Day: June 18, 2020

KBZPay မှ ဒစ်ဂျစ်တယ်စနစ်ချေးငွေ ဝန်ဆောင်မှုဖြစ်သည့် ဈေးဝယ်ချေးငွေကို စတင်မိတ်ဆက်

KBZPay မှ ချေးငွေရယူလိုသူတွေရဲ့ ချေးငွေရသင့်၊ မရသင့်ဆိုတဲ့ အချက်ကို စက်ရဲ့လေ့လာသင်ယူနိုင်စွမ်း နည်းပညာနဲ့ အလိုအလျောက် ဆုံးဖြတ်ပေးမယ့် စနစ် (Automated Decision Machine) တစ်ခု ထည့်သွင်းအသုံးပြုထားသော ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေ ဝန်ဆောင်မှုအဖြစ် ဈေးဝယ်ချေးငွေ ကို စတင် မိတ်ဆက်လိုက်ပါတယ်။ KBZPay ဈေးဝယ်ချေးငွေကို လခစား ဝန်ထမ်း၊ KBZPay အသုံးပြုသူတွေအနေနဲ့ ငွေကျပ်သိန်း (၅၀) အထိ လွယ်ယူလျင်မြန်စွာ ချေးငွေရယူပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ KBZPay မိတ်ဖက်ဈေးဆိုင်တိုင်းမှာ မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် အိမ်အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။ ဈေးဝယ်ချေးငွေ လျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို KBZPay မိုဘိုင်းအက်ပလီကေးရှင်းအတွင်း စာရွက်စာတမ်း အသုံးပြုရန်မလိုဘဲ မိုဘိုင်းစနစ်ဖြင့် အစ၊ အဆုံး စီမံဆောင်ရွက်နိုင်ကြောင်း၊ […]

Read More

World Music Day ဂီတပွဲတော်ကို JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်

JOOX အက်ပလီကေးရှင်းမှ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ JOOX World Music Day 2020 ဂီတပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကာ COVID-19 ရန်ပုံ ငွေပွဲအဖြစ် အွန်လိုင်းကနေ တစ်ဆင့် ကျင်းပမယ်လို့ သိရပါတယ်။ “The Sound of Happiness” လို့အမည်ပေးထားတဲ့ အဆိုပါဂီတပွဲတော်ကို ဇွန် ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ်တစ်နာရီမှ စတင်ကာ ကျင်းပသွားမှာဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပရိသတ်များမှ မိမိသဘောကျနှစ်သက်တဲ့ အနုပညာရှင်တွေ ကို JOOX အက်ပလီကေးရှင်းရှိ Coin တွေ လက်ဆောင်အနေနဲ့ ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး Coin လက်ဆောင်တစ်ခုလျှင် မြန်မာကျပ်ငွေ ၂၀ […]

Read More

Discover Mobile Web နှင့် Android App ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Facebook နဲ့ MPT တို့ကနေ အင်တာနက်ပေါ်မှာ ဘယ်ဝက်ဘ်ဆိုက်ကိုမဆို MP မှ နေ့စဉ် အကန့်အသတ်နဲ့ ပေးအပ်သွားမယ့် အခမဲ့ ဒေတာပမာဏကို အသုံးပြုကာ ရှာဖွေလေ့လာနိုင်မယ့် Discover mobile web နှင့် Android app အသစ်ကို စမ်းသပ် မိတ်ဆက်လိုက်ပါတယ်။ “ဒီနေ့ Facebook Connectivity နဲ့ MPT တို့ကနေ မြန်မာနိုင်ငံမှာ Discover ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ စတင်မိတ်ဆက်လိုက်ပါပြီ။ Discover ဆိုတာ လူတွေကို အင်တာနက်ကို စဥ်ဆက်မပြတ် ချိတ်ဆက်မှုရှိနေအောင် ကူညီပေးဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု တိုးတက်လာအောင် Discover ကနေတစ်ဆင့် ဘယ်လို ပံ့ပိုးကူညီပေးနိုင်မလဲဆိုတာကိုလည်း လေ့လာဆန်းစစ်သွားမှာပါ” လို့ Facebook […]

Read More

အသံဖိုင်နဲ့ tweet လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို Twitter ဖြန့်ချိ

Twitter က အသံဖိုင်တွေကို attachment တွဲပြီး tweet လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို ဖြန့်ချိလိုက်ပါတယ်။ အခု feature အသစ်က iOS မှာစတင်ပါဝင်လာပြီး သုံးစွဲသူ အနည်းငယ်ဆီ ဖြန့်ချိထားတယ်လို့ ကုမ္ပဏီက ပြောခဲ့တယ်။ “တစ်ခါတလေမှာ ကန့်သတ်ထားတဲ့ စာလုံး ၂၈၀က မလုံလောက်ပါဘူး။ စကားအပြန်အလှန်ပြောဆိုမှုက ဘာသာပြန်ဆိုမှုထဲ ပျောက်ဆုံးခဲ့တယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကျွန်တော်တို့က Twitter အသုံးပြုမှုထဲ လူသားဆိုင်ရာ ထိတွေ့မှုရဖို့ အသံနဲ့ tweet လုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်တယ်” လို့ Twitter ရဲ့ မာယာပတ်တာဆန်နဲ့ ရီမီဘော်ဂူတို့က blog post မှာရေးသားခဲ့တယ်။ Twitter မှာ tweet တစ်ခုကို ရေးသားတဲ့အခါ ကင်မရာ icon ဘေးနားက […]

Read More

KW 17 Pro Smart Watch

ဒီဇိုင်းပိုင်းက Apple Watch ပုံစံဖြစ်ပြီး စျေးနှုန်းပိုင်း ချိုသာတဲ့ KW 17 Pro စမတ်နာရီဖြစ်ပါတယ် ။ Sport Type ဖြစ်ပြီး ရေစိမ်ခံအကြမ်းခံလည်း ဖြစ်ပါတယ်။ Bluetooth နဲ့ ချိတ်ဆက် အသုံးပြုရတာဖြစ်လို့ Android Device တွေရော IOS Device တွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ၁.၃ လက်မ အရွယ်ရှိ TFT LCD (240 x 240 pixels ) display ထောက်ပံ့ပေးထားပါတယ်။ ဖုန်းမှ Notification တွေကိုလည်း ဖော်ပြပေးပါတယ်။ ရေစိုခံစနစ် IPX67 လည်းဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 140 mAh battery ထောက်ပံ့ပေးထားတဲ့အတွက် Standby time အနေနဲ့ […]

Read More

မြန်မာအမျိုးသမီး ပန်းချီပညာရှင်များ၏ ပန်းချီကားများ ကို အမျိုးသားပြတိုက် ရန်ကုန် ဝက်ဘ်ဆိုက် တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်

မြန်မာအမျိုးသမီး ပန်းချီပညာရှင်တွေရဲ့ ပန်းချီကား‌တွေကို Online Art Exhibition အဖြစ် အမျိုးသားပြတိုက် ရန်ကုန်ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Exhibition ကို ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅) နှစ် မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးပန်းချီပညာရှင် ၇၅ ဦး ရဲ့ပန်းချီကား ၇၅ ကားကို Online Art Exhibition အဖြစ် အမျိုးသားပြတိုက် (ရန်ကုန်)၏ ဝက်ဘ်ဆိုက်ဖြစ်တဲ့ [https://www.nationalmuseumyangon.gov.mm/75-for-75-th](https://www.nationalmuseumyangon.gov.mm/75-for-75-th)မှာ ဇွန် ၁၉ ရက် နံနက် ၀၀:၀၁ နာရီမှ စတင်ကာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Read More