Huawei ဟာ ၂၀၂၀နှောင်းပိုင်းမှာ Mate 40 ကိုမိတ်ဆက်နိုင်တယ်လို့ Weibo မှာ leakster တစ်ဦးကဖော်ပြပါတယ်။ အမေရိကန်က Huawei အပေါ်စီးပွားရေး ပိတ်ဆို့ထားပေမယ့်လည်း Mate 40 မှာ 5nm chipset ပါဝင်ပြီး အောက်တိုဘာလမှာ ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် Huawei ဟာ ၂၀၂၀ စတုတ္ထသုံးလပတ်အတွင်း Mate 40 ဖုန်းအလုံးရေ ၈သန်းတင်ပို့ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ Huawei Mate 40 မှာပါဝင်မယ့် ချစ်ပ်က Kirin 1020 ဒါမှမဟုတ် Kirin 1000 လို့ခေါ်ဆိုဖွယ်ရှိပါတယ်။ -စိုးထက် Ref: GSMArena
Read MoreApple ဟာ ၂၀၂၁အကုန်မှာ iTunes U ကိုဖျက်သိမ်းမယ်လို့ support စာရွက်စာတမ်းအသစ်နဲ့ ကြေညာလိုက်ပါတယ်။ iTunes U tool တွေနေရာမှာ Classroom နဲ့ Schoolwork အပြင် Apple School Manager tool ပါဝင်တဲ့ ဆရာနဲ့ ကျောင်းသားအတွက် မျိုးဆက်သစ် app ကိုအစားထိုးသွားပါမယ်။ iTunes U ဟာသင်ရိုးညွှန်းတမ်းပေါင်း များစွာရှိတဲ့ ဝန်ဆောင်မှုဖြစ်ပြီး ဆရာနဲ့ ကျောင်းသားတွေအတွက် အလွန်အသုံးဝင်ပါတယ်။ Apple အနေနဲ့ ၂၀၂၀ ကနေ ၂၀၂၁ ပညာသင်နှစ်အတွင်း iTunes U ကိုထားရှိပေးပါမယ်။ iTunes U ပေါ်က content တွေကို အများအတွက် ဖြန့်ချိပေးမှာပါ။ လက်ရှိ iTunes U သုံးစွဲသူတွေက […]
Read MoreSamsung ဟာ Galaxy S20 Ultra Limited Edition White အမည်ရ ဗားရှင်းအသစ်ကို ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ Galaxy S20 Ultra Limited Edition White ကိုဗီယက်နမ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဈေးနှုန်းကတော့ ဗီယက်နမ်ဒေါင် ၂၉,၉၉၀,၀၀ (ဒေါ်လာ ၁,၂၉၀) ကျသင့်ပါမယ်။ ဗီယက်နမ်မှာ ဇွန်လ ၁၂ကနေ ၁၈ရက်အတွင်း ကြိုတင်မှာယူနိုင်ပါတယ်။ ကြိုတင်မှာယူသူတွေက ဒေါ်လာ ၃၀၀ဝန်းကျင် Harman Kardon Aura Studio 3 စပီကာကို အခမဲ့ရရှိနိုင်သလို cashback ကလည်း ဒေါ်လာ ၁၇၀အထိ ရရှိဦးမှာပါ။ Galaxy S20 Ultra Limited Edition White စတင်ရောင်းချမယ့်ရက်ကတော့ ဇွန်လ ၁၉ရက်ဖြစ်ပါတယ်။ […]
Read MoreHBO Max ဟာ platform ပေါ်က Gone with the Wind ရုပ်ရှင်ကို ယာယီဖယ်ရှားလိုက်ပါတယ်။ ရုပ်ရှင်ရဲ့ ပြဿနာဆိုင်ရာ ကိစ္စနဲ့ပတ်သက်လို့ ဆက်လက် ဆွေးနွေးပြီး ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာ အဖြေရှာမယ်လို့သိရပါတယ်။ ၁၉၃၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Gone with the Wind ရုပ်ရှင်က အမေရိကန်တောင်ပိုင်းပြည်နယ်ရဲ့ ကျွန်ရောင်းဝယ်ရေး အပြုသဘောဆောင်တဲ့အမြင်ကို စိတ်ကူးယဉ်ဆန်အောင် ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ လူမည်းအမျိုးသမီးသရုပ်ဆောင် ဟက်တီမက်ဒန်နီရယ်က အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီ (အော်စကာရရှီခဲ့တဲ့ ပထမဆုံး လူမည်းဖြစ်လာ) ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ အခြားသရုပ်ဆောင်တွေနဲ့ ပွဲကို မတက်ရောက်ခဲ့ရဘူး။ သူမဟာ သီးခြားသတ်မှတ်ထားတဲ့ ဟိုတယ်မှာပဲ ဆုကို လက်ခံခဲ့ရပါတယ်။ မော်ကွန်းတင်လောက်တဲ့ ဒရာမာကားက တောင်ပိုင်းက ဂုဏ်သရေရှိမျိုးနွယ်က […]
Read MoreFacebook ဟာအမေရိကန်အတွက် ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ သတင်း tab ကိုဖြန့်ချိလိုက်ပါတယ်။ သတင်း tab မှာ ဒေသတွင်းသတင်းတွေကို အခြား topic တွေနဲ့ သီးခြားပြသထားပြီး ဂျော့ဖလွိုက်ဆိုတဲ့ ကဏ္ဍတစ်ခုလည်း ပါဝင်လာပါတယ်။ မိုဘိုင်းပေါ်က Facebook အတွင်း ဟမ်ဘာဂါ menu ကတစ်ဆင့် သတင်းကို ဖတ်နိုင်ပါတယ်။ Facebook ဟာ သတင်း tab ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စတင်စမ်းသပ်ခဲ့တယ်။ သတင်း tab မှာပါဝင်တဲ့ သတင်းတွေကို အခကြေးငွေနဲ့ ဖတ်ရှုနိုင်မယ်လို့ Facebook ကပြောခဲ့ပါတယ်။ Facebook News ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အွန်လိုင်းအမေးအဖြေက တစ်ခုလုပ်ခဲ့ပါသေးတယ်။ အမေးအဖြေကဏ္ဍမှာ အယ်တာပိုင်းဆိုင်ရာနည်းဗျူဟာအပါအဝင် ပါဝင်မယ့် ထုတ်ဝေသူတွေနဲ့ သတင်းဌာနတစ်ခုက သတင်းကို ဘယ်လို မက်ထရစ်စနစ်နဲ့ ရွေးချယ်လဲဆိုတာလည်း ဖြေကြားပေးပါတယ်။ […]
Read Moreပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက် ဗဟိုဌာန eGIDC ( e-Government Integrated DATA Center ကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးအောင် လျာထားဆောင်ရွက်နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။ နေပြည်တော်မှာ ဇွန် ၁၀ ရက်၊ နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ Myanmar e-Governance Master Plan နဲ့ အညီ အီလက်ထရောနစ်အစိုးရ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ဦးဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နည်းပညာကဏ္ဍ (၃)ရပ်ကို ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ […]
Read Moreတော၊ တောင်၊ လျှိုမြောင်၊ ပင်လယ် သမုဒ္ဒရာ မည်သည့်နေရာ ရောက်နေနေ အချိန်မရွေး မိမိတည်ရှိရာကို ကွာဟမှုအနည်းဆုံးနဲ့ အမြန်ဆုံး သိရှိနိုင်ဖို့အတွက် အသုံးပြုဖို့ သင့်တော်တဲ့ GARMIN အမှတ်တံဆိပ် GPS Etrex 10 မော်ဒယ် GPS ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပြီး သူ့မှာ ပါတဲ့ GPS and GLONASS Satellite systemတွေကြောင့် positioning ပိုင်းမှာ ပိုပြီး တိကျမြန်ဆန်တယ်လို့ဆိုပါတယ်။ Garmin World Wide Base map စတာတွေ ပါဝင်သလို Paperless Geocaching Software တွေလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၂.၂ လက်မအရွယ်ရှိ Transflective monochrome Display အသုံးပြုထားတဲ့အတွက် ရုပ်ထွက် […]
Read Moreအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် တစ်ပတ်ခြားစီ ဖွင့်လှစ်နိုင်မယ်လို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရေးညှိနှိုင်းအစည်းအဝေးမှသိရပါတယ်။ နိုင်ငံတစ်ဝန်း အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက် အနေဖြင့် တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားတက် ကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်လှစ်နိုင်မည်ဟု စီစစ် ခန့်မှန်းထားပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာများနှင့် ကျောင်းသားများအားလုံး ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းနှစ်ခုစီနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ဖြန့်ဝေသကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို အခမဲ့ဖြန့်ဝေသွားရန် စီစဥ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။ သင်ရိုးညွန်းတမ်းတွေနဲ့ သင်တန်းတွေအတွက်လည်း အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများပူးပေါင်းလျက် ယခုပညာသင်နှစ်အတွက် စီစဥ်ဆောင်ရွက်မှုတွေနဲ့ ကိုက်ညီသော […]
Read More