထားတဲ့အတွက် ကုမ္ပဏီတွေက အေဂျင်စီနဲ့ အခြားပြင်ပ vendor တွေနဲ့ စကားပြောတာ ပြုလုပ်နိုင်ပါတယ်။ Slack ဟာ ကုမ္ပဏီတွင်း ဆက်သွယ်နိုင်တဲ့ chat လုပ်ဆောင်ချက် အဖြစ် ကျော်ကြားပြီး အဖွဲ့လိုက် စကားပြောနိုင်ပါတယ်။ Slack Connect ကတော့ […]

Read More

ViewSonic LS800HD Projector

အလင်းရောင်မြင့်မားတဲ့နေရာတွေမှာ မီးပိတ်စရာမလိုဘဲ အသုံးပြုနိုင်မယ့် ViewSonic LS800HD Projector ဖြစ်ပါတယ်။ ရုံးသုံး၊ စာသင်ခန်းသုံး သာမက ဖျော်ဖြေရေးအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ DLP Laser စနစ်ကို အခြေခံထားပြီး Max Brightness ကတော့ 5000 Lumens အထိ ရရှိမှာပါ။ Color Depth အနေနဲ့ 10-Bit (1.07 Billion Colors) အထိ ရရှိနိုင်လို့ အရောင်အသွေး စုံလင်စွာ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Display format ဖြစ်တဲ့ 3D ကိုလည်း ထောက်ပံ့ပေးပါတယ်။ Projector ပေါ်ရှိ HDMI input တစ်ခုကို ချိတ်ဆက်ပြီး ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်များမှ Wi-Fi, AirPlay, Miracast နဲ့ DLNA […]

Read More

Mytel မှ Captain Data Pack တွင် Viber အသုံးပြုမှုအတွက် Zero Data Usage ကိုထည့်သွင်း

Mytel နဲ့ Viber ပူးပေါင်းပြီး Viber အသုံးပြုမှုအတွက် Zero Data Usage ကို Captain Data Pack မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်လိုက်တယ်လို့ သိရပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ၂,၄၀၀ ကျပ်၊ ၂,၅၀၀ ကျပ်၊ ၇,၀၀၀ ကျပ်၊ ၁၃,၅၀၀ ကျပ် နဲ့ ၂၀,၀၀၀ ကျပ် စတဲ့ data pack ငါးမျိုးမှ နှစ်သက်ရာကို ရွေးချယ်နိုင်မှာဖြစ်ပြီး Mytel အသုံးပြုသူတွေဟာ ရိုးရိုးဒေတာနဲ့ Night Data နှစ်မျိုးကို ရယူပြီး အကန့်အသတ်မရှိ အခမဲ့ Viber အသုံးပြုခွင့်ကို ရက် ၃၀ မှ ၉၀ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ “ Mytel […]

Read More