Day: June 24, 2020

Local

တယ်လီကွန်းပညာရေးဝန်ဆောင်မှု မိတ်ဆက်

တယ်လီနောနဲ့ Strategy First University တို့ပူးပေါင်းပြီး တယ်လီကွန်းပညာရေးဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။ Telenor Classroom မှာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများကို ထောက်ပံ့ပေးစွမ်းရန်အတွက် အစီအစဉ်တစ်ခု ဖြစ်ပြီး တယ်လီနောသုံးစွဲသူတွေ အနေနဲ့ SFU ရဲ့ သီးသန့်သင်ခန်းစာတွေကို အချိန်မရွေး၊ နေရာမရွေး မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် အလွယ်တကူ လေ့လာသင်ကြားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကျွမ်းကျင်ဝန်ထမ်းများအတွက် စီးပွားရေးစီမံခန့်ခွဲမှု သင်ခန်းစာတွေအပြင် ကျောင်းသားလူငယ်တွေအတွက် အခြေခံပညာရေး အကြောင်းအရာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ “ကျွန်တော်တို့အားလုံးက ခေတ်နဲ့အမီလိုက်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေ ကို မျက်ခြည်မပျက်ကြည့်နေရင်း သက်ဆိုင်ရာ အကြောင်းအရာတွေကိုလည်း အမြဲလေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟုသုတက ကျွန်တော်တို့အားလုံးရဲ့ဘဝအတွက် တန်ဖိုးဖြတ်မရတဲ့ အရာတွေ […]

Read More
Local

COVID-19 Call Center အချိန် လျှော့ချ ဖွင့်လှစ်

COVID_19 Call Center ခေါ်ဆိုမှုကို ယခင်က နံနက် ၈ နာရီမှ ည ၈ နာရီထိ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အတွက် COVID-19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုနဲ့ ဆက်သွယ်ရေးအော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီတို့ပူးပေါင်းကာ COVID-19 Call Center (ဖုန်း-၂၀၁၉) ကို ဧပြီ ၈ ရက်မှစတင်ကာ နံနက် ၈ နာရီမှ ည ၈ နာရီထိ […]

Read More
Education

အများပြည်သူသုံး အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်ပယ်ဖျက်

အများပြည်သူသုံး အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်တွေကို​ ဇွန် ၈ ရက်မှ စတင်ကာ ပယ်ဖျက်လိုက်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါ လိုင်စင်တွေကို ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေ ပုဒ်မ ၂၉ အရ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး လိုင်စင်များကို အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင် အဖြစ် ၁၂ လ အတွင်း အသွင်ကူးပြောင်းရန် လိုင်စင်အသွင် ကူပြောင်းခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ် (၃/၂၀၁၅) ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တဲ့အတွက် ယင်းအမိန့်ကြေညာစာတွင် ဖော်ပြထားသော အချိန်ကာလ သတ်မှတ်ချက်အတွင်း အသွင်ကူးပြောင်းရန် ပျက်ကွက်သော လိုင်စင်များနှင့် အသွင်ကူးပြောင်းရန် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော အများပြည်သူသုံး အင်တာနက်ဆိုင်ရာ […]

Read More
Tech

မိုဘိုင်းအတွက် ဖြန့်ချိမယ့် Apex Legends ဂိမ်း

EA စီအီးအိုဖြစ်သူ အန်ဒရူးဝီဆင်က နာမည်ကျော် battle royale ဂိမ်း Apex Legends ကို မိုဘိုင်းအတွက် ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ ရင်းနှီးမြှုပ်နှံသူ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ Apex Legends ဂိမ်းကို Xbox, PC နဲ့ PlayStation တွေမှာ ဖြန့်ချိထားပါတယ်။ EA အနေနဲ့ တိုးတက်လာတဲ့ မိုဘိုင်းဂိမ်းကဏ္ဍ အတွင်း ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားတော့မှာပါ။ ဒီနှစ်အစောပိုင်းမှာ Apex Legends ကိုဖန်တီးတဲ့ Respawn Entertainment ဟာ Nintendo Switch အတွက် ထောက်ပံ့ဖို့ လုပ်ကိုင်နေတယ်လို့ EA က ပြောထားပါတယ်။ ဒါကြောင့် မကြာခင်မှာ Android နဲ့ iOS အတွက်လည်း ထောက်ပံ့ဖို့ ဆောင်ရွက်နိုင်လာပါတယ်။ […]

Read More
Gadgets

M28 TWS Wireless Waterproof Speaker

Remax ရဲ့ မော်ဒယ်သစ် M28 TWS Wireless Waterproof Speaker ဖြစ်ပါတယ်။ Bluetooth v4.2 ချိတ်ဆက်မှုအပြင် USB, SD Card ကိုပါ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AUX Line In အနေနဲ့ Mic ပါချိတ်ဆက်နိုင်သလို စပီကာ နှစ်လုံး ကိုလည်း တစ်ချိန်တည်းမှာ ချိတ်ဆက်နိုင်ပါတယ်။ အရည်အသွေး မြင့် 45mm full-range speakers ထောက်ပံ့ပေးထားတဲ့အတွက် အသံထွက်အရည်အသွေးမြင့်မားပြီး Output Power 2 x 5W အထိ ရရှိမှာဖြစ်ပါတယ် ။ 2200mah, 3.7V, li-battery ထောက်ပံ့ပေးထားတဲ့ အတွက် အားအပြည့်သွင်းထားရင် Standby အနေအထားနဲ့ ရက်ပေါင်းခြောက်ဆယ်လောက်ထားနိုင်ပြီး အား ၇၀ […]

Read More
Local

realme Buds Air Neo, realme Band နှင့် realme Watch တို့ကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

realme Myanmar က မြန်မာနိုင်ငံအတွက် ပထမဆုံး AIoT Solution အဖြစ် realme Buds Air Neo, realme Band နဲ့ realme Watch တို့ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ realme Buds Air Neo ကို တန်ဖိုး ၄၉,၉ဝဝ ကျပ်၊ realme Band ကို တန်ဖိုး ၂၉,၉ဝဝ ကျပ်နဲ့ realme Watch ကို တန်ဖိုး ၇၉,၉ဝဝ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ realme Buds Air Neo ကို အဖြူရောင်၊ realme Watch ကို အနက်ရောင်လက်ပတ်ကြိုးကို Standard အဖြစ် ဝယ်ယူနိုင်ပြီး သီးသန့်ကြိုးအပိုအဖြစ် […]

Read More