Day: May 19, 2020

Education

အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်ဆွေးနွေးခဲ့ပြီး ဇူလိုင်လပထမပတ်တွင် ကျောင်းများဖွင့်နိုင်ရန် စီစဉ်ရမည်ဟုဆို

အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ ကျောင်းသား မိဘကိုယ်စားလှယ်တို့ တွေ့ဆုံ၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အပြန်အလှန် ဆွေးနွေးခြင်းကို မေ ၁၉ ရက်က Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ခြင်း ဆွေးနွေးမှုအရ အချိန်တစ်လကျော်အတွင်း ကြိုတင်ပြင်ဆင်မှုများ စဉ်းစားဆုံးဖြတ်ပြီး ဇူလိုင်လ ပထမပတ်တွင် ကျောင်းများဖွင့်နိုင်ရန် စီစဉ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးကစ မကူးပါ၊ လူကြီးတွေကသာ တစ်ဆင့်ကူးမှာ ဖြစ်တယ်၊ ဒါကြောင့် အသက်အရွယ်ကြီးတဲ့ အဘိုးအဘွား၊ ဦးလေး အဒေါ်တွေကို ကျောင်းပို့/ကြို မပြုရန် ညွှန်ကြားမှာဖြစ်ကြောင်း၊ social distancing ကို ကစားနည်းဖြင့်ပြုလုပ်ရန် ဆရာ၊ ဆရာမများ […]

Read More
Local

ဆရာ၊ ဆရာမ သင်ကြားရေးအထောက်အကူများ အခမဲ့ရရှိရန် တယ်လီနောမှ ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုဒဏ် ခံစားရတဲ့ ကဏ္ဍများကို အထောက်အပံ့များပေးရာမှာ ပိုမိုအားကောင်းစေဖို့အတွက် မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းပလက်ဖောင်းကို (၆) လတာ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်စေဖို့ တယ်လီနောမြန်မာမှ ထောက်ပံ့ ပံ့ပိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပညာရေးနှင့် ပတ်သက်ပြီး အကျိုးခံစားခွင့်ကို အားလုံးတန်းတူညီမျှ ခံစားနိုင်ကြစေဖို့ လတ်တလောမှာ အင်တာနက်ဖြတ် တောက်ခံထားရတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ရှိ မြို့နယ် (၈) မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ ၂၀၀၀ ကျော်နဲ့ ကျောင်းသား ၅၀,၀၀၀ တို့အား အခြေခံပညာဦးစီးဌာန (DBE) သင်ကြားရေးရင်းမြစ်များ (DBE Box) များကို တယ်လီနောမှ ပေးအပ်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေနဲ့ သင်ထောက်ကူကိရိယာတွေ အဆက်မပြတ်လက်လှမ်းမီ ရရှိရေး […]

Read More
Local

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် ကို မေ ၂၀ ရက် မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) ကို မေ ၂၀ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး ၊ မန္တလေးစာတိုက်ကြီး နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ စာတိုက်တွေမှာ ရောင်းချပေးသွားမှာပါ။ အထူးအစီအစဥ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေးစာတိုက်ကြီးတို့မှာ မေ ၂၀ ရက်မှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့ စာအိတ် (Firstday […]

Read More
Gadgets

ViewSonic 4k Monitor

ViewSonic အမှတ်တံဆိပ် VP2768-4k မော်ဒယ် Monitor ဖြစ်ပါတယ်။ အပေါ်အောက် ရွှေ့နိုင် ထောင်နိုင် လှည့်နိုင်တဲ့ အားသာချက်တွေ ပါဝင်ပြီး ဈေးနှုန်းသက်သာတဲ့ VP Pro Series ဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစား၂၇ လက်မ ရှိပြီး Resolution: 2560 x 1440 နဲ့ဖြစ်ပါတယ်။ ပိုမို ကြည်လင်ပြတ်သားတဲ့ တိကျသောအရောင်တွေကို မြင်ရပြီး စကရင်ကို အရမ်းအားစိုက်ကြည့်ရလို့ မျက်လုံးညောင်းတာတွေ ပြင်ပမှ မီးအလင်းရောင်တွေနဲ့ အခြား အလင်းရောင်တောက်တောက်တွေ နှောင့်ယှက်ခြင်းကြောင့် အရောင်တွေ ကွဲလွဲစရာ စိတ်ပူစရာမလိုတဲ့ ViewSonic Monitor Hoods နဲ့ တွဲသုံးမယ်ဆိုရင် သုံးစွဲသူရဲ့ မျက်လုံးအပြင် Professional ဓာတ်ပုံဆရာ၊ ရုပ်ရှင်ရိုက်ကူးသူ၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ Animator တွေရဲ့ လုပ်ငန်းများအတွက် စိတ်ချရတဲ့ ကာကွယ်မှု […]

Read More