Day: May 26, 2020

လူသိနည်းသေးတဲ့ Google Maps က လှည့်ကွက် (၆) ခု

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတာကြောင့် လူတွေက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ အခုအခါမှာတော့ မြို့တော်နဲ့ ပြည်နယ်ပန်းခြံတွေ ပြန်လည်ဖွင့်လှစ်ဖို့ တာစူနေကြပါတယ်။ ဒါကြောင့် လူတစ်ဦးချင်းက နေ့စဉ်ရုံးတက်ရုံးဆင်းပြုလုပ်တာ ဒါမှမဟုတ် ယာဉ်မောင်းတဲ့အခါကျရင် လမ်းညွှန်ဝန်ဆောင်မှု လိုလာပါမယ်။ ကံကောင်းစွာနဲ့ပဲ Google Maps မှာ ယာဉ်မောင်းတဲ့အခါ သက်သောင့်သက်သာ ဖြစ်စေဖို့ လူသိနည်းသေးတဲ့ feature တချို့ ပါဝင်လာပါတယ်။ အဲဒီ feature တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ Live View နဲ့လမ်းလျှောက်ခြင်း ကားကို သွားရမယ့်နေရာနဲ့ ၅ ဘလောက် အကွာမှာ ရပ်ပြီးတာနဲ့ ဘယ်လိုအရောက်သွားရမလဲကိစ္စက ခက်ခဲနေတတ်ပါတယ်။ Google ရဲ့ Live View tool ကိုသုံးပြီး ဖုန်း screen ကိုကိုင်ထားပြီး အရောက်သွားရမယ့် နေရာကို ကြည့်နိုင်ပါတယ်။ […]

Read More

အဆင့်မြင့် stylus ပါဝင်လာတဲ့ Microsoft Surface Duo

Microsoft Surface Duo ရဲ့ အသေးစိတ်အချက်အလက်တွေက ထွက်ပေါ်နေပြီး stylus feature နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ကလည်း ထွက်လာပါတယ်။ Windows Latest ရဲ့ဖော်ပြချက်အရ Microsoft Surface Duo မှာ အဆင့်မြင့် stylus ပေါင်းစပ်မှုပါဝင်ပြီး အခြား Surface ထုတ်ကုန်အတွေ့ကြုံနဲ့ ညီမျှတဲ့ အတွေ့အကြုံ ပါဝင်လာပါတယ်။ Developer တွေက Surface Duo က feature တွေကို စတင်လုပ်ဆောင်နေပါတယ်။ Android input stack လုပ်ဆောင်ချက်မှာ တစ်ချိန်တည်းမှာ pen နဲ့ လက်ချောင်းကို အသုံးပြုပြီး touch input ထည့်သွင်းနိုင်ပါမယ်။ ဒါကြောင့် မျက်နှာပြင် ၂ ခုမှာ အလုပ်တွေကို ထိရောက်အောင် လုပ်ဆောင်နိုင်ပါမယ်။ […]

Read More

X50 စီးရီးနဲ့အတူ ထွက်ရှိလာနိုင်တဲ့ vivo TWS Neo နားကြပ်

စမတ်ဖုန်းကုမ္ပဏီတွေက လူအများနှစ်သက်ကြတဲ့ TWS (ကြိုးမဲ့) နားကြပ်တွေကို ပိုမိုထုတ်လုပ်လိုကြပါတယ်။ Vivo ကလည်း TWS Neo နားကြပ်ကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ TWS Neo နားကြပ်က မနှစ်ကထွက်ရှိခဲ့တဲ့ vivo TWS နားကြပ်ထက် ဈေးနှုန်းသက်သာပါတယ်။ TWS Neo ဒီဇိုင်းပိုင်းက အရင်ကထွက်ထားတဲ့ ကြိုးမဲ့နားကြပ်တွေနဲ့ ဆင်ပြီး in-ear ညှာတံတစ်ခုပါဝင်သလို ဘဲဥပုံသဏ္ဍာန် case တစ်ခုပါဝင်လာပါတယ်။ အရောင်က‌တော့ အဖြူနဲ့ နက်ပြာ ၂မျိုး ထွက်ရှိလာနိုင်ပါတယ်။ ထုတ်ကုန်ဗီဒီယို ကြော်ငြာတစ်ခုအရ အသံအရည်အသွေးကောင်းမွန်ပြီး latency နည်းပါးဖွယ်ရှိပါတယ်။ TWS Neo ဟာ vivo X50 စမတ်ဖုန်းနဲ့အထူ ဇွန် ၁ရက်နေ့မှာ ထွက်လာနိုင်ပါတယ်။ -စိုးထက် Ref: GSMArena

Read More

မိသားစုကျန်းမာရေး ဆေးပညာ ဘွဲ့လွန်သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစု ကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်းကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်ကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) နဲ့ ဆေးတက္ကသိုလ် ၂ (ရန်ကုန်) တို့မှာ ဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်ထားရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောပါတယ်။ အထက်ပါ အကြောင်းအရာကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစု ကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်ကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ […]

Read More

HP Pavilion 15-cs3124TX Notebook

HP ရဲ့ ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ HP Pavilion 15-cs3124TX Notebook ဖြစ်ပါတယ်။ Gamer တွေ၊ ဒီဇိုင်းဆရာတွေ ၊ AUTO CAD သမားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ RAM ထပ်တိုးလိုသူများ အတွက် Slot အပိုပါဝင်ပါတယ်။ CPU အနေနဲ့ 10th Generation Intel Core i7-1065G7 Processor ကို အသုံးပြုထားပြီး Speed အနေနဲ့ 8MB Cache Turbo Boost 1.3GHz Up to 3.9GHz အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB အထိထောက်ပံ့ပေးထားပြီး Slot အပိုပါဝင်လို့ ထပ်တိုး အသုံးပြုနိုင်ပါတယ်။ […]

Read More

ရန်ပုံငွေ ဒေါ်လာသန်း ၁၀၀ ရရှိခဲ့တဲ့ MasterCalss

MasterClass ဟာ startup ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျော်ကြားထင်ရှားသူတွေက အွန်လိုင်းသင်ခန်းစာတွေ ပို့ချလေ့ရှိပါတယ်။ MasterClass ဟာ Series E round မှာ ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ပါတယ်။ MasterClass ရဲ့ဘဏ္ဍာရေး ထောက်ပံ့မှု အသစ်ကြောင့် ကုမ္ပဏီတန်ဖိုး ဒေါ်လာသန်း ၈၀၀ အထိ ရှိလာတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ MastereClass ရဲ့ content ကိုကြည့်ရှုလေ့လာမယ့် သုံးစွဲသူကတော့ နှစ်စဉ်ကြေး ဒေါ်လာ ၁၈၀ ကျသင့်ပါမယ်။ ၂၀၁၈ ခုနှစ် အတွင်း ကုမ္ပဏီရဲ့ဝင်ငွေ ၈၀ ရာခိုင်နှုန်း က နှစ်စဉ်ကြေးကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဝင်ငွေ ၁၀၀ ရာခိုင်နှုန်းက နှစ်စဉ်ကြေးက ရရှိနေပါတယ်။ MasterClass […]

Read More