Day: June 4, 2020

MyanSport

အားကစားသတင်းနဲ့ ဘောလုံးပွဲ Highlight အကြောင်းအရာတွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အားကစားဆိုင်ရာ သတင်း၊ ဆောင်းပါး၊ ဘောလုံးပွဲ Highlight, Live အစီအစဉ်ဆိုင်ရာ၊ ရပ်တည်မှုဇယား၊ ပွဲကြိုဆိုင်ရာအပြင် ပေါက်ကြေးဆိုင်ရာတွေကိုလည်း App ကနေ အလွယ်တကူ သိရှိနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android ver. 4.0.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ITPEC စာမေးပွဲများ အောက်တိုဘာလသို့ ရွှေ့ဆိုင်း

ဧပြီလမှာကျင်းပတဲ့ Information Technology Professionals Examination Council(ITPEC Exam)စာမေးပွဲတွေကို အောက်တိုဘာလသို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ စာမေးပွဲတွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးရဲ့ စာအမှတ် ၇၀ (၂၃)/၁/ သမ္မတရုံးဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၃ ရက်တွင် ထုတ်ပြန်သောစာအရ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် လူစုလူဝေးမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူစုလူဝေးဖြင့်ကျင်းပရသည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် ပွဲလမ်းသဘင်များကို ယာယီရပ်ဆိုင်းထားရမှာ ဖြစ်တဲ့အတွက် ယခုလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ITPEC စာမေးပွဲတွေကတော့ Information Technology Passport Examination (IT Passport), Fundamental Information Technology Engineer Examination (FE) , […]

Read More

ITU Innovation Challenge 2020 အတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်

International Telecommunication Union (ITU) Telecom World က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ITU Innovation Challenges 2020 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သိရပါတယ်။ ပြိုင်ပွဲကို အိုင်စီတီနည်းပညာ အသုံးပြုရပြီး စိတ်ပါဝင်စားတဲ့လူငယ် Social Entrepreneurs တွေနဲ့ Strat-up တွေ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို Category ၃ မျိုးဖြစ်တဲ့ The Digital Change-maker Challenge, The Ecosystem Best Practice Challenge နဲ့ The Women in Tech Challenge ဆိုပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ The Digital Change-maker Challenge မှာ […]

Read More

ပညာရေးဝန်ကြီးဌာနအား Myanmar Digital Education Platform အသုံးပြုနိုင်ရန် အခမဲ့ဒေတာ အသုံးပြုခွင့်ကို အူရီဒူးပံ့ပိုး

အူရီဒူးမြန်မာမှ အင်တာနက်အခြေပြု သင်ယူမှုပြုလုပ်နိုင်ဖို့ရည်ရွယ်ကာ Myanmar Digital Education Platform (MDEP) ကို အသုံးပြုနိုင်ဖို့အတွက် အခမဲ့ ဒေတာအသုံးပြုခွင့်ကို အနည်းဆုံး ၆ လ အသုံးပြုခွင့်နဲ့ ပညာရေးဝန်ကြီးဌာနကို ပံ့ပိုးကူညီသွားမယ်လို့သိရပါတယ်။ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းအခြေပြုသင်ယူနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်တဲ့ MDEP (http://mdep.moe.edu.mm) ကို စီစဉ်ဆောင်ရွက်ထားပြီး ကျောင်းဆရာ ဆရာမများအနေနဲ့ မည်သည့်နေရာမှာ မဆို အဆိုပါ အဝေးသင်စနစ်ဖြင့် လေ့လာနိုင်မှာဖြစ်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်မှာ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာသုံးသင်ကြားရေးလမ်းညွှန်စာအုပ်၊ အခြားသော သင်ကြားရေး အထောက်အကူတွေနဲ့ သင်ကြားရေးဆိုင်ရာ ဗီဒီယိုတွေကို တင်ထားပေးလျက်ရှိတယ်လို့သိရပါတယ်။ Grade 4, Grade 7 နှင့် Grade 10 သင်ရိုးညွှန်းတမ်းအသစ်ကို လာမည့်စာသင်နှစ်မှာ ပြောင်းလဲသင်ကြားရမည်ဖြစ်ပြီး အဆိုပါ သင်ရိုးညွှန်းတမ်းတွေကို အွန်လိုင်းပေါ်တွင်ထားရှိထားမှာဖြစ်သလို […]

Read More

UK Bachelor Degree Program များကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် Auston College Myanmar နှင့် Liverpool John Moores University တို့ပူးပေါင်း

UK Bachelor Degree တွေကို မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ် သင်ကြားပေးနိုင်ဖို့အတွက် Auston College Myanmar နဲ့ Liverpool John Moores University (LJMU) တို့ ဇွန် ၁ ရက် က အကျိုးတူ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ မြန်မာကျောင်းသားလူငယ်တွေအနေနဲ့ UK Bachelor Degree တွေကို မြန်မာနိုင်ငံရှိ Auston College Myanmar မှာပင် တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပြီး Auston College Myanmar မှ ပေးအပ်တဲ့ အင်ဂျင်နီယာ ပညာရေးလမ်းကြောင်းအဖြစ် ကျောင်းသားလူငယ်တွေဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆိုပြီးတဲ့အခါ ရှေ့ဆက်ရမယ့် တက္ကသိုလ်ပညာရေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးမယ့် Enhanced Foundation Program ကို စတင်တက်ရောက်ရမှာဖြစ်ကြောင်း၊ […]

Read More

Zhiyun Smooth X mobile Gimbal

ဟန်းဆက်နဲ့ ဗီဒီယို ရိုက်ကူးချင်တဲ့ ဝါသနာရှင်တွေ ဗီဒီယို ရိုက်ကူးမှုပြုလုပ်ရာမှာ ငြိမ်သက်ပြီး လိုချင်တဲ့ရှုထာင့်ကို လွယ်ကူစွာရွှေ့ကစားနိုင်ဖို့ အသစ်ထွက်ရှိလာတဲ့ Gimbal ဖြစ်ပါတယ်။ ရိုက်ကူးပြီး အသစ်ထွက်ရှိတဲ့ ZY Cami app ကို အသုံးပြုပြီး ဖုန်းထဲမှာ ရုပ်သံတည်းဖြတ်ခြင်း သီချင်းသံနဲ့ sticker များထည့်သွင်းခြင်းတွေကို မိမိစိတ်တိုင်းကျ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 1000mAh ဘက်ထရီ ထောက်ပံ့ပေးထားတဲ့အတွက် တစ်ခါအားအပြည့်သွင်းထားရင် ၅ နာရီခွဲအထိ အလုပ်လုပ်နိုင်မှာဖြစ်သလို Powerbank ချိတ်ဆက်ပြီးတော့လည်း ရိုက်ကူးရေး ပြုလုပ်နိုင်မှာဖြစ်ပါတယ် ။Axis အနေနဲ့ 2-Axis (Roll, Yaw) ထောက်ပံ့ပေးထားပါတယ်။ အလေးချိန် ၂၀၀ ဂရမ်အထိသာ တင်ဆောင် အသုံးပြုနိုင်တဲ့အတွက် ဟန်းဆက်နဲ့ ရိုက်ကူးရေးအတွက်သာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Roll Mechanical Range […]

Read More