Day: May 8, 2020

သြစတြေးလျအစိုးရတက္ကသိုလ် James Cook University မှပညာသင်ဆုကို စာမေးပွဲဖြေဆိုစရာမလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်

သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University မှ ပညာသင်ဆုကို စာမေးပွဲဖြေဆိုစရာမလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။ James Cook University Singapore ရဲ့ ဇူလိုင်လ ကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆုလျှောက်ထားလိုသူများ ယခင်ကလို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစရာမလိုတော့ဘဲ မိမိရဲ့ ပညာရေး စာရွက်စာတမ်းများနှင့်တကွ ဇွန် ၈ ရက် နောက်ဆုံးထားပြီး MSI Overseas Education မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားရယူနိုင်မယ့် ပညာသင်ဆု ရာခိုင်းနုန်းကတော့ ၁၀၀ ရာခိုင်နှုန်း, ၅၀ ရာခိုင်နှုန်း နဲ့ ၂၅ ရာခိုင်နှုန်းတွေ ဖြစ်ပြီး ကျောင်းဖွင့်ရက် မတိုင်ခင် တစ်ပတ်အလိုမှာ ပညာသင်ဆု ရရှိသူများကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ (10) တန်း နှင့် IGCSE […]

Read More

ဒီဇိုင်းပိုင်း အကြီးအကျယ်ပြောင်းလဲထားတဲ့ Lenovo Legion

Lenovo Legion ဟာ မျိုးဆက်သစ် gaming စမတ်ဖုန်းဖြစ်ပါတယ်။ Lenovo Legion မှာ ကြိုးနဲ့ အားသွင်းရင် 90W အထိ ထောက်ပံ့ထားပြီး ‌cooling နည်းပညာသစ်လည်း ပါဝင်လာပါမယ်။ အခုဆိုရင် XDA-Developers က Lenovo Legion ဖုန်းပုံတချို့ ထွက်ပေါ်လာပါတယ်။ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ဖုန်းကို ဈေးကွက်ရှာဖွေရေး ကြော်ငြာဗီဒီယိုမှာ ဖော်ပြထားတဲ့ ပုံစံဖြစ်ပါတယ်။ Lenovo Legion ကျောဘက် အလယ်တည့်တည်မှာ ကင်မရာကို ထည့်သွင်းထားပြီး ဘေးဘက်မှာ selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ Lenovo Legion ကိုရေပြင်ညီပုံစံ ကိုင်တွယ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ အတွက် ကင်မရာ နေရာချထားတဲ့ပုံစံက ထူးဆန်းနေပါတယ်။ Selfie ကင်မရာက pop-up ဖြစ်ပြီး Legion လိုဂို […]

Read More

မှန်ကန်‌သောပညာရေးလမ်းကြောင်းရွေးချယ်နိုင်စေရန်အတွက် EBT free online class ဖွင့်မည်

ပညာရေးလမ်းကြောင်းရွေးချယ်ရာမှာ အခက်အခဲ မရှိဘဲ ကိုယ်ဝါသနာပါရာ လမ်းကြောင်းကို တိတိကျကျ ရွေးချယ်နိုင် ဖို့ရည်ရွယ်ပြီး EBT Free Online class ကို Royal Academic Instituteမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သင်တန်းက တစ်ပတ်ကြာမြင့်မှာ ဖြစ်ပြီး အခမဲ့သင်ကြားပေးမှာ ဖြစ်ပါတယ်။ Business,Science ,ICT, psychology အပြင် အင်္ဂလိပ် စတဲ့ ဘာသာရပ်တွေပါ သင်ကြားပေးသွားမှာဖြစ်သလို Independent study skills, Social and Emotional Learning နဲ့ psychology ဘာသာရပ်တွေပါ လေ့လာခွင့်ရမှာဖြစ်ပါတယ်။. ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘာသာရပ်စုံစုံလင်လင် လေ့လာရမှာ ဖြစ်ပြီး မိမိတို့ တကယ်စိတ်ဝင်စားတဲ့ ပညာရပ်ဆိုင်ရာလမ်းကြောင်းတွေကို ရွေးချယ်ရာမှာ အများကြီး အထောက်အကူရမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကို […]

Read More

လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်မည်

လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ကို လျှောက်ထားရာတွင်သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးများတွင်လည်းကောင်း Online Web Portal ဖြစ်တဲ့ https://www.ssbmyanmar.org မှတစ်ဆင့်လည်းကောင်း လျှောက်ထားနိုင်မယ်လို့သိရပါတယ်။ COVID-19 ရောဂါကာလအတွင်း ယာယီအလုပ်ရပ်နားခဲ့ရသော လူမှူဖူလုံရေးအဖွဲ့နဲ့ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအတွက် ရပ်နားထားသော ရက်များအလိုက် လုပ်ခလစာရဲ့ လေးဆယ်ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးမှာ ဖြစ်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရာတွင် အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံး နဲ့ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ဖုန်း-၀၆၇-၃၄၁၇၁၅၁၊ ၀၆၇-၃၄၁၇၉၁၂ နဲ့ ၀၆၇-၃၄၁၇၉၂၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Read More

တောင်ကိုရီးယားမှာ စတင်ရောင်းချနေတဲ့ LG Velvet

LG Velvet နဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်အပြင် အမြည်းမိတ်ဆက်မှုတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ အခုဆိုရင်လည်း LG Velvet ဖုန်းဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန် ထွက်လာပါတယ်။ အခုဆိုရင် LG Velvet ကိုတောင်ကိုရီးယားမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဝမ် ၈၉၉,၈၀၀ (၇၃၅ဒေါ်လာ) ကျသင့်ပါမယ်။ LG Velvet မှာ Snapdragon 765GB chipset နဲ့ 5G ချိတ်ဆက်မှုပါဝင်တဲ့ Snapdragon X52 modem ပါဝင်လာပါတယ်။ ဖုန်းမှာ 8/128GB အသုံးပြုထားပြီး MicroSD ကတ်ပေါက်ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာကတော့ 48MP, 8MP ultra-wide-angle နဲ့ portrait ပုံတွေ ရိုက်ကူးဖို့ 5MP depth sensor လည်းပါဝင်လာပါတယ်။ ရှေ့ကင်မရာကိုတော့ notch […]

Read More

လက်ရေး မှတ်စုတွေ ကူးယူနိုင်မယ့် Google Lens

Google ဟာ Google Lens မှာအလွန်အသုံးဝင်မယ့် feature တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။ အဲဒီ feature ကတော့ Lens ကိုအသုံးပြုပြီး ဖုန်းကနေ လက်ရေးမှတ်စုတွေကို ကွန်ပျူတာဆီ copy and past လုပ်ဆောင်ချက်ဖြစ်ပါတယ်။ လက်ရေးရှင်းလင်းမှပဲ feature ကိုအသုံးပြုနိုင်ပါမယ်။ အဲဒီ feature အသစ်ကို Google Chrome နောက်ဆုံးဗားရှင်းရှိဖို့သလို Android မှာGoogle Lens သီးသန့် app နဲ့ iOS မှာ Google app ရှိရပါမယ်။ သုံးစွဲသူက ထုတ်ကုန် ၂မျိုးစလုံးမှာ Google account တစ်ခုတည်းကို ဝင်ထားဖို့ လိုပါမယ်။ အခု feature ကိုအသုံးပြုမယ်ဆိုရင် လက်ရေးမှတ်စုကို ကင်မရာရိုက်ပြီး မျက်နှာပြင်ပေါ်က highlight […]

Read More

Google ရဲ့ messaging ဝန်ဆောင်မှုတွေကို အဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်း

နှစ်အနည်းငယ်အတွင်း Google ရဲ့ messaging ဝန်ဆောင်မှုတွေဟာ တစ်ကိုယ်ရေနဲ့ လုပ်ငန်းသုံးတွေ အကြား ကွဲပြားနေပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း messaging ဝန်ဆောင်မှုတွေကို တိုးချဲ့တာနဲ့ အမှတ်တံဆိပ်ကို ပြန်လည်ဆန်းစစ်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ messaging app တွေကို G Suite အကြီးအကဲ ဂျာဗီးယားဆိုတာရိုအောက်မှာ ပေါင်းစည်းလိုက်ပြီ ဖြစ်ပါတယ်။ Google Duo, RCS Messages client နဲ့ Android ရဲ့ Phone dialer အပြင် Google Chat, Meet နဲ့ Voice တို့ကို ဂျာဗီးယားဆိုတာရိုက ဦးဆောင်သွားပါမယ်။ ဆိုတာရိုဟာ G Suite ကိုဦးဆောင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Microsoft ကနေ Google Cloud […]

Read More