Samsung ဟာ အထူးဒီဇိုင်း စမတ်ဖုန်းတွေကို ထုတ်လုပ်လေ့ရှိပြီး Batman လိုဂိုတွေနဲ့ Star Wars ဒီဇိုင်း Galaxy ဖုန်းတွေကို ထုတ်လုပ်ဖူးပါတယ်။ အခုဆိုရင်လည်း ကေပေါ့အဖွဲ့ BTS စတိုင်လ် Galaxy S20 Plus BTS Edition ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ Galaxy S20 Plus BTS Edition မှာခရမ်းရောင်ကို အဓိက အသုံးပြုထားပါတယ်။ BTS အဖွဲ့ရဲ့ အသည်းပုံစံ icon ကို Galaxy S20 Plus ကင်မရာတွေမှာ ပုံဖော်ထားပါတယ်။ BTS Edition ဖုန်းထဲမှာ BTS ဒီဇိုင်း Android theme တွေလည်းပါဝင်သလို Weverse app (BTS အဖွဲ့ဝင်တွေက ပရိသတ်တွေနဲ့ […]
Read Moreအကြီးမားဆုံး နည်းပညာပြပွဲထဲက တစ်ခုဖြစ်တဲ့ Computex 2020 ပွဲကို ဇွန်လကနေ ရွေ့ဆိုင်းပြီး စက်တင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပွဲကို ရွေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် Computex 2020 ပွဲက အခြားနည်းပညာကွန်ဖရင့်တွေလိုပဲ ဒီနှစ်မှာ မပြုလုပ်တော့ပါဘူး။ လာမယ့်နှစ် Computex ပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပမယ်လို့ ဖော်ပြထားပါတယ်။ ကပ်ရောဂါနဲ့ ခရီးသွားလာမှု ကန့်သတ်မှုတွေကြောင့် စက်တင်ဘာလမှာ တိုင်ပေပွဲကို လူပေါင်းများစွာ တက်ရောက်နိုင်မှာ မဟုတ်တဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက blog post မှာရှင်းပြထားတယ်။ ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို သီးသန့်ခွဲထုတ်တာ ခရီးသွားလာမှု ကန့်သတ်တာတွေကို […]
Read Moreရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှကြီးမှူး၍ Leadership Development Programme fro Business Leader ကို အွန်လိုင်းသင်တန်းအနေနဲ့ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ သင်တန်းကိို ဆရာမကြီး Professor Dr.Moe Moe Khaing ကိုယ်တိုင်ဦးစီးပြီး COVID-19 Crisis အတွင်း စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်းများ၊ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ကြုံတွေ့နေရတဲ့ အသစ်သစ်သော ပြဿနာများ၊ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများ စတဲ့ အခက်အခဲတွေနဲ့ အကျပ်အတည်း အခြေအနေများအတွက် အရေးပေါ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ဖွံဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဇွန် ၂၇ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ZOOM ကနေတစ်ဆင့် သင်ကြားပေးမှာဖြစ်ပြီး အင်တာနက်နဲ့ စမတ်ဖုန်းတစ်လုံးရုံရှိဖြင့် […]
Read Moreရေလုံအကြမ်းခံပြီး ဈေးနှုန်းပိုင်း ချိုသာတဲ့ Remax M21 ကြိုးမဲ့ Speaker ဖြစ်ပါတယ်။ Bluetooth 4.2 Version ထောက်ပံ့ပေးထားပြီး Transmission Distance အနေနဲ့ ၁၀ မီတာ အကွာကနေအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 5W/40mm Dual Dynamic Speaker ဖြစ်တဲ့အတွက် အသံထွက်အရည်အသွေးပိုင်းမှာကောင်းမွန်ပါတယ်။ Battery Capacity 2000mAh) ထောက်ပံ့ပေးထားပြီး ကြိုးမဲ့ချိတ်ဆက် အသုံးပြုခြင်းသာမက Memory Card ချိတ်ဆက်ပြီးလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ FM Radio ကိုပါ ဖမ်းယူနားဆင်နိုင်ပါတယ်။ TWS စနစ်နဲ့ နောက် အမျိုးအစားတူ Speaker တစ်လုံးကိုပါ ကြိုးမဲ့ ချိတ်ပြီး နိုင်မှာဖြစ်ပါတယ်။အရွယ်အစားက 89 x 106mm ဖြစ်ပြီး အလေးချိန် 348g သာရှိပါတယ်။ တန်ဖိုးက […]
Read Moreရန်ကုန်အဝေးသင်တက္ကသိုလ်၊ဓာတုဗေဒဌာနအနေနဲ့၊ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ Web-Based Teaching System ကို အသုံးပြုကာ Online Certificate Course နှစ်ခု ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ Good Manufacturing Practice နဲ့ Water and Sanitation for Occupational Purpose Online Certificate Course နှစ်ခုဖြစ်ပြီး ဒီ Course တွေဟာ သင်တန်းကာလ (၃)လ ကြာမြင့်မှာဖြစ်ကာ Fully Online Certificate Course တွေဖြစ်တယ်လို့သိရပါတယ်။ သင်တန်းတွေကို တက္ကသိုလ်ဝင်တန်းအဆင့်အထိတက်ရောက်ပြီးတဲ့ လူငယ်လူရွယ်တွေ အနေနဲ့ Fully Online Certificate Course နဲ့ မိမိဒေသ၊ မိမိအလုပ်ခွင်မှာနေပြီး အဆင့်မြင့် ပညာရပ်တွေကိုလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ Fully […]
Read More