Day: May 30, 2020

တိုင်းဒေသကြီး ၅ ခုတွင် ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးသည့်အတွက် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ တိုင်းဒေသကြီး ငါးခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တို့မှာ ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တဲ့အတွက် လက်ရှိအသုံးပြုနေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်တွေကို ဂဏန်း (၇) လုံးပါရှေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်အသစ်တွေနဲ့ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်တဲ့နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ -အောင်သူ

Read More

ဆင်းမ်ကတ်များမှတ်ပုံတင်ခြင်းကို ဇွန် ၆ ရက်အထိ တိုးမြှင့်သတ်မှတ်

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ဇွန် ၆ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ နိုင်ငံခြားသာများအတွက် Passport တစ်ခုခုနဲ့ ၂ ကတ်ထက်ပိုကာ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေနဲ့ အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက် နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှ လွဲကာ အထွက်ခေါ်ဆိုမှုကို ပိတ်ထားခဲ့ကြောင်း၊ ထို ဆင်းမ်ကတ်တွေ အနေနဲ့ ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ခြင်းမပြုလုပ်ပါက အပြီးသတ်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ မှတ်ပုံတင်ထားခြင်း ရှိမရှိကို MPT ဆင်းမ်ကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ *601# […]

Read More

Lenovo Legion Y540 Laptop

Gaming အတွက်သာမက Engineering Software အသုံးပြုမယ့်သူတွေ၊ Graphic Design သမားတွေအဆင်ပြေစေမယ့် GTX , RTX Graphic Card တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်တဲ့ Lenovo Legion Y540 Laptop ဖြစ်ပါတယ်။ i7 – 9750H (12MB Cache, 2.60GHz Up to 4.50GHz) CPU နဲ့ Graphic ပိုင်းအတွက်လည်း မိမိစိတ်တိုင်းကျ Nvidia GTX 1650 4GB , Nvidia GTX 1660 Ti 6GB နဲ့ Nvidia RTX 2060 6GB Graphic စတဲ့ သုံးမျိုးထဲက တစ်မျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ RAM […]

Read More