Month: May 2020

တိုင်းဒေသကြီး ၅ ခုတွင် ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးသည့်အတွက် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ တိုင်းဒေသကြီး ငါးခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တို့မှာ ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တဲ့အတွက် လက်ရှိအသုံးပြုနေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်တွေကို ဂဏန်း (၇) လုံးပါရှေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်အသစ်တွေနဲ့ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်တဲ့နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ -အောင်သူ

Read More

ဆင်းမ်ကတ်များမှတ်ပုံတင်ခြင်းကို ဇွန် ၆ ရက်အထိ တိုးမြှင့်သတ်မှတ်

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ဇွန် ၆ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ နိုင်ငံခြားသာများအတွက် Passport တစ်ခုခုနဲ့ ၂ ကတ်ထက်ပိုကာ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေနဲ့ အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက် နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှ လွဲကာ အထွက်ခေါ်ဆိုမှုကို ပိတ်ထားခဲ့ကြောင်း၊ ထို ဆင်းမ်ကတ်တွေ အနေနဲ့ ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ခြင်းမပြုလုပ်ပါက အပြီးသတ်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ မှတ်ပုံတင်ထားခြင်း ရှိမရှိကို MPT ဆင်းမ်ကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ *601# […]

Read More

Lenovo Legion Y540 Laptop

Gaming အတွက်သာမက Engineering Software အသုံးပြုမယ့်သူတွေ၊ Graphic Design သမားတွေအဆင်ပြေစေမယ့် GTX , RTX Graphic Card တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်တဲ့ Lenovo Legion Y540 Laptop ဖြစ်ပါတယ်။ i7 – 9750H (12MB Cache, 2.60GHz Up to 4.50GHz) CPU နဲ့ Graphic ပိုင်းအတွက်လည်း မိမိစိတ်တိုင်းကျ Nvidia GTX 1650 4GB , Nvidia GTX 1660 Ti 6GB နဲ့ Nvidia RTX 2060 6GB Graphic စတဲ့ သုံးမျိုးထဲက တစ်မျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ RAM […]

Read More

GNOME Calculator (Linux)

Calculator ဆော့ဖ်ဝဲ အမျိုးအစား တစ်ခုပဲဖြစ်ပြီး Basic, Advanced, Financial, Programming အစရှိတဲ့ mode လေးခု နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Linux platform တွေမှာ အသုံးပြုနိုင်မယ့်ဆော့ဖ်ဝဲတစ်ခုလဲ ဖြစ်ပါတယ်။Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

App Locker (Mac)

Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ ကိုယ့်ရဲ့ app တွေကို အခြားသူတွေကို မသုံးစွဲ စေချင်တဲ့အခါမျိုး မှာ password နဲ့ ကာကွယ်ထိန်းချုပ်ထားနိုင်မယ့် ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ  

Read More

ThisIs My File 3.03 (Win)

ဖိုင်တွေကို လုံခြုံစိတ်ချစွာ ကာကွယ်တားဆီးဖို့အတွက် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ဖိုင်တွေကို lock လုပ်ခြင်း မလိုအပ်တဲ့ဖိုင်တွေကို လျင်မြန်စွာဖယ်ရှားခြင်းအစရှိတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်မယ့် ဆောဖ့်ဝဲ တစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ  

Read More

Transmission 3.00 ကို ထည်သွင်းခြင်း

Transmission ဆိုတဲ့ ဆော့ဖ်ဝဲကတော့ BitTorrent client တစ်ခုပဲဖြစ်ပါတယ်။ Transmission 3.00 ကို Ubuntu OS မှာထည့်သွင်းချင်သူတွေအတွက် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Ubuntu OS မှာ Transmission 3.00 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ […]

Read More

LeapForg LeapPad Academy Kid’s

တန်ဖိုး – ကန်ဒေါ်လာ ၉၈ (Amazon Price) အားသာချက်  ကလေးတွေကို ပညာရေးသင်ထောက်ကူအတွက် အသုံးတည့်မယ့် tablet အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပြီး ပညာရေးသင်ထောက်ကူ app ၂၀ ကျော်ခန့်ပါဝင်ပါတယ်။ အားနည်းချက် ဘက်ထရီပိုင်းကတော့ သာမန် tablet တွေထက်ပိုထူးခြားတာမျိုးမရှိသလို storage ပိုင်းလည်း အများကြီး မပါပါဘူး။ အသေးစိတ်ဖော်ပြချက် အသက် ၃ နှစ်အရွယ်ကနေ အသက်၈ နှစ် အရွယ်တွေအထိ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ tablet ဖြစ်ပါတယ်။ စာဖတ်ခြင်း စာရေးခြင်းတို့ကို သင်ယူနိုင်ရန်အတွက် အထောက်အပံ့ပေးနိုင် ပြီး ပညာရေးသင်ထောက်ကူပြု app ပေါင်း ၂၀ ကျော်ခန့်ကို ထည့်သွင်းပေးထားပါတယ်။ ကလေးငယ်တွေ အဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် လက်နဲ့ […]

Read More

Lenovo Yoga C740

ဈေးနှုန်း ကန်ဒေါ်လာ ၈၉၉ အားသာချက် ပါးလွှာပြီး 2-in-1 စတိုင်အသုံးပြုနိုင်တဲ့ ဒီဇိုင်း၊ ကောင်းမွန်တဲ့ ဘက်ထရီကြာချိန်၊ ပြည့်ဝတဲ့စွမ်းဆောင်ရည်နဲ့ လုံခြုံရေးစနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပါ။ အားနည်းချက် ဈေးနှုန်းသိပ်မကွာတဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင်တော့ Display ရဲ့တောက်ပမှုပိုင်းက အနည်းငယ် အားနည်းတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ကိုယ်ထည်က ကိုင်ရတာ လေးတယ်လို့ ခံစားရပါတယ်။ သုံးသပ်ချက် Lenovo Yoga C740 က ပရီမီယံ လုပ်ဆောင်ချက်တွေများစွာပါဝင်တဲ့ အလယ်အလတ်အမျိုးအစား 2-in-1 သုံးနိုင်တဲ့ လုပ်ငန်းသုံး Laptop ဖြစ်ပါတယ်။ လုံခြုံရေးစနစ်၊ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေက ပေးရတဲ့ ဈေးနဲ့ ဆိုရင် စိတ်ကျေနပ်စရာပါ။ ကိုယ်ထည်က ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် […]

Read More

iPhone SE 2020

Price : 750,000 Ks (64GB) အားသာချက် မြင့်မားကောင်းမွန်တဲ့ ဖုန်းစွမ်းဆောင်ရည်၊ ကျစ်လစ်ပြီး ကိုင်ရတာ လက်ထဲ အံ့ဝင်ခွင်ကျရှိမှုတွေက ကျေနပ်စရာကောင်းလှသလို 12MP ကင်မရာကလည်း 4K ဗီဒီယိုကို 60fps နဲ့ ရိုက်ကူးနိုင်တာ သဘောကျစရာပါ။ IP67 ရေစိုခံစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်ကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ ဆိုရ မှာပါ။ အားနည်းချက် iPhone မော်ဒယ်အဟောင်းတွေမှာ သုံးခဲ့တဲ့ Retina IPS LCD ကို သုံးထားတာ၊ ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးမပြုနိုင်တာနဲ့ ကင်မရာစနစ်မှာ Night mode မပါဝင်တာတွေက ဒီဖုန်းရဲ့အားနည်းချက်ပါ။ နောက်ပြီ နားကြပ်ပေါက်လည်း ပါဝင်ခြင်းမရှိပါဘူး။ စွမ်းဆောင်ရည် · Apple A13 Bionic (7 nm+) […]

Read More