Day: May 4, 2020

Android

Myanmar Alphabet Kids

မြန်မာဗျည်းအက္ခရာ​တွေကို ​လေ့လာနိုင်မယ့် သင်​ထောက်ကူ App ဖြစ်ပါတယ်။ ဗျည်းအက္ခရာတစ်လုံးစီရဲ့ အသံထွက်ကို မြန်မာလိုသာမကဘဲ အင်္ဂလိပ်လိုပါ အသံထွက်ကြည့်နိုင်​အောင် ​ဖော်ပြ​ပေးထားပါတယ်။ ဗျည်းအက္ခရာအပြင် မြန်မာလို ၁ ၊ ၂ ၊၃ ၊ ၄ စတဲ့ ကိန်းဂဏန်းအက္ခရာကိုလည်း ​လေ့လာနိုင်​အောင် ထည့်သွင်း​ပေးထားပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local
Samsung

Samsung ၏ Lifestyle TV အသစ်များတွင် Eco-Packaging အား စတင်အသုံးပြုသွားမည်

Samsung Electronics မှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးနိုင်ရန်အတွက် ၎င်းတို့ရဲ့ Lifestyle TV အသစ်တွေမှာ Eco-Packaging ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ထုပ်ပိုးမှုပုံစံသစ်တစ်မျိုးကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက် သင့်တော်တဲ့ ကတ်ထူအလွှာထပ်တွေနဲ့ ဖန်တီးထားတဲ့ ထုပ်ပိုးမှုပုံစံသစ်ကို Serif , The Frame နဲ့ The Sero မော်ဒယ်အသစ်များမှာ အသုံးပြုသွားမှာဖြစ်ပြီး ဝယ်ယူအသုံးပြုသူတွေအနေနဲ့ ထုပ်ပိုးတဲ့ပုံးတွေကို ပြန်လည်အသုံးပြုနိုင်မယ့်အပြင် အခြားသော စိတ်ဝင်စားစရာ သုံးစွဲပုံအမျိုးမျိုးကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ အလွှာထပ်ပါ ကတ်ထူပုံးတွေရဲ့ တစ်ဖက်တစ်ချက်စီမှာ dot matrix ဒီဇိုင်းကို ရိုက်နှိပ်ပေးထားပြီး အသုံးပြုသူတွေအနေနဲ့ ကတ်ထူပုံးတွေကို အလွယ်တကူ ဖြတ်တောက်နိုင်ကာ စားပွဲခုံငယ်များ၊ အိမ်မွေးတိရစ္ဆာန်လေးများအတွက် နေအိမ်များ အစရှိတဲ့ လူသုံးကုန်ပစ္စည်းများ ဖန်တီးကာ […]

Read More
Education

ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေး ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်

ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေး ရုပ်သံလိုင်း (Myanmar Education Channel) ကို ၂၀၂၀ ပြည့်နှစ် မေလ ၄ ရက် မှစတင်ကာ စမ်းသပ်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်သံလိုင်းကို ရုံးဖွင့်ရက်တွေမှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စမ်းသပ်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ channel အမှတ် (၇) မှ ဖမ်းယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ DVB T2 set top box, DVB T2 Tuner ပါဝင်တဲ့ LCD, LED Flat TV တွေကို Antenna ဖြင့်ချိတ်ဆက်ကာ လည်းကောင်း Analog TV (Tube) ကို Set top […]

Read More
Google
Tech

Google Meet, Microsoft Teams နဲ့ WebEx က သုံးစွဲသူအချက်အလက်ကို ပိုမိုရယူနေဖွယ်ရှိ

Google Meet, Microsoft Teams နဲ့ WebEx ရဲ့သုံးစွဲသူ ပေါ်လစီတွေကို Consumer Reports က ဆန်းစစ်ခဲ့ရာမှာ သုံးစွဲသူအချက်အလက်တွေကို ပိုမိုစုဆောင်းနေဖွယ်ရှိတာ တွေ့ရပါတယ်။ အဲဒီ app တွေကို အသုံးပြုဖို့ မလုံခြုံဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ Consumer Reports ဖော်ပြချက်အရ Google နဲ့ Microsoft လိုမျိုး ကုမ္ပဏီဝန်ဆောင်မှုရဲ့ တစ်ကိုယ်ရေပေါ်လစီတွေကို သဘောတူညီလိုက်တာနဲ့ သုံးစွဲသူတစ်ကိုယ်ရေအချက်အလက်ကို ပိုမိုသုံးစွဲခွင့်ရပါတယ်။ သတင်းအရ ကုမ္ပဏီ ၃ ခုစလုံးက ဖုန်းခေါ်ဆိုမှုတွေအပြင် ဖုန်းခေါ်ဆိုမှုမှာ ပါဝင်သူတွေနဲ့ IP လိပ်စာတွေ စုဆောင်းဖို့ ခွင့်ပြုချက်ရရှိထားတယ်လို့ သိရပါတယ်။ ကမ္ဘာကြီးမှာ videoconferencing tool တွေကို ပိုမိုမှီခိုအသုံးပြုလာတာကြောင့် လူတွေက အဲဒီဝန်ဆောင်မှုတွေရဲ့ လုံခြုံရေးအစီအမံနဲ့ privacy […]

Read More
Tech

ယာဉ်မောင်းနဲ့ ခရီးသည်များ မျက်နှာကာဝတ်ဆင်စေမယ့် ပေါ်လစီ ထုတ်ပြန်ဖို့ Uber စီစဉ်

Uber က အမေရိကန်နဲ့ နိုင်ငံတချို့ ယာဉ်မောင်းနဲ့ ခရီးသည်တွေ မျက်နှာကာ ဝတ်ဆင်စေဖို့ လာမယ့်အပတ်အတွင်း ပေါ်လစီသစ်တစ်ခုကို ပြဌာန်းဖို့ စီစဉ်နေပါတယ်။ တက္ကစီဝန်ဆောင်မှု Uber အနေနဲ့ ယာဉ်မောင်းတွေ ခရီးသည်လက်မခံခင်မှာ မျက်နှာကာ ဝတ်ဆင်ထားကြောင်း ခြေရာခံမယ့် နည်းပညာကိုလည်း ဆောင်ရွက်နေပါတယ်။ ယာဉ်မောင်းတွေကို “essential trips” နဲ့ထောက်ပံ့ပေးပြီး ခရီးသည်တွေလည်း အတတ်နိုင်ဆုံး အိမ်မှာပဲ နေဖို့ Uber ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ “နိုင်ငံတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ Uber က သတိနဲ့ဆောင်ရွက်ရမယ့် ကိစ္စနဲ့ လုံခြုံမှုကို အာရုံစိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ပြန်လည်ထူထောင်ရေး နောက်တစ်ဆင့်ကို ပြင်ဆင်တာဖြစ်ပြီး တာဝန်ကိုယ်စီရှိပါတယ်။ ကျွန်တော်တို့က အဆင်သင့်ဖြစ်တိုင်း သုံးစွဲသူဆီ update တွေနဲ့ ဆက်သွယ်ပါမယ်။ အဲဒီအချိန်အတွင်းမှာ Uber အသုံးပြုတဲ့အခါ […]

Read More
Tech

PS5 နဲ့ Xbox Series X မှာလည်း ထွက်ရှိမယ့် Call of Duty: Warzone

နာမည်ကျော်ကြားနေတဲ့ Call of Duty: Warzone ဂိမ်းဟာ အသစ်ထွက်ရှိမယ့် PS5 နဲ့ Xbox Series X ဂိမ်းစက်တွေမှာလည်း ထွက်ရှိပါမယ်။ Warzone ဖန်တီးတဲ့ Infinity Ward အကြီးအကဲ Taylor Kurosaki က ဂိမ်းထောက်ပံ့မယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး PlayStation 5 နဲ့ Xbox Series X တို့လည်း ပါဝင်တယ်လို့ GamerGen ကိုပြောခဲ့ပါတယ်။ “Warzone ဂိမ်းကို အသစ်ထွက်ရှိမယ့် ဂိမ်းစက်တွေမှာလည်း ထောက်ပံ့ပါမယ်။ ဂိမ်းစက်သစ်တွေ ထွက်တာနဲ့ ချက်ချင်း ထောက်ပံ့သွားပါမယ်” လို့ ပြောလိုက်ပါတယ်။ Infinity War ဟာ ဂိမ်းစက်သစ်တွေအတွက် Modern Warfare ဂိမ်းကိုလည်း ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ […]

Read More
Tech
Xiaomi

 သုံးစွဲသူအချက်အလက်တွေကို Xiaomi စုဆောင်းနေဟု Forbes ဖော်ပြ

Xiaomi ဟာ Xiaomi ဖုန်းနဲ့ ကိုယ်ပိုင် browser အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ Forbes နဲ့ လက်တွဲလုပ်နေတဲ့ လုံခြုံရေးသုတေသီတစ်ဦးက ဖော်ထုတ်ခဲ့ပါတယ်။ Xiaomi ရဲ့ browser မှာ incognito mode နဲ့အသုံးပြုတာ ဒါမှမဟုတ်လည်း DuckDuckGo လိုမျိုး တစ်ကိုယ်ရေလုံခြုံရေးဦးစားပေး browser နဲ့အသုံးပြုရင်လည်း အချက်အလက်တွေ စုဆောင်းခံရပါမယ်။ လုံခြုံရေးသုတေသီဖြစ်တဲ့ Gabriel Cirlig ဟာ နေ့စဉ် Redmi Note 8 ကိုအသုံးပြုပါတယ်။ Xiaomi ဖုန်းက ဖုန်းပေါ်က သူ့လုပ်ဆောင်ချက် အားလုံးကို မှတ်တမ်းတင်ပြီး ရုရှားနဲ့ စင်ကာပူက ဆာဗာတွေဆီပို့နေပါတယ်။ ဒါပေမဲ့ ဆာဗာရဲ့ domain ကတော့ ဘေကျင်းမှာ host လုပ်ထားပါတယ်။ သူ့ရဲ့ […]

Read More
Tech
Xiaomi

ဈေးသက်သာပြီး feature စုံလင်တဲ့ Xiaomi ရဲ့ Mi Note 10 Lite

Xiaomi ဟာ Mi Note 10 Lite ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ Mi Note 10 Lite တရားဝင် မထွက်လာခင်ကတည်းက အမြည်းမိတ်ဆက်တာနဲ့ ပေါက်ကြားထွက်ပေါ်မှုတွေ ထွက်ခဲ့ပါတယ်။ Mi Note 10 Lite ရဲ့ 6/64GB ဗားရှင်းကို ယူရို ၃၄၉ နဲ့ ရောင်းပါမယ်။ Mi Note Lite အတွက် 6/128GB ကိုတော့ ယူရို ၃၉၉ နဲ့ ရောင်းချသွားပါမယ်။ ဖုန်းဗားရှင်း ၂ မျိုးစလုံးကို မေလလယ်မှာ ရောင်းသွားမယ်လို့ သိရပါတယ်။ Xiaomi Mi 10 Lite ဒီဇိုင်းက Mi Note 10 နဲ့တော်တော်တူပါတယ်။ Mi Note 10 […]

Read More