Day: June 2, 2020

Android

Channel 4U

နိုင်ငံတကာမှ နောက်ဆုံးထွက်ရှိထားတဲ့ အင်္ဂလိပ်ဇာတ်ကားတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့်အပြင် ဖုန်းထဲကို Download လုပ်ကာလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး မိမိရှာဖွေကြည့်ရှုလိုတဲ့ ဇာတ်ကားကိုလည်း အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Tech

အမေရိကန်မှာ ဆန္ဒပြမှုတွေကြောင့် Android 11 Beta မိတ်ဆက်မှုကို ရွှေ့ဆိုင်း

Google က ဇွန် ၃ ရက်မှာ Android 11 က feature သစ်တွေကို မိတ်ဆက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအခါမှာ အမေရိကန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာကြောင့် Android 11 Beta မိတ်ဆက်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ မီနီယာပိုလစ်ပြည်နယ်အတွင်း ဂျော့ဖလွိုက်သေဆုံးမှုကြောင့် ပဋိပက္ခတွေ ဖြစ်ပွားနေခဲ့ပါတယ်။ Google ရုံးနဲ့ ဝန်ထမ်းအများစုက ဆန်ဖရန်စစ္စကို ပင်လယ်အော်ဧရိယာမှာ အခြေစိုက်ပြီး အဓိကရုန်းရင်းဆန်ခတ်မှုတွေက ဆန်ဟိုဆေးနဲ့ အုတ်ကလန်မှာ ဖြစ်ပွားနေပါတယ်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဧရိယာမှာ လူမဆန်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ စိုးထက် Ref: TheVerge

Read More
Tech

PS5 မိတ်ဆက်ပွဲကို Sony ရွှေ့ဆိုင်း

Sony က ဆန္ဒပြသမှုတွေ ဖြစ်ပွားနေတာကြောင့် ဇွန် ၄ ရက်မှာ ပြုလုပ်မယ့် PlayStation 5 ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ “ကမ္ဘာတစ်ဝန်း ဂိမ်မာတွေ PS5 ဂိမ်းကို မြင်တွေ့ဖို့ စိတ်လှုပ်ရှားနေတာ ကျွန်တော်တို့ နားလည်ပါတယ်။ အခုအခါက အောင်ပွဲခံဖို့ အချိန်လို့ ကျွန်တော်တို့ မခံစားမိပါဘူး” လို့ Sony က Twitter မှာရေးသားခဲ့ပါတယ်။ Sony က မီနီဆိုးတားပြည်နယ်မှာ ဖြစ်ပွားတဲ့ ဂျော့ဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ ကမ္ဘာတစ်လွှားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ Sony အနေနဲ့ PS5 ဂိမ်းတွေကို ဇွန် ၄ ရက်မှာ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီနှစ် အားလပ်ရက်မှာ PlayStation 5 […]

Read More
Google
Tech

Google Pixel ဖုန်းတွေမှာ အိပ်ရာဝင် feature ပါဝင်လာမယ်

Google ဟာ Pixel ဖုန်းတွေမှာ ပါဝင်မယ့် feature အသစ်တွေကို ကြေညာလိုက်ပါတယ်။ Google အနေနဲ့ လုံခြုံရေးနဲ့ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မယ့် လုပ်ဆောင်ချက်တွေကို ဦးစားပေးထည့်သွင်းထားပါတယ်။ ဒါ့အပြင် Pixel ထုတ်ကုန်တွေမှာ adaptive ဘက်ထရီပါဝင်လာတဲ့ အတွက် ဘက်ထရီအားကုန်တဲ့အချိန်ကို ခန့်မှန်းကာ နောက်ကွယ်က လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ Google က feature တွေဖြန့်ချိခဲ့ပါသေးတယ်။ သုံးလ တစ်ကြိမ် feature တွေဖြန့်ချိနေတာပါ။ Google ရဲ့ပထမဆုံး feature ဖြန့်ချိမှုမှာ ဓာတ်ပုံနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလိုအလျောက်ဖုန်းခေါ်ဆိုမှု screening တို့ပါဝင်လာပါတယ်။ ဒုတိယအခေါက်မှာတော့ effects နဲ့ display feature တွေ ပါဝင်လာပါတယ်။ အခုအကြိမ်မှာတော့ Clock အတွင်း Google […]

Read More
Tech

ထရမ့် post ကိုအရေးမယူတဲ့ မာ့ဇူကာဘတ်အပေါ် Facebook ဝန်ထမ်းတွေ ဆန္ဒပြ

ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အငြင်းပွားဖွယ် post တွေကို တင်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Facebook စီအီးအို မာ့ခ်ဇူကာဘတ်က အရေးမယူခဲ့တဲ့အတွက် ကုမ္ပဏီ ဝန်ထမ်းတချို့က ဆန္ဒပြသခဲ့ပါတယ်။ Facebook ဝန်ထမ်းတွေက ဆန္ဒပြတဲ့အနေနဲ့ အလုပ်ကို မတက်ခဲ့ကြပါဘူး။ Facebook မန်နေဂျာတွေကတော့ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ ဝန်ထမ်းတွေအပေါ် တုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ လူ့စွမ်းအားအရင်းအမြစ်ဌာနကို ပြောထားပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေအပေါ် လစာခံစားခွင့်လည်း ပေးမယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောခဲ့ပါတယ်။ Facebook ဆန္ဒဖော်ထုတ်မှုကို The New York Times ကဖော်ပြခဲ့ပါတယ်။ ဆန္ဒပြသမှုအပြင် Twitter ပေါ်မှာ Facebook ကုမ္ပဏီအတွင်း လူများအကြား သဘောထားကွဲလွဲမှုက ဖြစ်ပေါ်ခဲ့ပါတယ်။ Facebook ဒီဇိုင်းမန်နေဂျာ ဂျေဆင်စတဲမန်းက ထရမ့်ရဲ့ post […]

Read More
Local

ပညာရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

၂၀၂၀ -၂၀၂၁ ပညာသင်နှစ်မှာ Covid-19 ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်နေတဲ့ Mask, Face Shield နဲ့ Infrared Thermometer တွေကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ခရိုင် ပညာရေးမှူးရုံးများကို အရောက်ပေးပို့ရန် ရှိနေတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အနေနဲ့ အိတ်ဖွင့် တင်ဒါတင်သွင်းနိုင်ဖို့ ပညာရေးဝန်ကြီးဌာနက ခေါ်ယူနေတယ်လို့သိရပါတယ်။ နိုင်ငံသားပိုင်လုပ်ငန်း မှတ်ပုံတင်ရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များသာ တင်သွင်းရမှာဖြစ်ပြီး အိတ်ဖွင့်တင်ဒါပေးသွင်းရမယ့် ပုံစံကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ရုံးအမှတ် (၁၃) မှာ ဇွန် ၃ ရက်မှ စပြီး လာရောက်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ တင်သွင်းရမယ့် ပစ္စည်းပုံစံနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲကိုတော့ ဇွန် ၅ ရက် နေ့လယ် ၁ နာရီမှာ နေပြည်တော် […]

Read More
Article

Netflix ပေါ်က နာမည်ကြီး ကေဒရာမာ စီးရီး (၅) ခု

ကေဒရာမာ ပရိသတ်တွေ အတွက် စိတ်ကျေနပ်စေမယ့် စီးရီးတွေပါ။ အခုစီးရီးတွေမှာ ဟာသတွေကနေ စိတ်ကြည်နူးဖွယ် အချစ်ဇာတ်လမ်းကနေ သမိုင်းနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ပါဝင်ပါတယ်။ Crash Landing on You အခုကေဒရာမာစီးရီးကတော့ ပရိသတ်တွေအကြား အလွန်ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာတော့ tvN ကနေဖြန့်ချိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာတော့ Netflix ကနေကြည့်နိုင်ပါတယ်။ Crash Landing On You ဟာ ကြည့်ရှုသူအရေအတွက် အလွန်များတာကြောင့် တီဗီသမိုင်းတစ်လျှောက် တတိယမြောက်လူကြည့်အများဆုံး ကိုရီးယားဒရာမာ ဖြစ်လာပါတယ်။ စီးရီးရဲ့ အချစ်ဇာတ်လမ်းပိုင်းနဲ့ သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပါပဲ။ မြောက်ကိုရီးယားက နေ့စဉ်ဘဝ ပုံဖော်မှုတွေနဲ့ပတ်သက်ပြီး စီးရီးကို လူတွေက ချီးကျူးထားကြပါတယ်။ Itaewon Class Webtoon စီးရီးကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲပါ။ ကိုရီးယားနိုင်ငံက စားသောက်ကုန်လုပ်ငန်းကို အနီးကပ်လေ့လာထားပါတယ်။ […]

Read More
Education

World Learning’s English Language Program သင်တန်းအမှတ်စဉ် (၄) ကို အွန်လိုင်းမှ တက်ရောက်နိုင်မည်

အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတွေအတွက် World Learning’s English Language Program မှ သင်တန်းအမှတ်စဥ် (၄) အွန်လိုင်းသင်တန်းကို ဇွန် ၂၂ ရက် မှာ ဖွင့်လှစ်သွားမယ်လို့ American Center မှသိရပါတယ်။ အွန်လိုင်းသင်တန်းမှတစ်ဆင့် အင်္ဂလိပ်ဘာသာစကားကို သင်ယူလေ့လာခြင်း၊ လေ့ကျင့်အသုံးချနိုင်ခြင်းများအပြင် ၂၁ ရာစုခေတ်အတတ်ပညာများကိုပါ သင်ယူနိုင်ပြီး တက္ကသိုလ်အဆင့်နဲ့ လုပ်ငန်းခွင်အတွက် လိုအပ်သောအရည်အသွေး‌တွေကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ သင်တန်းသားအသစ်တွေအတွက် ၃၂၅,၀၀၀ ကျပ်ဖြစ်ပြီး ကျောင်းသားဟောင်းတွေအတွက် ၃၁၅၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာ မှာစာရင်းပေးသွင်းတက်ရောက်နိုင်ပြီး ကျောင်းသားအသစ်‌တွေကို အွန်လိုင်းမှ တစ်ဆင့် Placement Test ဖြေဆိုနိုင်ဖို့ ELP မှဆက်သွယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ -သန္တာ

Read More
Tech

 Netflix မှာထုတ်လွှင့်မယ့် ကိုရီးယားဒရာမာ စီးရီးသစ် ‘Record of Youth’

Netflix ဟာ ၂၀၂၀ နှစ်ဝက်အတွင်း တောင်ကိုရီးယား ဒရာမာစီးရီးသစ် Record of Youth ကိုဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။ Record of Youth စီးရီးမှာ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ပါ့ခ်ဘိုဂမ် (Encounter)၊ ပါ့ခ်ဆိုဒမ် (Parasite) နဲ့ ဗြောင်ဝူးဆော့ (Dear My Friends) ပါဝင်လာပါမယ်။ စီးရီးကို Stranger, Memories of Alhamba and Watcher တို့ရိုက်ကူးတဲ့ ဂီဟိုက ရိုက်ကူးသွားပါမယ်။ Doctors နဲ့ Temperature of Love တို့နဲ့ ကျော်ကြားလာတဲ့ ဟာမြောင်ဟီးက ဇာတ်ညွှန်းရေးပြီး Studio Dragon နဲ့ Pan Entertainment တို့က ထုတ်လုပ်ထားပါတယ်။ Netflix ဟာ […]

Read More
Education

ကျောင်းစာကြည့်တိုက်လုပ်ငန်းများ အတွက် ငွေကျပ် ၁၅၁၂၈ .၂၇၉ သန်း သုံးစွဲခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထိ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်တဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ရန်ပုံငွေမှ ကျောင်းစာကြည့်တိုက် လုပ်ငန်းတွေအတွက် စုစုပေါင်း ငွေကျပ် ၁၅၁၂၈ . ၂၇၉ သန်း သုံးစွဲခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ဒုတိတယအကြိမ် အမျိုးသားလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှာ ပြောကြားခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အထိ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက် ဆောင်ရွက်မည့် ကျောင်းများအတွက် စာအုပ်စင်၊ စာကြည့်တိုက် ဆိုင်ရာ စာရေးကိရိယာ၊ စာကြည့်တိုက် အထောက်အကူပြုပစ္စည်းများ စာဖတ်စားပွဲခုံ၊ စာအုပ်နှင့်သင်တန်းစရိတ်များ အတွက် ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၈၀၅.၆၅ သန်းခွဲဝေသုံးစွဲခဲ့ကြောင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ […]

Read More