Day: May 13, 2020

စွမ်းဆောင်ရည်မြှင့်မားတဲ့ မျိုးဆက်သစ် Poco F2 Pro

Xiaomi အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Poco ဟာ F1 ဖုန်းကို မိတ်ဆက်ခဲ့တုန်း လူကြိုက်များခဲ့ပါတယ်။ Poco F1 ထွက်ရှိပြီး ၂ နှစ်အကြာမှာတော့ Poco F2 Pro ကိုထုတ်ပြလိုက်ပါတယ်။ Poco F2 Pro ဟာ F1 ဖုန်းနဲ့ နှိုင်းယှဉ်ရင် အဆင့်မြင့်လာပါတယ်။ Qualcomm ရဲ့ အကောင်းဆုံးချစ်ပ် ဖြစ်တဲ့ Snapdragon 865 ကို အသုံးပြုထားပြီး GPU driver တွေကိုအဆင့်မြှင့်တင်နိုင်ပါတယ်။ Poco F2 Pro ဖုန်းမှာ LiquidCool 2.0 နည်းပညာ ပါဝင်လာပါတယ်။ အအေးခံတဲ့ အခန်းက အခြားဖုန်းတွေထက် နေရာယူထားပြီး ဖုန်းကို လျင်မြန်စွာ အအေးပေးနိုင်ပါတယ်။ F2 Pro မှာ Poco […]

Read More

DohMovie

မြန်မာစာတန်းထိုး ဇာတ်ကား​တွေကို အခမဲ့ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားနဲ့ ဇာတ်လမ်းတွဲ​တွေကို App က​နေ တိုက်ရိုက်ကြည့်ရှုနိုင်သလို ဖုန်းထဲကို download လုပ်ပြီးလည်း ကြည့်နိုင်မှာဖြစ်ပြီး မိမိကြည့်ချင်တဲ့ ဇာတ်ကားကိုလည်း ​App ကတစ်ဆင့် တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

iPhone 12 မှာ 120Hz မျက်နှာပြင်နဲ့ 3x zoom ကင်မရာ ပါဝင်လာနိုင်

အသစ်ထွက်ရှိမယ့် iPhone 12 စီးရီးဖုန်းနဲ့ ပတ်သက်တဲ့ CAD သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီပုံတွေကို EverthingApplePro အဖွဲ့က 3D ပုံရိပ်ဖန်တီးခဲ့ပါတယ်။ iPhone 12 တွေမှာ Smart Connector (iPad လိုမျိုး) ပါဝင်မယ်လို့ ကောလာဟလ သတင်းထွက်ပေါ်ခဲ့ပါတယ်။ iPhone 12 မျက်နှာပြင်အရွယ်အစားက ၅.၄ လက်မပဲ ရှိနိုင်ပါတယ်။ iPhone SE အသစ်နဲ့ အရွယ်အစား သိပ်မကွာဘူးလို့ သိရပါတယ်။ iPhone SE အသစ်က ၄.၇ လက်မပဲ ရှိပေမယ့် 16:9 aspect ratio နဲ့ ဘေးဘောင်တွေက ကြီးပါတယ်။ iPhone 12 Pro စီးရီးထွက်ရှိနိုင်ပြီး Navy Blue ဆိုတဲ့အရောင်သစ်နဲ့ ထွက်လာနိုင်ပါတယ်။ […]

Read More

Apple Store app အတွက် dark mode ထောက်ပံ့

Apple ဟာ iOS အတွက် Apple Store app ဗားရှင်းသစ်မှာ Dark mode ထောက်ပံ့လိုက်ပါတယ်။ Apple က ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ Apple Support app ကိုလည်း Dark mode ထောက်ပံ့ပေးလိုက်ပါတယ်။ Apple Store app ရဲ့ interface မှာ အနက်နဲ့ မီးခိုးဒီဇိုင်းကို ပေါင်းစပ်ထားပါတယ်။ iPhone ဒါမှမဟုတ် iPad system setting ထဲက Dark mode အတိုင်း ထိန်းသိမ်းထားပြီး သုံးစွဲသူစိတ်ကြိုက်ပေါ် အခြေခံပြီး အလိုအလျောက် အပြောင်းအလဲ ပြုလုပ်ပေးပါတယ်။ Apple Store app မှာ dark mode ထောက်ပံ့မှုအပြင် အားနည်းချက်တွေကို ပြင်ဆင်ထားပြီး […]

Read More

eLibraryUSA ဒေတာဘေ့စ်များ မိတ်ဆက်ခြင်းသင်တန်းကို အွန်လိုင်းမှ တက်ရောက်နိုင်မည်

eLibraryUSA ဒေတာဘေ့စ်များ မိတ်ဆက်ခြင်း သင်တန်းကို မေ ၁၅ ရက်၊ နေ့လယ်၂ နာရီမှ ၃ နာရီထိ အွန်လိုင်းမှ ပြန်လည်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ Research Skills Session တစ်ခု ဖြစ်တဲ့ eLibraryUSA ဒေတာဘေ့စ်များ မိတ်ဆက်ခြင်း သင်တန်းတွင် ပညာရပ်ဆိုင်ရာနှင့်သတင်းအချက်အလက် ဒေတာဘေ့စ်များကို မိမိအိမ်ကနေ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပြီး COVID19 ကြောင့် အမေရိကန်စင်တာရန်ကုန်နဲ့ ဂျက်ဖာဆင်စင်တာ မန္တလေးတို့ကိုပိတ်ထားစဥ်ကာလမှာ ဒီဒေတာဘေ့စ်တွေကို အခမဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ Zoom Meeting Room နဲ့ တက်ရောက်ရမှာ ဖြစ်ပါပြီး တက်ရောက်လိုပါက ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ပါတယ်။ -သန္တာ အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . […]

Read More

Apple ဝန်ထမ်းတချို့ ရုံးပြန်တက်နေ

Apple က မကြာခင်မှာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ရုံးတွေမှာ ဝန်ထမ်းတွေ ပြန်လည် ခေါ်ယူမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Apple က ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုင် Apple Park ဌာနချုပ် အပါအဝင် ရုံးတွေမှာ ဝန်ထမ်းတွေ ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ အခြားနည်းပညာကုမ္ပဏီတွေက ဆက်လက်ဖြစ်ပေါ်နေတဲ့ COVID-19 အတွင်း နေအိမ်ကနေ အလုပ်လုပ်မယ့်ကာလကို တိုးမြှင့်ခဲ့ပါတယ်။ လာမယ့်လအနည်းငယ်အတွင်း အဆင့်လိုက် ဝန်ထမ်းတွေ ပြန်လည်ခေါ်ယူဖို့ Apple က စီစဉ်ထားပါတယ်။ ပထမအဆင့်မှာ နေအိမ်ကနေ အလုပ်လုပ်ဖို့ ခက်ခဲတဲ့ ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူဖို့ အာရုံစိုက်သွားမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့ hardware ထုတ်ကုန်က ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူသွားပါမယ်။ ဝန်ထမ်းတချို့ကတော့ Apple […]

Read More

TOEIC စာမေးပွဲများကို ပုံမှန်အတိုင်းပြန်လည်ကျင်းပမည်

Test of English for International Communication (TOEIC) စာမေးပွဲတွေကို ပုံမှန်အတိုင်း ပြန်လည်ကျင်းပသွားမယ်လို့ IIG Education Myanmar မှသိရပါတယ်။ TOEIC စာမေးပွဲတွေကို မေ ၂၃ ရက်နဲ့ ၂၅ ရက်တွေမှာ ပြန်လည်ကျင်းပသွားမှာ ဖြစ်ပြီး ဖြေဆိုလိုသူတွေ အနေနဲ့ မေ ၂၀ ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ TOEIC စာမေးပွဲမှာ နိုင်ငံတကာလုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုစစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ထိုင်းနဲ့ အချို့သောအနောက်နိုင်ငံများရှိ တက္ကသိုလ်တွေမှာလည်း TOEIC ရလဒ်ကို ကျောင်းဝင်ခွင်နဲ့ ပညာတော်သင်စရိတ်ချီးမြှင့်ရာမှာ တောင်းဆိုကြပါတယ်။ IIG Education Myanmar Test Center ကို ပုံမှန်ရုံးချိန်အတိုင်း ပြန်လည်ဖွင့်ထားပြီး TOEIC […]

Read More

ရေအောက် ၈ မီတာအထိ ယူဆောင်ရိုက်ကူးနိုင်မယ့် LUMIX DMC-FT30

ရေစိုခံပြီး ရေအောက်ကို 8m (26ft) အထိ ရိုက်ကူးနိုင်တဲ့အပြင်၊ ပုံမှန် ကင်မရာတွေနဲ့ ရေထဲမှာ ဓာတ်ပုံရိုက်တဲ့ အခါမှာ မှိန်သွားတတ်တဲ့အနီရောင်ကိုပါ ပြန်လည်ချိန်ညှိပေးတာကြောင့် အရောင်အသွေးစိုပြည်လှပတဲ့ ရေအောက်ဓာတ်ပုံတွေကိုရရှိနိုင်မယ့် Lumix DMC-FT30 ကင်မရာဖြစ်ပါတယ်။ 1/2.33-inch CCD Sensor / 16.6 Total Megapixels / Primary Color Filter တွေ ထောက်ပံ့ပေးထားပါတယ်။ ဓာတ်ပုံ အနေနဲ့ 16.1 Megapixels 10fps ရရှိမှာဖြစ်ပြီး ဗီဒီယိုအနေနဲ့ 1280 x 720 pixels, 25fps (HD: 10Mbps / MP4) ရရှိမှာဖြစ်ပါတယ်။ Zoom အနေနဲ့ အဆ 4x အထိ ဆွဲနိုင်မှာဖြစ်ပါတယ်။ 35mm […]

Read More

Moonton မှ MPL-MM S4 ပွဲစဉ်အချိန်ဇယားအသစ်များကို ထုတ်ပြန်ကြေညာ

MPL-MM S4 ပွဲစဉ်တွေကို ဧပြီလတွင် Covid-19 အကြပ်အတည်းကြောင့် နောက်ဆုတ်ခဲ့ရသော်လည်း ယခုအခါ Moonton မှ ပုံမှန်ပွဲစဉ်တွေကို မေ ၁၆ ရက် ၂၀၂၀ ခုနှစ်မှစ၍ ဇွန် ၇ ရက်အထိ ပြန်လည်ကျင်းပသွားမှာ ဖြစ်သလို Grand Final ပွဲကိုတော့ ဇွန် ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကြသူများအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဂရုတစိုက် စီစဉ်ဆောင်ရွက်ထားပြီး ကျွန်တော်တို့နှစ်သက်တဲ့ ဂိမ်းကို တာဝန်သိတတ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ကစားလိုပါတယ်။ အခု ပြန်လည်ရေးဆွဲထားတဲ့ ပွဲစဉ်အချိန်ဇယားကတော့ ၂၀၂၀ ခုနှစ် လိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကြမယ့် ကစားသမားတွေ၊ ဝန်ထမ်းတွေ နဲ့ အားပေးကြမယ့် […]

Read More