Sony က PS5 ဂိမ်းစက် မိတ်ဆက်ပွဲအပြီး ပေါက်ကြားမှုနဲ့ ခန့်မှန်းမှုတွေ များစွာ ထွက်ပေါ်လာပါတယ်။ အခုအခါမှာတော့ PS5 ဈေးနှုန်း ပေါက်ကြားခဲ့တယ်။ နည်းပညာဆိုင်ရာ အချက်အလက်တွေ ဖော်ထုတ်ရေးသားတဲ့ ဘန်ဂတ်ကင်ဆိုသူက Amazon ပြင်သစ်ဝက်ဘ်ဆိုက်မှာ Sony PlayStation 5 ဈေးနှုန်းကို သွားတွေ့ပါတယ်။ PS5 ကို ယူရို ၄၉၉ နဲ့ ရောင်းချမှာဖြစ်ပြီး “Digtital Editiion” ကိုတော့ ၃၉၉ ယူရိုနဲ့ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် PS5 ကို အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ ၃၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။ ဒါ့အပြင် Amazon ပြင်သစ်ဝက်ဘ်ဆိုက်မှာ ထွက်ရှိမယ့်ရက်ကို ၂၀၂၀ နိုဝင်ဘာ ၂၀ ရက်လို့ ရေးသားထားပါတယ်။ […]
Read MoreMarvel အရုပ်စုဆောင်းသူတွေ စိတ်ဝင်စားစေမယ့် အရုပ်ဖြစ်ပါတယ်။ Deadpool ရဲ့ အပြန်အလှန် တုံ့ပြန်စကားပြောနိုင်မယ့် ဦးခေါင်းအရုပ်ကို app တွေနဲ့ တွဲဖက်အသုံးပြုရပါမယ်။ အခု အရုပ်မှာ အသံပိုင်းနဲ့ စကားစုပေါင်း ၆၀၀ ကျော် ပါဝင်ပြီး ပိုင်ရှင် သတိပြုမိစေမယ့် sensor တွေနဲ့ မော်တာလည်း ပါဝင်လာပါတယ်။ Marvel ပရိသတ်တွေ ကြိုက်နှစ်သက်စေမယ့် စကားစုတွေလည်း ပါဝင်တယ်။ ဒါ့အပြင် အခြားသူတွေကို နောက်ပြောင်ဖို့ app နဲ့ တွဲဖက် အသုံးပြုရပါမယ်။ ဥပမာအနေနဲ့ သူငယ်ချင်းကို စော်ကားမော်ကားပြောတာ၊ မနက်နိုးတာတွေ ပြုလုပ်ပေးတယ်။ Deadpool ဦးခေါင်းအရုပ်က စကားစုတွေကို ဒေါသထွက်တာ၊ selfie ရိုက်ကူးတာ၊ အိပ်ရာဝင်တာနဲ့ X-Men ဆိုပြီး ၄ မျိုးခွဲထားပါတယ်။ Deadpool ဦးခေါင်းအရုပ်က […]
Read MoreDropbox ဟာ လုံခြုံရေးအတွက် အရေးပါတဲ့ feature သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ feature တွေထဲမှာ password ကိုထိန်းသိမ်းပေးမယ့် လုပ်ဆောင်ချက်နဲ့ မွေးစားရင်းလိုမျိုး အရေးကြီး စာရွက်စာတမ်းတွေ သိမ်းထားနိုင်တဲ့ “vault” ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ Dropbox Password လို့ခေါ်တဲ့ password manager ကတော့ Dropbox account ကိုသုံးစွဲရင် 1Password နဲ့ LastPass လိုမျိုး password ကိုစီမံပေးပါမယ်။ Dropbox ဟာ မနှစ်က Valt ဆိုတဲ့ password manager ကုမ္ပဏီကို ဝယ်ယူလိုက်ပြီးတဲ့နောက် အခုလုပ်ဆောင်ချက် ထွက်လာတာ ဖြစ်တယ်။ Dropbox အတွက် သုံးစွဲမှုအများဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်တာကြောင့် password manager ကို […]
Read Moreနာမည်ကျော် software ကုမ္ပဏီ Basecamp ဖန်တီးသူတွေက ဒီတစ်ပတ်မှာ Hey အမည်ရ အီးမေးလ်ဝန်ဆောင်မှုသစ်ကို မိတ်ဆက်လိုက်ပါတယ်။ တစ်နှစ် ၉၉ ဒေါ်လာ ကျသင့်မယ့် အီးမေးလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး Apple ရဲ့ App Store သုံးသပ်ရေးအဖွဲ့နဲ့ Basecamp အကြား တိုက်ပွဲဖြစ်နေပါတယ်။ Basecamp တွဲဖက်တည်ထောင်သူနဲ့ နည်းပညာအကြီးအကဲအရာရှိဖြစ်သူ ဒေးဗစ်ဟိုင်နီမီရာဟန်ဆန်က Twitter မှာ ဖြစ်စဉ်အသေးစိတ်ကို ရေးသားခဲ့တယ်။ Hey 1.0 ကို App Store ကထောက်ခံပေးမယ့် Basecamp ရဲ့ iOS developer အကြီးအကဲ ဇတ်ဝါ့ချ်က ဗားရှင်း 1.0.1 ကိုတင်သွင်းတာကိုတော့ ပယ်ချခဲ့ပါတယ်။ Hey ဟာ ငွေကြေးပေးသွင်း အသုံးပြုရတဲ့ အီးမေးလ်ဝန်ဆောင်မှု ဖြစ်ပေမယ့် iOS […]
Read MoreGoogle ဟာ ပူးပေါင်းကြံစည်မှု သီအိုရီတွေနဲ့ လူကြိုက်များတဲ့ လက်ညာစွန်းဝက်ဘ်ဆိုက် ZeroHedge ကို ကြော်ငြာပလက်ဖောင်းကနေ ထုတ်ပယ်လိုက်ပါတယ်။ ZeroHedge ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Black Lives Matter ဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ သတင်းရဲ့ မှတ်ချက်ကဏ္ဍအတွင်း ပေါ်လစီကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲနဲ့ဆက်စပ်တဲ့ ဆောင်းပါး အတွင်းက မှတ်ချက်နဲ့ပတ်သက်ပြီး The Federalist ဝက်ဘ်ဆိုက်မဂ္ဂဇင်းကိုလည်း သတိပေးခဲ့ပါတယ်။ Google ရဲ့ လူမျိုးရေးနဲ့ဆက်နွှယ်ယ်တဲ့ content က ပေါ်လစီကို ချိုးဖောက်ခဲ့တဲ့အတွက် ဝက်ဘ်ဆိုက်ကို ကြော်ငြာပလက်ဖောင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ပြောခဲ့ပါတယ်။ Google အနေနဲ့ ZeroHedge ကို ပလက်ဖောင်းပေါ်က ပယ်ဖျက်ပြီးနောက် The Federalist ကိုလည်း ပေါ်လစီချိုးဖောက်မှုနဲ့ သတိပေးထားပြီး အရေးယူဖို့ အချိန်ကျန်ပါသေးတယ်။ […]
Read MoreFacebook ဟာ အွန်လိုင်းပေါ်မှာ မဲပေးသူ သတင်းအချက်အလက် စင်တာကို ဖန်တီးလိုက်ပါတယ်။ အဲဒီ အစီအစဉ်က ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးဖို့ လူ ၄ သန်း စာရင်းသွင်းကြဖို့ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ Facebook စီအီးအို မာ့ခ်ဇူကာဘတ်က ပြောခဲ့ပါတယ်။ USA Today ရဲ့သဘောထားအမြင်ကဏ္ဍမှာ ဇူကာဘတ်က စင်တာအသစ်နဲ့ပတ်သက်ပြီး ပြောထားပါတယ်။ အခုစင်တာအသစ်မှာ မဲကို ဘယ်လိုနဲ့ ဘယ်အချိန်မှာ ပေးနိုင်တဲ့အကြောင်း၊ မဲပေးဖို့ စာရင်းသွင်းပုံ၊ စာကတစ်ဆင့် မဲပေးနိုင်ပုံနဲ့ ကြိုတင်မဲပေးတဲ့ ကိစ္စတွေလည်း ပါဝင်မယ်လို့ ဇူကာဘတ်ပြောခဲ့တယ်။ အမေရိကန် လူဦးရေ သန်း ၁၆၀ ကျော်က မဲပေးသူ သတင်းအချက်အလက်စင်တာကို မြင်ရပါမယ်။ အဲဒီ tab က Facebook News Feed […]
Read Moreပြည်တွင်း/ပြည်ပ ဘယ်ဒေသက ဖြစ်ဖြစ် မိမိအိမ်မှာနေရင်း အလုပ်အကိုင်မပျက်၊ အချိန်သီးခြားပေးစရာ မလိုဘဲ တက်ရောက်နိုင်တဲ့ “Digital Camera ကိုင်တွယ်အသုံးပြုနည်း” (Basic Photography, How to take a Photo?) သင်တန်းကို အွန်လိုင်းကနေ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Nikon Myanmar ကနေ ဇူလိုင် ၁ ရက်ကစပြီး သင်ကြားပေးမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်ကြားပို့ချပေးမယ့် ဆရာကတော့ Silk Road Youth International Photographic Competition Organizing Committee မှ ချီးမြှင့်တဲ့ The Light Of Silk Road “Excellence Tutor Award” […]
Read Moreနံရံမှာ ချိတ်ဆက်ထားနိုင်သလို စင်ပေါ်မှာလည်း တင်ထားပြီး အသုံးပြုနိုင်ပါတယ်။ Mi TV တွေနဲ့ ချိတ်ဆက်အသုံးပြုလို့ အဆင်ပြေဆုံးလည်းဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းစွာ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပြီး Bluetooth 5.0 နဲ့ချိတ်ဆက်ပြီး အသုံးပြုရမှာပါ။ ပါဝါစားလည်း သက်သာတဲ့အပြင် ကြိုးနဲ့ရော ကြိုးမဲ့အနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံထွက်အနေနဲ့ Output Power 14 x 2 ဖြစ်လို့ အသံထွက်အား 28w အထိ ရရှိတဲ့အတွက် အသံထွက်ပိုင်းမှာ မက်မောစရာ ရှိပါတယ်။ တန်ဖိုးက ၄၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄၊ Star Mart 9 Mile Show Room […]
Read MoreRakuten Viber မှ လူဦးရေ ၂၀ အထိ အချိန်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်တဲ့ အဖွဲ့လိုက် ဗွီဒီယိုနဲ့ ဖုန်းခေါ်ဆိုဖြင်း လုပ်ဆောင်ချက် အသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ Viber ရဲ့ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းကို Viber အက်ပလီကေးရှင်းမှ အလွယ်တကူရယူနိုင်ပြီး မိုဘိုင်းဖုန်းမှဖြစ်စေ၊ ကွန်ပျူတာမှ ဖြစ်စေ ပြုလုပ်နိုင်တဲ့ မိမိရဲ့ မိုဘိုင်းဖုန်း (သို့) ကွန်ပျူတာရဲ့ မျက်နှာပြင်ကို အခြားတစ်ဖက်သို့ မျှဝေခြင်း (screen sharing) နဲ့ ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းများမှာ အလုပ်လုပ်ရာတွင် အထောက်အပံ့ပြုပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း စတင်ပြုလုပ်ရန်မှာ လွယ်ကူကြောင်း၊ ဖုန်းမျက်နှာပြင်ထိပ်ရှိ အသစ်ထည့်သွင်းထားတဲ့ “ဗွီဒီယို” ခလုတ်ကိုနှိပ်၍ ခေါ်ဆိုနိုင်ပြီး လက်ရှိခေါ်ဆိုမှုအတွင်းသို့ လူအများကိုလည်း […]
Read MoreCOVID -19 ကာလအတွင်း အီလက်ထရောနစ် ငွေပေးချေမှုစနစ် များ ပိုမို အားကောင်းလာတာကို တွေ့ရှိရတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့်စပ်လျဥ်း၍ အပြန်အလှန်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ အီလက်ထရောနစ် ဆက်သွယ်မှုနည်းပညာဖြစ်သော Video Call များ၊ Video Conference များ၊ အဓိက အရေးကြီးသည့် အွန်လိုင်းအရောင်းအဝယ်များဖြစ်ပေါ်လာသည်ကို တွေ့ရှိရကြောင်း၊ အီလက်ရောနစ် ငွေပေးချေမှုစနစ်များ ဖြစ်သော မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပိုပြီး အားကောင်းလာသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ဌာနအသီးသီး အနေဖြင့် ယခင်က server များ ထောင်ကာ network ကြိုးများ ချိတ်ဆက် ဆောင်ရွက်နေခြင်းထက် Cloud ကနေတစ်ဆင့် Laptop များ၊ မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်ကာ […]
Read More