Day: May 25, 2020

ကလေးနာမည် ပြောင်းလဲလိုက်တဲ့ အီလွန်မက်နဲ့ ဂရိုင်းစ်

အီလွန်မက်နဲ့ ဂရိုင်းစ်တို့ဟာ ၂ နှစ် အကြာ စုံတွဲခုတ်ပြီးနောက် ကလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ အီလွန်မက်က မေ ၅ ရက်မှာ Twitter ပေါ်မှာ မိခင်ရော ကလေးပါ ကျန်းမာတဲ့အကြောင်း တင်ခဲ့ပါတယ်။ နောက်ပိုင်း မွေးကင်းစ ကလေးဓာတ်ပုံကို ချီထားပုံကို ဝေမျှခဲ့ပါတယ်။ အခုဆိုရင် အီလွန်မက်နဲ့ ဂရိုင်းစ်တို့က ကလေးနာမည်ကို မူလပေးထားတဲ့ “X Æ A-12” ကနေ “X Æ A-Xii” ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။အမည်ပြောင်းလဲလိုက်တဲ့အကြောင်း Instagram မှာ ဂရိုင်းစ်က ကြေညာခဲ့ပါတယ်။ ကလေးနာမည်ကို ကယ်လီဖိုးနီးယားဥပဒေကြောင့် ပြောင်းလဲလိုက်တာလို့ ကလေးနဲ့ မဆက်စပ်တဲ့ ဓာတ်ပုံတစ်ခုရဲ့ comment မှာ therealsainti က မေးမြန်းခဲ့ပါသေးတယ်။ အဲဒီမှတ်ချက်မှာ ဂရိုင်းစ်က “X […]

Read More

iOS ဗားရှင်းအားလုံးမှာ သုံးနိုင်တဲ့ jailbreak ထွက်ပေါ်လာ

Unc0ver ဆိုတဲ့ ဟက်ကာအဖွဲ့တစ်ခုက iOS ထုတ်ကုန်အားလုံးအတွက် jailbreak အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ ပုံမှန်အတိုင်းဆို Apple က iPhone နဲ့အခြား iOS ထုတ်ကုန်တွေမှာ သုံးစွဲသူကို အပြည့်အဝ ထိန်းချုပ်ခွင့် မပေးထားပါဘူး။ Jailbreak ကတော့ iOS operating system ထဲက အားနည်းချက်ကိုသုံးပြီး ဖန်တီးထားတဲ့ သီးသန့် software ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ထုတ်ကုန်ကို အပြည့်အဝထိန်းချုပ်ပြီး root access ရရှိပါမယ်။ Unc0ver အဖွဲ့က နောက်ဆုံး jailbreak software ဗားရှင်း Unc0ver 5.0.0 ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ အဲဒီဗားရှင်းက iOS ထုတ်ကုန် အားလုံးအတွက် အသုံးပြုနိုင်ကာ မကြာသေးခင်က ထွက်ထားတဲ့ iOS […]

Read More

Samsung Galaxy Note 20 သရုပ်ဖော်ပုံထွက်လာ

Samsung Galaxy Note 20 သရုပ်ဖော်ပုံနဲ့ ဗီဒီယိုလေးတွေ ထွက်လာပါတယ်။ Samsung Galaxy Note 20 ရုပ်ပုံကို ရရှိတဲ့ သတင်းအချက်အလက်အခြေခံ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အတည်မပြုနိုင်သေးပါဘူး။ ပုံတွေက Samsung Galaxy S20 Ultra နဲ့တော်တော်ဆင်ပါတယ်။ Galaxy Note 20 ဟာ ထောင့်တွေက စတုရန်းပုံသဏ္ဍာန်ရှိပြီး အရွယ်ပိုမိုကြီးမားဖွယ်ရှိပါတယ်။အရွယ်အစားကတော့ Samsung Galaxy Note 10+ အရွယ်လောက်ရှိပါတယ်။ Samsung Galaxy Note 20+ လည်းထွက်လာနိုင်ပါတယ်။ သတင်းအရ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မရှိပြီး display ကပြန့်ပြူးနေပါမယ်။ Note ထုတ်ကုန်မှာ ဘေးကွေးဒီဇိုင်း မပါတော့တဲ့အတွက် S-Pen အသုံးပြုရလွယ်ကူလာပါမယ်။ S Pen […]

Read More

7dayzay.com မှ ကွန်ပျူတာ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို အထူလျှော့စျေးများဖြင့် ရောင်းချ

7dayzay.com မှ ဝယ်ယူအားပေးသူတွေ အတွက် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ကွန်ပျူတာ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း များ အစရှိတာတွေကို အထူလျှော့စျေးတွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အထူးလျှော့စျေးတွေနဲ့ ရောင်းချမယ့် ပစ္စည်းတွေကတော့ ကျောင်းသုံး၊ ရုံးသုံးအတွက် အဆင်ပြေစေမယ့် laptop တွေ ၊အိမ်သန့်ရှင်းရာမှာ အထောက်အကူပြုမယ့်ဖုန်စုပ်စက်တွေ၊ သက်သောင့်သက်သာရှိတဲ့ Ergonic Design ,Carbon Fibre Design နဲ့ Gamer တွေနဲ့ ရုံးသမားတွေ အဆင်ပြေမယ့် ထိုင်ခုံတွေကို လျှော့ဈေးတွေ Discount တွေနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Laptop ပရိုမိုးရှင်းအနေနဲ့ Jumper EZBook laptop နဲ့ နာမည်ကျော်လူကြိုက်များတဲ့ Dell Latitude notebook တွေကို ဝယ်ယူမယ်ဆိုရင် မေလကုန်အထိ $10 cash back […]

Read More

Environmental Science online သင်တန်းလျှောက်လွှာခေါ်ယူ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆက်စပ်ဘာသာရပ်တွေကို ဗဟုသုတ ရှာမှီးလိုသူတွေအတွက် Environmental Science online သင်တန်းလျှောက်လွှာတွေ ခေါ်ယူနေပါတယ်။ သင်တန်းကာလက ဇွန် ၂ ရက်မှ သြဂုတ် ၂ ရက်အထိ ဖြစ်ပြီး သင်တန်းကို ဘွဲ့ရ (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ အီးမေးလ်မှ တစ်ဆင့် သင်ခန်းစာတွေကို ပေးပို့သွားမှာ ဖြစ်ပြီး online email system ဖြစ်တဲ့အတွက် မိမိအဆင်ပြေတဲ့အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ သင်တန်းသားတွေအနေနဲ့ အင်တာနက်ရှိတဲ့ မည်သည့်နေရာမှ မဆို ချိတ်ဆက်အသုံးပြုပြီး သင်ခန်းစာများကို ဖတ်ရှုခြင်း၊Download ပြုလုပ်ပြီး လေ့လာခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သင်တန်းကြေး ၂၀,၀၀၀ ကျပ် ဖြစ်ပြီး http://tiny.cc/ESOC မှာ စာရင်းပေးသွင်းတက်ရောက်နိုင်မှာပါ ။ Basic Course လေ့လာပြီးသူတွေ အနေနဲ့ Intermediate […]

Read More

Fujixerox DocuPrint C3055

Fuji Xerox အမှတ်တံဆိပ် DocuPrint C3055 Color Printer ဖြစ်ပါတယ်။ A3 အရွယ်အစားအထိ Print ထုတ်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲရ လွယ်ကူပြီး စက္ကူ၊ မင်နဲ့ လျှပ်စစ်အားကို အလေအလွင့် မရှိအောင် ထိန်းသိမ်းပေးနိုင်တဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ Processor- 350 MHz နဲ့ Memory (std./max.) – 256/640 MB RAM ထောက်ပံ့ပေးထားလို့ လုပ်ဆောင်ချက်တိုင်း မြန်ဆန် သွက်လက်နေစေမှာဖြစ်ပါတယ်။ Print Speed က A4 စာရွက်တစ်ရွက်ကို Mono အနေနဲ့ 35ppm နှုန်းနဲ့ ရနိုင်ပြီး Color အနေနဲ့ 8ppm နှုန်းနဲ့ ရရှိနိုင်ပါတယ်။ ပုံထွက်အရည်အသွေး 600 dpi […]

Read More