Day: June 23, 2020

Teams app အတွက် လုပ်ဆောင်ချက်အသစ်တွေကို Microsoft ထည့်သွင်း

Microsoft 365 Personal နဲ့ မိသားစုလစဉ်ကြေး အစီအစဉ်အဖြစ် Teams မိုဘိုင်း app အတွက် သုံးစွဲသူအသားပေး လုပ်ဆောင်ချက်တွေ ထည့်သွင်းမယ်လို့ မတ်လအတွင်းက ကြေညာခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာတော့ Microsoft က သုံးစွဲသူအသားပေး Teams လုပ်ဆောင်ချက်ကို အကြိုမိတ်ဆက် လိုက်ပါတယ်။ Microsoft ဟာ Teams app အတွက် သုံးစွဲသူ အသားပေးလုပ်ဆောင်ချက် တွေ ထည့်သွင်းပါမယ်။ အခု feature သစ်တွေရဲ့ ရည်မှန်းချက်ကတော့ သီးခြား tool အဖြစ် မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းအတွက် တစ်ဦးချင်း၊ အဖွဲ့လိုက်နဲ့ မိသားစုလိုက် စုပေါင်းဝန်ဆောင်မှုအဖြစ် ဝန်ဆောင်မှုပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲသူတွေက iOS ဒါမှမဟုတ် Android […]

Read More

Google Pixel Buds အတွက် Catalyst က ရေစိုခံဘူးတစ်ခု ထုတ်လုပ်

Catalyst ဟာ Apple ရဲ့ AirPods အတွက် ရေစိုခံ IP67 case ဘူးတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ အခုဆိုရင် Catalyst က Google Pixel Buds ဒုတိယမျိုးဆက်အတွက် အလားတူပုံစံ ရေစိုခံ case ကိုထုတ်လိုက်ပါတယ်။ ဒုတိယမျိုးဆက် Google Pixel Buds ဟာ Android အတွက် ကြိုးမဲ့နားကြပ်ဖြစ်ပြီး လူတွေအကြား ရေပန်းစားပါတယ်။ Catalyst ဟာ Google Pixel Buds အတွက် ရေစိုခံ case ကို ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီက Google နဲ့ပူးပေါင်းပြီး တရားဝင် “Made for Google” တွဲဖက်အစီအစဉ်အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘူးက IP67 အသိအမှတ်ပြုဖြစ်တာကြောင့် […]

Read More

ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ maOS Big Sur ကို Apple မိတ်ဆက်

Apple ဟာ ကုမ္ပဏီရဲ့နောက်ဆုံးပေါ် deskop operating system ဖြစ်တဲ့ macOS Big Sur ကို မိတ်ဆက်ခဲ့ပါတယ်။ macOS Big Sur မှာ UI အသစ် ပါဝင်ပြီး အဓိက app တချို့ကို အပြောင်းအလဲ လုပ်ထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က အထင်ကရနေရာတစ်ခု အစွဲပြုပြီး macOS အသစ်ကို Big Sur လို့ပေးထားတာ ဖြစ်တယ်။ macOS Big Sur မှာ အရောင်သစ်တွေ၊ ဖောက်ထွင်းမြင်နိုင်တဲ့ effect တွေနဲ့ လုံးဝန်းတဲ့ထောင့်အပြင် အလင်းဖောက်နိုင်တဲ့ menu bar နဲ့ app icon အသစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် sliders, checkbox နဲ့ ဒီဇိုင်းပြောင်း […]

Read More

 iOS နဲ့ Android မှာ 3D ဓာတ်ပုံရိုက်ကူးနိုင်မယ့် အခမဲ့ app

3D ဓာတ်ပုံရိုက်ကူးနိုင်မယ့် LucidPix ဟာ လပေါင်းများစွာ beta အဖြစ် စမ်းသပ်ပြီး iOS နဲ့ Android အတွက် ဖြန့်လိုက်ပါတယ်။ iPhone 11 ဒါမှမဟုတ် Samsung Galaxy Z Flip ဖုန်းသစ်တွေ ဒါမှမဟုတ် Motorola Moto G6 ဒါမှမဟုတ် iPhone 6S ဖုန်းဟောင်းတွေမှာ LucidPix ကိုအသုံးပြုပြီး 3D ဓာတ်ပုံ ရိုက်နိုင်ပါမယ်။ 3D ဓာတ်ပုံရိုက်ကူးဖို့ အထူးတွဲဖက်ပစ္စည်း ဒါမှမဟုတ် ကျောဘက်ကင်မရာတွေ မလိုပါဘူး။ LucidPix ဟာ artificial intelligence ကိုအသုံးပြုပြီး 3D ဓာတ်ပုံကို သရုပ်ဖော်ပေးပါတယ်။ 3D ဆိုတဲ့ စကားလုံးကို မြင်လိုက်ရင် 3D တီဗီနဲ့ ဖုန်းတွေ […]

Read More

ဈေးကွက်များစွာမှာ iOS 14 နဲ့ macOS လုပ်ဆောင်ချက်များစွာ ဖြန့်ချိမယ့် Apple

Apple ဟာ နှစ်စဉ်ကျင်းပနေကျ WWDC ကို စတင်ပြုလုပ်ခဲ့ပါတယ်။ ပွဲအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ iOS, iPadOS နဲ့ macOS operating system တွေကို အိန္ဒိယ၊ တရုတ်နဲ့ အခြားအပြည်ပြည်ဆိုင်ရာ ဈေးကွက်က သုံးစွဲသူအတွက် လုပ်ဆောင်ချက် အသစ်နဲ့ အဆင့်မြှင့်တင်မှုများစွာ ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ iOS 14 ကို သုံးစွဲသူတွေအတွက် ဖြန့်ချိပါမယ်။ iOS 14 အတွင်း ပြင်သစ်နဲ့ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ အင်္ဂလိပ်၊ ဂျပန်နဲ့ တရုတ်၊ ပိုလန်နဲ့ အင်္ဂလိပ် စတဲ့ နှစ်ဘာသာ အဘိဓာန်ကို ထောက်ပံ့ပါမယ်။ Apple ရဲ့အကြီးမားဆုံး နိုင်ငံရပ်ခြားဈေးကွက် တရုတ်သုံးစွဲသူအတွက် Wubi keyboard ထောက်ပံ့မယ်လို့ သိရပါတယ်။ အိန္ဒိယသုံးစွဲသူအတွက် […]

Read More

ဒီနှစ်နှောင်းပိုင်း Mac အတွက် ကိုယ်ပိုင်ပရိုဆက်ဆာကို Apple ပြောင်းလဲအသုံးပြု

Apple ဟာ Mac ထုတ်ကုန် တချို့အတွက် ကိုယ်ပိုင်ဆီလီကွန်ချစ်ပ်တွေကို တရားဝင် ပြောင်းလဲ အသုံးပြုပါမယ်။ “Mac အတွက် သမိုင်းဝင်နေ့ရက်” လို့ Apple စီအီးအို တင်မ်ကွတ်ခ်က ခေါ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် PowerPc, Mac OS X နဲ့ အနာဂတ်အတွင်း Mac တွေမှာ ARM ထောက်ပံ့ထားတဲ့ Apple ရဲ့ကိုယ်ပိုင် ဆီလီကွန်တွေ အသုံးပြုမယ့် အစီအစဉ် အသေးစိတ်ကိုလည်း ပြောခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်မှာ macOS က native iOS app နဲ့ macOS app တွေကို အတူတကွ ထောက်ပံ့ပေးနိုင်တော့မှာပါ။ နှစ်ကုန်မှာ Apple ကဆီလီကွန်ပါဝင်တဲ့ ပထမဆုံး Mac ကိုဖြန့်ချိပါမယ်။ အပြောင်းအလဲလုပ်ဖို့ […]

Read More

ViewSonic All In One Desktop

ViewSonic အမှတ်တံဆိပ် All in One Desktop က ဈေးနှုန်းပိုင်းချိုသာပြီး အကြမ်းလည်းခံပါတယ်။ ၁၈.၅ လက်မ အရွယ်ရှိ ViewSonic VA1903h မော်ဒယ် Monitor နဲ့ တွဲဖက်ပေးထားသလို View Sonic keyboard နဲ့ mouse စတာတွေကိုပါ တွဲဖက်ပေးထားတဲ့အတွက် ရုံးလုပ်ငန်းများ ၊ Cashier ပိုင်း အသုံးပြုသူများအတွက် ပိုမို အဆင်ပြေမှာ ဖြစ်ပါတယ်။ Boardwell i3 5005U Dual Core,2.00GHz , RAM- 8GB DDR3L CPU နဲ့ အချက်အလက်တွေ သိုလှောင်ဖို့ SSD စနစ်နဲ့ 128GB ထောက်ပံ့ပေးထားပါတယ်။ အခြားသောစနစ်တွေဖြစ်တဲ့ 2,SD slot,USB2.0×2,USB3.0×2 port တွေအပြင် […]

Read More

Robotics Engineering နှင့် Biomedical ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

၂၀၂၀ အလွန် သင်ယူဖို့ စဉ်းစားသင့်တဲ့ Robotics Engineering နဲ့ Biomedical ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲကို ဇွန် ၂၇ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို နေ့လယ် ၁ နာရီမှ ၂ နာရီအထိ Biomedical Science Seminar ကိုလည်းကောင်း၊ နေ့လယ် ၂ နာရီမှ ၃ နာရီ အထိ Robotics Engineering Seminar ကိုလည်းကောင်း Zoom မှတစ်ဆင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Food Security နဲ့အညီ အစားအသောက်တွေကို ဘယ်လိုထုတ်လုပ် ပြင်ဆင်လာကြလဲ၊ Food Securityက ဘယ်လောက်အထိ အရေးကြီးသလဲ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွေ၊ Food Production တွေမှာ Biomedical […]

Read More