Month: June 2020

Local

အသေးစားချေးငွေလုပ်ငန်း CARD Myanmar ကုမ္ပဏီလီမိတက်နှင့် ThitsaWorks တို့ပူးပေါင်း

အသေးစားချေးငွေလုပ်ငန်း တစ်ခုဖြစ်တဲ့ CARD Myanmar ကုမ္ပဏီ လီမိတက်အနေနဲ့ Thits-aWorks နဲ့ ပူးပေါင်းပြီး Musoni cloud banking system ကို စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေ မှုတိုက်ဖျက်ရန်ဟူသော ရည်မှန်း ချက်ဖြင့် CARD Myanmar ကုမ္ပဏီလီမိတက်အနေနဲ့ ကမ္ဘာ့ အသိအမှတ်ပြုဆုတွေ ဆွတ်ခူးရ ရှိထားတဲ့ Musoni စနစ်ကို ရင်း နှီးမြှုပ်နှံမှုများ တိုးတက်ဖို့နဲ့ချေးငွေ ယူသူတွေကို ဝန်ဆောင်မှုအမျိုး မျိုးပေးနိုင်ဖို့ စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ လများအတွင်း CARD Myanmar ရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစတင်မှာဖြစ်ပြီး ချေးငွေ အရာရှိများ အတွက် Musoni ဒီဂျစ် တယ်နည်းပညာ application နဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် […]

Read More
Microsoft
Tech

ဩဂုတ်လအတွင်း မိတ်ဆက်မယ့် ဒုတိယမြောက်မျိုးဆက်သစ် Xbox ဂိမ်းစက်

Microsoft ဟာ ဒုတိယမြောက်မျိုးဆက်သစ် Xbox ဂိမ်းစက်ကို မိတ်ဆက်မယ့်ကိစ္စကို ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ကုမ္ပဏီစာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီဂိမ်းစက်ကို ဩဂုတ်လအတွင်း မိတ်ဆက်မယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။ မူလက Microsoft က ဇွန်လမှာ လျှို့ဝှက်အမည် “Lockhart” ဂိမ်းစက်ကို မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ Eurogamer ကဖော်ပြခဲ့တယ်။ အခုဆိုရင် Microsoft က အစီအစဉ်တွေကို ဩဂုတ်လအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ Microsoft ဟာ ဈေးသက်သာတဲ့ Xbox ဂိမ်းစက်ကို ထုတ်လုပ်ဖို့ စီစဉ်နေတာ လအနည်းငယ်ကြာပါပြီ။ ပြီးခဲ့တဲ့အပတ်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Microsoft စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ဈေးသက်သာတဲ့ Lockhart ဂိမ်းစက်က Xbox Series X နဲ့ CPU တူညီမယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားတယ်။ ဒါ့အပြင် […]

Read More
Asia
Tech

TikTok, WeChat နဲ့ Xiaomi app တွေကို အိန္ဒိယပိတ်ပင်

အိန္ဒိယအစိုးရက TikTok, WeChat နဲ့ Mi Community အပါအဝင် မိုဘိုင်း app ၅၉ ခုကို ပိတ်ပင်လိုက်ပါတယ်။ Android နဲ့ iOS ပေါ်က တချို့ မိုဘိုင်း app တွေက အခွင့်မရှိဘဲ သုံးစွဲသူအချက်အလက်တွေကို အိန္ဒိယပြင်ပက ဆာဗာတွေဆီ ပေးနေတယ်ဆိုတဲ့ အစီရင်ခံစာတွေကို ရင်းမြစ်အမျိုးမျိုးကနေ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန လက်ခံရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဆိုက်ဘာပြစ်မှုဖော်ထုတ်ရေး စင်တာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကွန်ပျူတာအရေးပေါ်အခြေအနေတုံ့ပြန်ရေး (CERT-IN) ကအစီရင်ခံစာအရ အိန္ဒိယအစိုးရ ပိတ်ပင်လိုက်တဲ့ app တွေဟာ နိုင်ငံသား တစ်ကိုယ်ရေလုံခြုံမှုကို အန္တရာယ်ပေးနိုင်ကာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ အိန္ဒိယအစိုးရက တချို့ app တွေ သုံးစွဲမှုကို မိုဘိုင်းနဲ့ မိုဘိုင်းမဟုတ်တဲ့ ထုတ်ကုန်နဲ့ပါ ခွင့်မပြုဖို့ […]

Read More
Tech

Big Sur ထောက်ပံ့ထားတဲ့ Mac မှာ Netflix ကို 4K နဲ့ကြည့်နိုင်

အသစ်ထွက်ရှိမယ့် macOS Big Sur ထောက်ပံ့ထားတဲ့ Mac ကွန်ပျူတာပေါ်မှာ Netflix ကို 4K ရုပ်ထွက်အရည်အသွေးနဲ့ ကြည့်နိုင်သလို Dolby Vision HDRr လည်းပါဝင်တယ်လို့ 9to5Mac ကဖော်ပြခဲ့ပါတယ်။ macOS သုံးစွဲသူဟာ 4K နဲ့ Netflix ကို ပထမဆုံးအကြိမ် ကြည့်နိုင်ပါတာ့မယ်။ Windows ပေါ်မှာ 4K ရုပ်ထွက်အရည်အသွေးနဲ့ ကြည့်နိုင်ဖို့ လိုအပ်ချက်ရှိပြီး Netflix Windows 10 app ဒါမှမဟုတ် Microsoft ရဲ့ Edge browser ကိုအသုံးပြုရပါမယ်။ အခုဆိုရင် Mac မှာ macOS Big Sur ကို install လုပ်ပြီး Safari ဖွင့်ကာ Netflix ကို […]

Read More
Tech

လူ ၂၀၀ ပါဝင်ကစားနိုင်မယ့် ပွဲတွေ ထောက်ပံ့မယ့် Call of Duty: Warzone

နာမည်ကျော် battle royale သေနတ်ပစ်ဂိမ်း Call of Duty: Warzone မှာ လူ ၁၅၀ ပါဝင်တဲ့ ပွဲတွေ ကစားနိုင်ပေမယ့် Quad mode ပြိုင်ပွဲတွေမှာ လူ၂၀၀ အထိ ပါဝင်ဖို့ ခွင့်ပြုမယ်လို့ Actvision က ကြေညာခဲ့ပါတယ်။ Warzone ရဲ့ ပါဝင်ကစားသူ လက်ခံတာများပြားမှုက အခြား battle royale ဂိမ်းတွေနဲ့ ခြားနားစေပါတယ်။ အခု update ပေါ်လာတဲ့အခါ Quad mode မှာ လူ၂၀၀ အထိ ပါဝင်ကစားနိုင်ပြီး ၄ ယောက်ပါတဲ့ အဖွဲ့နဲ့ အခြား ၄၉ ဖွဲ့ကို ယှဉ်ပြိုင်ရပါမယ်။ အခု mode ကို အချိန်အကန့်အသတ်အတွင်းမှာပဲ ကစားနိုင်မယ်လို့ Actvision […]

Read More
Education

Humanizing Climate Change သင်တန်းလျှောက်လွှာတင်ရက် တိုးမြှင့်

CFI ရဲ့ Humanizing Climate Change သင်တန်းလျှောက်လွှာတင်ရန် နောက်ဆုံးရက်ကို ဇူလိုင် ၃၁ ရက် အထိ တိုးမြှင့်လိုက်ပါတယ်။ CFI နဲ့ မြန်မာသတင်းပညာသိပ္ပံတို့က ပူးပေါင်းဖွင့်လှစ်တာ ဖြစ်ပြီး ယခုသင်တန်းကို ဥရောပနှင့် နိုင်ငံခြားရေးရာပြင်သစ်ဝန်ကြီးဌာနက ကူညီပံ့ပိုးပေးထားကာ တက်ရောက်ဖို့ရွေးချယ်ခြင်းခံရသူတွေဟာ အခမဲ့တက်ရောက်ရမှာ ဖြစ်ပါတယ်။ သတင်းထောက်တွေကို သိပ္ပံဆိုင်ရာအယူအဆများအပေါ် နက်နက်ရှိုင်းရှိုင်းနားလည်စေပြီး တစ်ဦးချင်းစီရဲ့ဗဟုသုတကို မြှင့်တင်ပေးကာ မာလ်တီမီဒီယာသတင်းများ ထုတ်လုပ်နိုင်စေရန် ဒေတာကျွမ်းကျင်ပညာရှင်‌‌ေတွနဲ့ သင်တန်းပို့ချသူ‌ေတွရဲ့ အကူအညီနဲ့ ဖွင့်လှစ်ပေးမယ့် သင်တန်းဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ဒီနေရာ မှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို တော့ မယုလွင်စိုး ၊ ဖုန်း ၀၉၉၇၆၉၇၇၈၅၀ ၊ [email protected] နဲ့ mailto:[email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ -သန္တာ

Read More
Gadgets

Ugreen USB 3.0 To Dual Bay Hard Drive Dock

HDD နဲ့ SSD data နှစ်ခုစလုံးကို တစ်ပြိုင်တည်း ကူးယူနိုင်ပြီး ကွန်ပျူတာရဲ့ backup space ကို 24TB အထိ တိုးမြှင့်နိုင်တဲ့ Ugreen USB 3.0 To Dual Bay Hard Drive Dock ဖြစ်ပါတယ်။ Hard Drive ထဲက အချက်အလက် တွေကို လျင်လျင်မြန်မြန်နဲ့ ကူးပြောင်းပေးနိုင်သလို ကွန်ပျူတာမပါဘဲ Hard Drive ဒေတာတွေကို Clone ပွားပေးနိုင်တဲ့ HDD Dcoking Station (Dual Bay) ဖြစ်ပါတယ်။ 2.5” နဲ့ 3.5” အရွယ်အစားရှိတဲ့ SATA I, II, III (HDD & SSD) အမျိုးအစား […]

Read More
Local

မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ စာမျက်နှာများအား Facebook မှ အတည်ပြုပေးလျက်ရှိ

Facebook ပေါ်မှာ မြင်တွေ့ရတဲ့ စာစုတွေကို မှန်ကန်မှုရှိနိုင်အောင်၊ စစ်မှန်တဲ့ သတင်းရင်းမြစ်တွေကနေ အချက်အလက်တွေ ရရှိနိုင်အောင် ဆောင်ရွက်တဲ့အနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ စာမျက်နှာတွေကို တရားဝင် စာမျက်နှာတွေ အဖြစ် Facebook မှ အတည်ပြုပေးလျက်ရှိပြီး အဆိုပါ နိုင်ငံရေးပါတီတွေရဲ့ တရားဝင် ပြည်တွင်း Facebook စာမျက်နှာတွေ ကို အတည်ပြုပေးနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ လက်တွဲဆောင်ရွက်နေတယ် လို့ သိရပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ (၄၀) အတွက် အတည်ပြုပြီး အမှတ်အသား ပြသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ Facebook ရဲ့ တရားဝင်အတည်ပြုပြီး အမှတ်အသားမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ Facebook စာမျက်နှာပေါ်မှာ မြင်သာတဲ့ “အပြာရောင် အမှန်ခြစ်” တစ်ခု ဖော်ပြပေးတာ ဖြစ်တယ်လို့ […]

Read More
Education

အနုပညာကွန်ပျူတာ ဒီပလိုမာသင်တန်း အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နဲ့ MCC Group တို့ပူးပေါင်းဖွင့်လှစ်တဲ့ အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း (ဇာတ်ကောင်လှုပ်ရှားမှူနှင့် အဆင့်မြင့်မီဒီယာကျွမ်းကျင် အထူးပြုဘာသာရပ်) တန်းခွဲသစ်အတွက် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူလျက်ရှိပါတယ်။ သင်တန်းမှာ သင်ကြားရမယ့် ဘာသာရပ်တွေကတော့ Computer Basic (Word, Excel, Powerpoint), Adobe Illustrator, Adobe Photoshop, Adobe Indesign, Adobe Premiere Pro, Adobe After Effects, C4D (3D Character and Animation Software), Camera (Photography Foundation Course, Digital Film Making), Painting ( Fundamental Arts, Figure Drawing, […]

Read More
Local

“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကျင်းပ

MPT နဲ့ ဝန်ဇင်း Mobile App တို့ပူးပေါင်းပြီး စာပေချစ်မြတ်နိုးသူတွေ အတွက်“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။ စာညွှန်းပြိုင်ပွဲမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ စာဖတ်ပရိသတ်များ တိုးတက်မြင့်မားလာစေရန်၊ စာပေ တတ်မြောက်ရေးကိုမြှင့်တင်နိုင်ရန်နဲ့ နိုင်ငံရဲ့မျိုးဆက်သစ် ရွက်ပုန်းသီး လူငယ်စာရေးဆရာတွေကို ရှာဖွေဖော် ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ပဏာမခြေလှမ်းသစ် အဖြစ် အစပျိုးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ နာမည်ကျော်စာရေးဆရာ (၄) ဦးရဲ့ စာအုပ်ပေါင်း (၂၀) အနက်မှ မိမိတို့ရဲ့ ကြိုက်နှစ်သက်ဆုံး စာအုပ်ကို ရွေးချယ်ကာ အဆိုပါစာအုပ် ဖတ်ရှုမှုအပေါ်တွင် မိမိကိုယ်ပိုင်အမြင်နဲ့ ပြန်လည်သုံးသပ်ချက်တွေကို စာပိုဒ်တိုနဲ့ ရှင်းလင်းထိမိစွာ ရေးသားဖော်ပြရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ မိမိကိုယ်တိုင်ရေးသားထားတဲ့ ဖတ်ညွှန်းတွေကို မိမိရဲ့ ကိုယ်ပိုင် Facebook Account […]

Read More