OPPO အမှတ်တံဆိပ် A52 မော်ဒယ် စမတ်ဖုန်း ပြည်တွင်းစျေးကွက် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မဖြစ်ပြီး Resolution က 1080×2400 Pixels ဖြစ်ပါတယ်။ Octa-Core 2.0GHz CPU နဲ့ RAM 4GB ထည့်သွင်းအသုံးပြုထားပြီး အချက်အလက်သိမ်းဆည်းဖို့အတွက်ကိုတော့ 128GB ထောက်ပံ့ပေးထားပါတယ်။ ကျောဘက်မှာ 12MP, 8MP, 2MP, 2MP ကင်မရာလေးခု ပါဝင်ပြီး ရှေ့ဘက်မှာတော့ 8MP ကင်မရာ ပါဝင်ပါတယ်။ လုံခြုံရေးစနစ်အတွက် ဖုန်းရဲ့ဘေးဘောင်မှာ လက်ဗွေစနစ် တပ်ဆင်ပေးထားပါတယ်။ Android OS 10 အခြေခံစနစ်သုံး Color OS 7.1 အသုံးပြုထားပါတယ်။5000mAh Non-removable ဘက်ထရီ ထည့်သွင်းအသုံးပြုထားတဲ့အတွက် ရုပ်ရှင်ကြည့်ခြင်းနဲ့ ဂိမ်းကစားခြင်းကို အချိန်ကြာကြာ အသုံးပြုနိုင်မှာ […]
Read MoreSamsung Galaxy A51 ဟာ ၂၀၂၀ ပထမသုံးလပတ်အတွင်း ကမ္ဘာပေါ်က ရောင်းအားအကောင်းဆုံး Android ဖုန်းဖြစ်တယ်လို့ Strategy Analytics ကဖော်ပြခဲ့ပါတယ်။ Samsung Galaxy A51 ဖုန်းအလုံးရေ ၆ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ဝေစု ၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဒုတိယရောင်းအားအကောင်းဆုံးဖုန်းကတော့ Xiaomi Redmi 8 ဖြစ်တယ်လို့ Strategy Analytics က ဖော်ပြလိုက်ပါတယ်။ ပထမသုံးလပတ်အတွင်း ဈေးကွက်ဝေစု ၁.၉ ရာခိုင်နှုန်းရှိပါတယ်။ Samsung Galaxy S20 Plus ကတော့ တတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဈေးကွက်ဝေစု ၁.၇ ရာခိုင်နှုန်း ရှိပါတယ်။ ထိပ်တန်းဖုန်း ၆ ခုထဲမှာ တစ်ခုတည်းသော တန်ဖိုးကြီးဖုန်း ဖြစ်တယ်လို့ Strategy […]
Read MoreGoogle Chrome က tab တွေစုစည်းပေးမယ့် feature ကိုစမ်းသပ်နေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ feature က tab ဒါဇင်ပေါင်းများစွာကို စုစည်းပေးနိုင်ပါမယ်။ အခုလုပ်ဆောင်ချက်ကို Chrome Beta https://www.google.com/chrome/beta/ လင့်ခ်မှာ စမ်းသပ်နိုင်ပါတယ်။ လာမယ့်အပတ်အတွင်း Chrome desktop ဗားရှင်းအတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိမယ်လို့ သိရပါတယ်။ Google ရဲ့ tab စုစည်းတဲ့ feature ကအလွန်အသုံးဝင်လာပါမယ်။ သုံးစွဲသူက tab တစ်ခုပေါ်မှာ right-click ကိုနှိပ်ပြီး အဖွဲ့တစ်ခုအဖြစ် စုစည်းကာ နာမည်နဲ့ အရောင်တွေ သတ်မှတ်နိုင်ပါယ်။ ဒါ့အပြင် သုံးစွဲသူက အဖွဲ့အတွင်းက tab တွေအားလုံးက အရောင်ကို တွေ့နိုင်ပြီး tab တွေကို drag လုပ်ကာ ထည့်သွင်းရပါမယ်။ စိုးထက် Ref: TheVerge
Read Moreတစ်မိနစ်ကို စာရွက်ရေ ၃၂ မျက်နှာ အထိ အမြန်ဆုံး ထုတ်ပေးနိုင်တဲ့ ဂျပန်နိုင်ငံလုပ် Fuji Xerox အမှတ်တံဆိပ် DocuPrint -3015 A3 Laser Printer ဖြစ်ပါတယ်။ Memory Capacity အနေနဲ့ 512MB ကနေ 1.5GB သိုလှောင်နိုင်စွမ်း ရှိပါတယ်။ 60g ကနေ 216 g အလေးချိန်ရှိ စာရွက်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Print Resolution 1200 x 1200 dpi နဲ့ A3 အရွယ်အထိ ထုတ်နိုင်ပါတယ်။ Monthly Duty Cycle အနေနဲ့ ၁၀၀ ၀၀၀ အထိ ရရှိတဲ့အတွက် ရုံးသုံးသာမက စီးပွားရေးလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက […]
Read Moreအမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက်ရောက် သင်ကြားလျက်ရှိတဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ အားလုံးကို အွန်လိုင်းစနစ်နဲ့ သင်ကြားဖို့ လျာထားလျက်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်ကာလအတွင်း ပုံမှန်ကျင်းပပြုလုပ်လျက်ရှိတဲ့ Graduation Performance နဲ့ ဘွဲ့နှင်းသဘင်ကျင်းပကာ ဘွဲ့တွေကို ပေးအပ်ရန်ရှိကြောင်း၊ ပုံမှန်သင်တန်းတွေကို ပြန်လည်မဖွင့်လှစ်မီ ကာလအတွင်း Theory စာတွေ့တွေကို အွန်လိုင်းစနစ်နဲ့ မေ ၁၈ ရက်မှစတင်ကာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
Read Moreရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန မှ နှစ်စဥ် ဖွင့်လှစ်လျက်ရှိတဲ့ Global English Course (2/2020) သင်တန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ National Centre for English Language မှ သိရပါတယ်။ “အကြောင်းကြောင်းကြောင့် Global English Course (2/2020) အတန်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ကြေညာထားတဲ့ ဝင်ခွင့်ခေါ်ယူခြင်း တွေကို ရွှေ့ဆိုင်းလိုက်တာပါ။ သင်တန်းတွေပြန်လည်ဖွင့်လှစ်မယ့် ရက်ကို ပြန်လည်ကြေညာသွားမှာပါလို့” NCEL ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ Global English Course ဟာ ဝင်ခွင့်ကို နှစ်စဥ် အွန်လိုင်းမှ တစ်ဆင့်ခေါ်ယူလေ့ရှိပြီး တစ်နှစ်လျှင်သုံးကြိမ်ခန့် ခေါ်ယူလေ့ရှိပါတယ်။ ဝင်ခွင့်ရရှိသူတွေဟာ Level ငါးခုကို တက်ရောက်ရမှာ ဖြစ်ပြီး Basic, Intermediate, Upper Intermediate, Advanced […]
Read More