Day: May 11, 2020

Local

BFI Education Service နှင့် BFI ကျောင်းသားဟောင်းများ စုပေါင်းလှူဒါန်းပွဲ

BFI Education Service နဲ့ BFI ကျောင်းသားဟောင်းတွေက ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုက အိမ်ထောင်စု (၁,၀၀၀) ကျော်အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။ မေ ၁၁ ရက်က လှူဒါန်းခဲ့တာဖြစ်ပြီး သာကေတ၊ ဒေါပုံနဲ့ မင်္ဂလာတောင်ညွန့်က အဆင်းရဲဆုံး အိမ်ထောင်စုတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အိမ်ထောင်စုတစ်စုကို ကျပ် ၁၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စားသောက်ကုန်တွေကို နေထိုင်ရာရပ်ကွက်တွေ အထိ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ -ဝေဝေ အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .

Read More
Microsoft
Tech

Reply-all လုပ်ဆောင်ချက်အသစ်ကို Microsoft ဖြန့်ချိ

Microsoft ဟာ Office 365 နဲ့ Exchange Online အတွက် reply-all ကာကွယ်ရေးလုပ်ဆောင်ချက်အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ အခုလုပ်ဆောင်ချက်က ပေးပို့သူ BBC လုပ်ဖို့ မေ့သွားပြီး အီးမေးလ်တစ်စောင်ထဲမှာ လူရာပေါင်းများစွာက reply လုပ်လိုက်ရင် ဖြစ်ပေါ်လာတဲ့ အခြေအနေကို တားဆီးပေးမှာပါ။ အခု feature က အဖွဲ့အစည်းကြီးတွေ အတွက် အလွန်အသုံးဝင်ပြီး တစ်နာရီအတွင်းအီးမေးလ်လက်ခံရရှိသူ ၅,၀၀၀ကျော်ဆီ reply-all အီးမေးလ် ၁၀ ခုကို ခြေရာခံမိပါမယ်။ “အချိန်နဲ့အမျှ ကျွန်တော်တို့က သုံးစွဲမှု telemetry စနစ်နဲ့ ဖောက်သည်တုံ့ပြန်မှု အချက်အလက်ကို စုဆောင်းပြီး အပြောင်းအလဲပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။ Reply All Storm Protection ကာကွယ်မှုကို အဆင့်မြှင့်တင်ပြီး Office 365 သုံးစွဲသူတွေဆီ […]

Read More
Tech

Realme က 6,000mAh ဘက်ထရီထုတ်လုပ်ဖို့ ထောက်ခံချက်ရရှိ

Realme ဟာ Realme 6i မှာ ဘက်ထရီ 5,00mAh အထိ ထည့်သွင်းပြီး ဘက်ထရီပမာဏ အမြင့်ဆုံးရရှိအောင် ဆောင်ရွက်ထားနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ Realme ဟာ ဘက်ထရီသက်တမ်းကို ထပ်မံတိုးမြှင့်လိုက်ဖွယ်ရှိပါတယ်။ Realme ဟာ ဘက်ထရီ 6,000mAh ပမာဏရှိတဲ့ ဘက်ထရီ BLP793 ကို TUV ထောက်ခံချက်ရရှိအောင် တင်ခဲ့ပါတယ်။ တိတိကျကျပြောရရင် Realme ရဲ့ဘက်ထရီပမာဏကတော့ 5,860mAh ပဲရှိပါတယ်။ Realme ရဲ့ 5,860mAh ဘက်ထရီဟာ Narzo 10 ဖုန်းတွေမှာ ပါဝင်လာနိုင်ပါတယ်။ Narzo 10 ဖုန်းဟာ Realme 6i ကို အမှတ်တံဆိပ် ပြန်လည် ဆန်းသစ်ထားတဲ့ဖုန်း ဖြစ်နိုင်ပါတယ်။ Narzo 10A ဖုန်းမှာတော့ Realme […]

Read More
Education

 ဩစတြေးလျပညာသင်ဆုအကြောင်း အွန်လိုင်းဟောပြောပွဲ ပြုလုပ်မည်

ဩစတြေးလျပညာသင်ဆု (မြန်မာ) အစီအစဉ်ကနေ အွန်လိုင်းမှတစ်ဆင့် ပညာသင်ဆုဆွေးနွေးပွဲတွေကို မေ ၁၅ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ မေ ၁၇ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ မေ ၂၂ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း Zoom မှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ပညာသင်ဆုအကြောင်း အသေးစိတ်ဟောပြောမှုနဲ့အတူ မေးခွန်းတွေကိုဖြေကြားပေးမှာဖြစ်ပြီး တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ ဘယ်နေ့မှာ တက်ရောက်မယ် ဆိုတာကို [email protected] သို့ အီးမေးလ်ပို့ပြီး စာရင်းသွင်းနိုင်မှာဖြစ်ပါတယ်။ မိမိ တက်ရောက်မယ့်နေ့မှာ ပါဝင်ဆွေးနွေးဖို့ အသေးစိတ် အချက်လက်တွေကိုပေးပို့ပေးမှာ ဖြစ်တယ်လို့ […]

Read More
Education

စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဗီဒီယို ၅၀ ကို MESI Youtube Channel တွင် အခမဲ့ကြည့်ရှုနိုင်မည်

Certificate မှ Diploma အထိ စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဗီဒီယို ၅၀ ကို MESI Youtube Channel တွင် အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ MESI University College မှ COVID-19 ကာလအတွင်း MESI မှ CSR အခမဲ့ပညာရေးအစီအစဉ်အဖြစ် မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၅၀ အထိ အခမဲ့သင်ကြားနိုင်မှာဖြစ်ပါတယ်။ Certificate Level မှ Diploma Level အဆင့်အထိ စီးပွားရေးပညာမှာ နာမည်ကြီးဘာသာရပ် Video ဟောပြောချက် အပိုင်း ၅၀ ကျော် တွင် Business Management Strategy (စီးပွားရေးစီမံခန့်ခွဲမှု မဟာဗျူဟာ) ကို ဆရာမကြီး ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်လှမြင့် ၏ဟောပြောချက် (Part […]

Read More
News
Tech

တစ်ကမ္ဘာလုံးဆီ ဖြန့်ချိမယ့် MIUI 12

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းက Mi 10 Youth စမတ်ဖုန်းနဲ့အတူ MIUI 12 ကို မိတ်ဆက်ခဲ့ပါတယ်။ တရုတ်ပြည်က ပရိသတ်တွေအတွက် အရင်ဆုံးမိတ်ဆက်ခဲ့တာပါ။ အခုဆိုရင် Xiaomi က မေ ၁၉မှာ MIUI 12 တစ်ကမ္ဘာလုံးဆီ ဖြန့်ချိဖို့ စဉ်ထားပါတယ်။ MIUI Twitter account က MIUI 12 မိတ်ဆက်မယ့်ရက်ကို ဉာဏ်စမ်းပုံစံ အမြည်းသဘော မိတ်ဆက်လိုက်ပါတယ်။ ဉာဏ်စမ်းက သင်္ချာပုစ္ဆာတစ်ခုဖြစ်ပါတယ်။ အဖြေက ၁၉ဖြစ်ပါတယ်။ MIUI 12 ဟာ Andoird 10 အခြေခံထားပြီး အဓိက ရုပ်ထွက်ပိုင်းပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။ MIUI 12 မှာ flat design, animations အသစ်နဲ့ တိုးတက်လာတဲ့ dark […]

Read More
News
Tech

Google Duo ဝက်ဘ်ဆိုက်မှာ group video call လုပ်ဆောင်ချက် ပါဝင်လာမယ်

မတ်လမှာ COVID-19 ကပ်ရောဂါကာလအတွင်း Google က Duo ပေါ်က group video call ပါဝင်သူဦးရေ ကန့်သတ်မှု ၈ဦးကနေ ၁၂ဦးအထိ ခွင့်ပြုလိုက်ပါတယ်။ အခုဆိုရင် Google က Duo သုံးစွဲသူတွေ ဝက်ဘ်ပေါ်မှာ group video call အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Chrome မှာ preview အဖြစ်တွေ့နိုင်ပါတယ်။ Chrome အတွက် group call ထောက်ပံ့မှုကို လာမယ့်အပတ်အတွင်း ဖြန့်ချိမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ layout အသစ်ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ ဒါ့အပြင် လူတွေ group call ကို join နိုင်ဖို့ invite လင့်ခ်ကို အလွယ်တကူထုတ်နိုင်ပါတယ်။ Google […]

Read More