Day: June 8, 2020

Android

DBE-BOX

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ သင်ရိုးသစ်ကို KG တန်းကနေ Grade 12 ထိ သင်ရိုးတွေကို အွန်လိုင်းကနေ အလွယ်တကူ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ DEB မှာ မှတ်ပုံတင်ကာ သူငယ်တန်းမှ ဒွါဒဿမတန်းထိ မိမိရဲ့ အတန်းအလိုက် ဘာသာရပ်စုံ သင်ခန်းစာတွေကို ဝင်ရောက်လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ App ကို မြန်မာလိုအသုံးပြုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Education

အနုပညာသင်တန်းကျောင်းများအတွက် လျှောက်လွှာများကို ဇွန်လနောက်ဆုံး ပတ် လျှောက်ထားရမည်

၂၀၂၀-၂၀၂၁ ပညာသင်နှစ် (ပထမနှစ်) အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းတွေမှာ သင်တန်းသားတွေခေါ်ယူနေပါတယ်။ ပန်တျာသင်တန်းနဲ့ ပန်းချီပန်းပု သင်တန်းအတွက် ခေါ်ယူတာဖြစ်ပြီး ပန်တျာသင်တန်းအတွက် အနုပညာ (ဂီတ/သဘင်)သီးသန့်သင်တန်းအတွက် သတ္တမတန်း Grade 8 အောင်မြင်သူတွေ၊ ပန်တျာသင်တန်း စာပေနှင့် အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade 9) အောင်မြင်သူတွေ၊ ပန်ချီပန်းပုသင်တန်းရဲ့ အနုပညာ (ပန်းချီ/ပန်းပု) သီးသန့်သင်တန်း နှင့် စာပေနှင့် အနုပညာ (ပန်းချီ/ပန်းပု) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade 9) အောင်မြင်သူတွေ၊ ဂီတ သို့မဟုတ် သဘင် သို့မဟုတ် ပန်းချီ သို့မဟုတ် ပန်းပုအခြေခံပညာကို အသင့်အတင့် တတ်သူတွေဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အသက် ၁၃ နှစ်မှ ၁၇ […]

Read More
Uncategorized

Transformers Design FAST Shooting PUBG Game Controller

တစ်စကန့်အတွင်းမှာ သေနတ် (၁၆) ချက် ဆက်တိုက်ပစ်နိုင်မယ့် Transformers Design FAST Shooting PUBG Game Controller ဖြစ်ပါတယ်။ Metal + ABS နဲ့ပြုလုပ်ထားပြီး Bluetooth စနစ်နဲ့ ချိတ်ဆက်ရမှာပါ။ ဂိမ်းအတွင်းမှာ M16, AK47, SKS, Mini 14, SLR, MK47 စတဲ့ လက်နက်တွေနဲ့ အထူးသင့်လျော်ပါတယ်။ 4.5 ~ 6.5 inches မျက်နှာပြင် အရွယ်အစားရှိ Android / iOS စနစ်အသုံးပြု မိုဘိုင်းဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ PUBG အပြင် Call Of Duty Mobile, Critical Ops, Rules of Survival, […]

Read More
Tech

အိုဘားမား၊ လေဒီဂါဂါတို့ပါဝင်ခဲ့တဲ့ YouTube ဘွဲ့နှင်းသဘင်ပွဲ ဂုဏ်ပြုဗီဒီယို

YouTube က အွန်လိုင်းကနေ ပြုလုပ်မယ့် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ဇွန် ၆ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သေဆုံးသူ ဂျော့ဖလွိုက်အောက်မေ့သတိရဖွယ် အခမ်းအနားကြောင့် ဇွန် ၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ “Dear Class of 2020” ပွဲမှာ ဘားရတ်အိုဘားမားနဲ့ မီရှယ်အိုဘားမား၊ BTS နဲ့ လေဒီဂါဂါနဲ့အတူ Google စီအီးအို ဆန်းဒါးပီချိုင်းနဲ့ တက်ကြွလှုပ်ရှားသူ မာလာလာယူဆွတ်ဇိုင်တို့ ပါဝင်ခဲ့ပါတယ်။ ကိုရိုဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် လူစုလူဝေးစုစည်းမှုကို ကန့်သတ်ထားတာကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းက ကျောင်းတွေက အွန်လိုင်းဘွဲ့နှင်းသဘင်ကို ကျင်းပနေကြပါတယ်။ Dear Class of 2020 ကို https://bit.ly/30kyTXa ဒီလင့်ခ်မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ စိုးထက် Ref: CNET

Read More
Tech

Android ဖုန်းပေါ်က သီချင်းကို Windows 10 ကတစ်ဆင့် ထိန်းချုပ်နိုင်

Windows သုံးစွဲသူဆိုရင် Your Phone app သိမှာပါ။ Your Phone ကို အသုံးပြုပြီး Android ထုတ်ကုန်နဲ့ ကွန်ပျူတာကို ချိတ်ဆက်နိုင်ပြီး ဖုန်းပြောနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အခုဆိုရင် Your Phone မှာ update အသစ်တွေ ပါဝင်လာတယ်။ Microsoft က Your Phone app အတွက် သီချင်းပိုင်း ထိန်းချုပ်ခွင့်ပြုခဲ့ပြီး Windows ကနေ Android ဖုန်းပေါ်က သီချင်းဖွင့်တာကို ထိန်းချုပ်လာနိုင်မှာပါ။ အခု feature ကိုလွန်ခဲ့တဲ့တစ်ပတ်က ကြေညာပြီး Windows 10 ကွန်ပျူတာ ကနေ Android စမတ်ဖုန်းက သီချင်းဖွင့်တာ၊ ပိတ်တာကို တိုက်ရိုက် ထိန်းချုပ်နိုင်ပါတယ်။ Spotify ကလည်း Connect […]

Read More