Day: May 5, 2020

Android

Myanmar eTV

အခမဲ့ အွန်လိုင်း TV app ဖြစ်ပါတယ်။ 5 plus, Channel7, Channel9, MNTV, MRTV-4, MRTV Entertainment, MWD, Mahar, MITV, HLUTTAW စတဲ့ ရုပ်လိုင်းလိုင်း​တွေက အစီအစဥ်​တွေကို App က​နေကြည့်ရှုနိုင်​အောင် ဖန်တီးထားပြီး အွန်လိုင်းအ​ခြေပြု App ဖြစ်တဲ့အတွက် အသုံးပြုတိုင်း ဖုန်းမှာ အင်တာနက် ဖွင့်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Education

MHR Management Institute မှ Free Online Career Camp ကို တက်ရောက်နိုင်

တက္ကသိုလ်ဝင်တန်း ဖြေဆိုထားတဲ့ ကျောင်းသား/သူတွေနဲ့ ဘွဲ့ကြို ကျောင်းသား/သူတွေ အတွက် Free Online Career Camp ကို MHR Management Institute မှ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ Free Online Career Camp မှာသင်ကြားမယ့် ဘာသာရပ်တွေ ကတော့ Effective Business Communication် Fun with Mathematics, Basic Management, Basic Accounting, Basic Marketing, Basic HR, Basic IT စတာတွေပဲဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဆရာ/ဆရာမ တွေကတော့ ဒေါက်တာဒေါ်ချိုချိုဝေ (Principle of MHR)၊ ဒေါ်ဆွေဇင်အေး (Founder & MD of MHR) နဲ့ […]

Read More
Local

Viber တွင်အလိုအလျောက် မက်ဆေ့ချ်ပျောက်ကွယ်သည့် လုပ်ဆောင်ချက်ကိုထည့်သွင်း

မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်အောင် ပြုလုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို Viber ရဲ့ စာတိုပေးပို့မှု လုပ်ဆောင်ချက်တိုင်းမှာ အသုံးပြုနိုင်တော့မယ်လို့ Rakuten Viber မှ သိရပါတယ်။ ယခင်က လျှို့ဝှက်စာတိုပေးပို့မှု (Secret Chat) မှာသာ ရရှိခဲ့တဲ့ အဆိုပါလုပ်ဆောင်ချက်ကိုအသုံးပြုသူတွေအနေနဲ့ မိမိသတ်မှတ်လိုတဲ့ အချိန် (နာရီ၊ မိနစ်၊ စက္ကန့် သို့မဟုတ် နေ့ရက်) ကို သတ်မှတ်ပြီး စာသား၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ အခြားသောဖိုင်များအားလုံး ပေးပို့ရာမှာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့ သတ်မှတ်ထားလိုက်တဲ့အတွက် ပေးပို့ထားတဲ့ အကြောင်းအရာတွေကို စာလက်ခံသူ ကြည့်ရှုပြီး သတ်မှတ်ထားတဲ့အချိန် ကျော်လွန်သွားတာနဲ့ တစ်ပြိုင်နက် Viber မှ အလိုအလျောက် ဖျက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အလိုအလျောက် ပျောက်ကွယ်နိုင်သော မက်ဆေ့ချ် […]

Read More
Education

တက္ကသိုလ် ဆရာ၊ ဆရာမတွေ အတွက် အင်္ဂလိပ်စာသင်တန်းကို အွန်လိုင်းမှပို့ချ

အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတို့က ပူးပေါင်းပြီး တက္ကသိုလ် ဆရာ၊ ဆရာမတွေအတွက် ပထမဆုံးသောအွန်လိုင်းစနစ်နဲ့ အင်္ဂလိပ်စာသင်တန်းကို မေ ၄ ရက် မှ ၂၉ ရက် အထိပို့ချလျက်ရှိတယ်လို့သိရပါတယ်။ သင်တန်းကိုတက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ ဘာသာစကားစွမ်းရည်မြှင့်တင်ပေးရန်၊ presentation များကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်၊ presentation များ၊ workshop များ၊ seminar များတွင် ကောင်းမွန်စွာပါဝင်ဆွေးနွေးနိုင်စေရန်၊ စာသင်ခန်းသုံး ဘာသာစကားအသုံးပြု၍ စာသင်ခန်းကိုစီမံခန့်ခွဲတတ်စေရန်၊ ဆန်းစစ်နည်းမျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပို့ချခြင်းဖြစ်တယ်လို့ သိရပါတယ်။ Microsoft Teams Applicationကိုအသုံးပြု၍ သင်ကြားပို့ချနေခြင်းဖြစ်ပြီး တစ်နေ့ ၃ နာရီကြာ သင်ကြားပို့ချလျက်ရှိတယ်လို့ သိရပါတယ်။ နှစ်ဦးတွဲ၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်း၊ quiz များဖြေဆိုခြင်းတို့ကို […]

Read More
Apple
Tech

Magic Keyboard ပါဝင်လာတဲ့ ၁၃ လက်မ MacBook Pro ကို Apple မိတ်ဆက်

Apple ဟာ Magic Keyboard ပါဝင်လာတဲ့ ၁၃ လက်မ MacBook Pro အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ MacBook Pro မှာ ဒဿမမြောက်မျိုးဆက် Intel ပရိုဆက်ဆာ ပါဝင်လာပြီး ဒေါ်လာ ၁,၂၉၉ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ၁၃ လက်မအရွယ် MacBook Pro အတွက် အဆင့်မြှင့်တင်မှု အနည်းငယ် ပါဝင်လာပါတယ်။ Apple အနေနဲ့ ခေတ်သစ်တစ်ခုကို စတင်တော့မှာ ဖြစ်တဲ့အတွက် butterfly keyboard ကို laptop အသစ်တွေမှာ အသုံးပြုတော့မှာ မဟုတ်ပါဘူး။ Apple ရဲ့ MacBook Pro အသစ်မှာThunderbolt 3 / USB-C တွေပါဝင်လာပါတယ်။ ဒါ့အပြင် touch bar […]

Read More
Tech

PewDiePie ဗီဒီယိုတွေကို YouTube မှာပဲ ကြည့်နိုင်တော့မယ်

YouTube ပေါ်က ဂိမ်းဗီဒီယိုတွေ ဖန်တီးသူ PewDiePie လို့လူသိများတဲ့ ဖိလစ်ကယ်ဘတ်ဟာ YouTube ပေါ်မှာ ပဲ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မယ့် သီးသန့်စာချုပ်ကို ကုမ္ပဏီနဲ့ ချုပ်ဆိုလိုက်ပါတယ်။ ကယ်ဘတ်ဟာ blockchain အခြေခံ တိုက်ရိုက်ထုတ်လွှင့်မှုဆိုက် DLive မှာပဲ သီးသန့်ထုတ်လွှင့်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက် ထွက်ပြီး တစ်နှစ်အကြာမှာတော့ ကယ်ဘတ်က YouTube သီးသန့်စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။ “တိုက်ရိုက်ထုတ်လွှင့်မှုက ၂၀၂၀ အတွင်း ကျွန်တော်အာရုံစိုက်နေတဲ့ အရာဖြစ်ပါတယ်။ YouTube နဲ့ပူးပေါင်းပြီး ထုတ်ကုန်သစ် feature တွေရဲ့ မျက်နှာစာမှာ နေရတာ ထူးခြားပါတယ်။ အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်” လို့ ကယ်ဘတ်က ပြောခဲ့ပါတယ်။ လတ်တလောမှာ YouTube က ငွေကြေးတော်တော်သုံးစွဲနေပါတယ်။ YouTube အနေနဲ့ နာမည်ကျော် ကြယ်ပွင့်တွေဖြစ်တဲ့ […]

Read More
Tech

Star Wars ဇာတ်ကားသစ် ရိုက်ကူးမယ့် တိုင်ကာဝါတီတီ

တိုင်ကာဝါတီတီဟာ Star Wars ရုပ်ရှင်သစ်ကို ရိုက်ကူးသွားမယ်လို့ Disney ကထုတ်ပြန်လိုက်ပါတယ်။ တိုင်ကာဝါတီတီအတွက် Star Wars universe ကမစိမ်းပါဘူး။ The Mandalrian စီးရီး နောက်ဆုံးအပိုင်းကိုလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ သူဟာ ပရိသတ်တွေ နှစ်သက်လှတဲ့ Jojo Rabbit နဲ့ Thor: Ragnarok တို့ကိုလည်း ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့ပါသေးတယ်။ Star Wars ရုပ်ရှင်သစ်ကို တိုင်ကာဝါတီတီနဲ့ ခရစ္စတီဝီဆင်ကာရင်တို့က ပူးတွဲရေးသားမှာ ဖြစ်ပါတယ်။ ခရစ္စတီဝီဆင်ကာရင်က 1917 ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့သူ ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ အကောင်းဆုံးဗြိတိန်ရုပ်ရှင်အဖြစ် ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆုကို ရရှိထားပါတယ်။ သူမဟာ Star Wars ရုပ်ရှင် ဇာတ်ညွှန်း ပူးတွဲရေးသားတဲ့ ဒုတိယမြောက်အမျိုးသမီးဖြစ်လာပါတယ်။ လိချ်ဘရတ်ကတ်က Star Wars ဇာတ်ညွှန်းရေးသားတဲ့ ပထမဆုံး […]

Read More