Day: June 3, 2020

Android

Korea Myanmar Dictionary

အသံထွက်နဲ့တကွ လေ့လာနိုင်မယ့် ကိုရီးယား-မြန်မာ အဘိဓာန် App ဖြစ်ပါတယ်။ ဝေါဟာရအဓိပ္ပာယ်တွေကို ကိုရီးယားလို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်သလို မြန်မာလိုလည်း ရိုက်ကာ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဓိပ္ပာယ်ရှင်းလင်းချက်တွေကိုလည်း အသံထွက်ဖတ်ပြခိုင်အောင် ဖန်တီးထားပါတယ်။ Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Tech
Vivo

ကင်မရာပိုင်းထူးခြားတဲ့ Vivo X50, X50 Pro နဲ့ X50 Pro+

Vivo ဟာ X50 စီးရီးစမတ်ဖုန်းတွေဖြစ်တဲ့ Vivo X50, X50 Pro နဲ့ X50 Pro+ တို့ကို မိတ်ဆက်ခဲ့ပါတယ်။ X50 Pro နဲ့ Pro+ ဖုန်းတွေရဲ့ ဓာတ်ပုံစွမ်းဆောင်ရည်က အလွန်မြင့်မားပါတယ်။ X50 ကတော့ အပါးလွှာဆုံး 5G ဖြစ်တယ်လို့ သိရပါတယ်။ Vivo X50 Pro+ Vivo X50 Pro+ ဟာ Samsung ရဲ့ 50MP ISOCELL GN1 1/1.3” sensor အသုံးပြုထားတဲ့ ပထမဆုံးဖြစ်လာပါတယ်။ ISOCELL နဲ့ Tetracell ကိုပထမဆုံးပေါင်းစပ်ပြီး 12.5MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်ကာ ကြီးမားတဲ့ 2.4µm pixels တို့ပါဝင်လာပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုကို […]

Read More
Apple
Tech

ဆိုင်ဖောက် လုယူခံရတဲ့ iPhone တွေကို Apple ခြေရာခံ

Apple ဟာ နယူးယောက်ဆန္ဒပြမှုအတွင်း စတိုးဆိုင်တွေကို လုယက်ခဲ့သူတွေကို စောင့်ကြည့်နေပါတယ်။ Apple စတိုးတွေကနေ ခိုးလာတဲ့ iPhone တွေမှာ အထူးလုံခြုံရေး software ပါတာကို ခိုးလာသူတွေက သိလာပါတယ်။ ခိုးယူခံရတဲ့ဖုန်းတွေမှာ အထူးစာသားတစ်ခုပေါ်လာပါတယ်။ “ဒီထုတ်ကုန်ကို disable လုပ်ထားပြီး ခြေရာခံထားတယ်။ ဒေသတွင်း အာဏာပိုင်တွေဆီ သတိပေးမယ်” ဆိုတဲ့စာသားကိုမြင်ရပါတယ်။ စိတ်ပျက်နေတဲ့ သူခိုးတွေက အဲဒီစာသားကို လူမှုကွန်ရက်မှာ တင်လာကြပါတယ်။ Apple စတိုးတွေဟာ နယူးယောက်၊ လော့စ်အိန်ဂျလိစ်နဲ့ ဝါရှင်တန်မှာ ဖောက်ထွင်း လုယက်ခံခဲ့ရပါတယ်။ -စိုးထက် Ref: Fox5NY

Read More
Tech

Blackout Tuesday လှုပ်ရှားမှုထဲပါဝင်လာတဲ့ Spotify, Apple Music, YouTube နဲ့ Amazon

နာမည်ကျော် streaming ဝန်ဆောင်မှုတွေဖြစ်တဲ့ Spotify, Apple Music, Amazon Music နဲ့ YouTube Music တို့ဟာ ထူးခြားတဲ့ playlist တွေ၊ တိတ်ဆိတ်မှုအခိုက်အတန့်နဲ့ လူမှုရေးမီဒီယာ blackout တွေနဲ့ Blackout Tuesday ကိုထောက်ပံ့ခဲ့ပါတယ်။ အခုအစီအစဉ်က ရဲတွေရဲ့ အကြမ်းဖက်မှုကို ဆန္ဒပြသပြီး ဂျော့ဖလွိုက်ကို ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဂျော့ဖလွိုက်ဟာ ရဲတွေရဲ့ မလိုအပ်ဘဲ အင်အားသုံးမှုကြောင့် သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်းနဲ့ အမေရိကန်မြို့တော်တွေမှာ ကန့်ကွက် ဆန္ဒပြသနေကြပါတယ်။ Spotify အနေနဲ့ playlist နဲ့ podcast တွေရွေးချယ်ဖို့ ၈ မိနစ်နဲ့ ၄၆ စက္ကန့်တိတ်ဆိတ်ပေးပါမယ်။ အချိန်ပမာဏက မီနီဆိုတာရဲအရာရှိဟောင်း ဒဲရက်ရှောဗင်က ဖလွိုက်လည်ပင်းကို ဒူးနဲ့ဖိထားတဲ့ အချိန်နဲ့ညီမျှတယ်။ Apple […]

Read More
Tech

Post အဟောင်းတွေကို ဖျက်နိုင်မယ့် Facebook လုပ်ဆောင်ချက်

Facebook က သုံးစွဲသူတွေရဲ့ post အဟောင်းတွေ များစွာကို hide လုပ်တာနဲ့ ဖျက်နိုင်မယ့် feature သစ်ကို မိတ်ဆက်လိုက်ပါတယ်။ Facebook ရဲ့ Manage Activity က သုံးစွဲသူ profile ကိုရှင်းလင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သုံးစွဲသူက အခြားလူ မမြင်စေလိုတဲ့ အကြောင်းအရာကို archive လုပ်နိုင်သလို ကိုယ်တိုင်မြင်တွေ့နိုင်အောင် သိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် မမြင်တွေ့လိုတဲ့ အကြောင်းအရာတွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။ အဲဒီအကြောင်းအရာတွေက ရက်၃၀ရှိနေမှာ ဖြစ်ပြီး ပြန်လည်စဉ်းစားခွင့်ပေးထားတာ ဖြစ်ပါတယ်။ တစ်လအကြာမှာတော့ အကြောင်းအရာတွေကို ဖျက်ပစ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရက် ၃၀အတွင်း trash ထဲက အရာတွေကို restore လုပ်နိုင်ပါသေးတယ်။ Post တွေကို archive ဒါမှမဟုတ် trash ထဲပို့တာကို […]

Read More
Education
Uncategorized

Global Liberalism Fellowship (Batch-2) ဖွင့်မည်

Global Liberalism Fellowship (Batch-2) ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် Panna Online School မှာ ပြန်လည်တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ သင်တန်းကို Paññā Institute နဲ့ Friedrich Naumann Foundation Myanmar(FNF Myanmar) တို့ ပူးပေါင်းပြီးတော့ Online Fellowship Program တစ်ခုအနေနဲ့ ဒီမိုကရေစီ နည်းကျ နိုင်ငံရေး၊ လစ်ဘရယ်တန်ဖိုးနဲ့ သုတေသနပညာရပ်တွေကို ကမ္ဘာလုံးဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွေနဲ့အတူ သင်ကြားရမှာဖြစ်ပါတယ်။ နိုင်ငံတကာ တက္ကသိုလ်တွေမှာ သင်ကြားတဲ့ နည်းစနစ်တွေအတိုင်း အဓိက အပိုင်း(၂) ပိုင်းခွဲပြီး လေ့လာသင်ယူ ရင်း ကိုယ်တိုင်လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။ လေ့လာရမယ့် ခေါင်းစဉ်တွေကတော့ အမေရိကန်၊ ပြင်သစ်တော်လှန်ရေး၊ လွတ်လပ်မှုဖြစ်စဉ်နဲ့ သမိုင်းကြောင်းဆိုင်ရာတွေ၊ […]

Read More
Gadgets

HP LaserJet Pro Color MFP M277n Printer

ရုံး/လုပ်ငန်းသုံး All in One Multifunction Printer ဖြစ်တဲ့ HP LaserJet Pro Color MFP M277n Printer စျေးကွက်ထဲကို ၀င်ရောက်လာပါတယ်။ Print, Copy, Scan, Fax လို စွယ်စုံ အသုံးပြုနိုင်မှာပါ။ Memory 256MB, Processor 800 MHz ပါတဲ့အတွက် ပိုမိုမြန်ဆန်ပါတယ်။ Print & Copy Speed က A4 Size စာရွက်တစ်ရွက်ကို 19ppm ဖြစ်ပါတယ်။ ပုံထွက်အရည်အသွေး 600x 600 dpi (HP ImageRet 3600) အထိ ရရှိနိုင်ပါတယ်။ Scan အတွက် ရောင်စုံ အနေအထားဖြင့် 1200 x […]

Read More