ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရား၀င် App ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ ကျန်းမာရေး အသိပညာဆိုင်ရာတွေ၊ သတင်းအချက်အလက်နဲ့ဆောင်ရွက်မှုတွေကို သိရှိနိုင်မှာဖြစ်ပြီး Covid-19 ပိုးတွေ့ရှိသူများနဲ့ အနီးကပ် ထိတွေ့ဆက်စပ်မှုရှိခဲ့ပါကလည်း App ကနေ တိုက်ရိုက် သတင်းပို့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆောင်ရွက်မှုတွေကိုလည်း သိနိုင်အောင် ဖန်တီးထားပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreလူတွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ TikTok မှာကျော်ကြားလာမှုက ဝင်ငွေရရှိစေမှာပါ။ Instagram, YouTube နဲ့ အခြားလူမှုရေးမီဒီယာ platform တွေမှာ အောင်မြင်သူတိုင်း monetize လုပ်ရင်းနဲ့ ငွေကြေးများစွာ ရရှိနေကြပါတယ်။ TikTok ကလည်း အဲဒီ platform တွေလိုပါပဲ။ တရုတ်နိုင်ငံက အင်တာနက်ကုမ္ပဏီ ByteDance ပိုင်တဲ့ TikTok ဟာ အလွန်ရေပန်းစားတယ်။ ၂၀၁၉ ခုနှစ်မှာ download ပြုလုပ်မှုနှုန်းက အလွန်မြင့်တက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာလည်း ဆက်လက်မြင့်တက်နေပါတယ်။ Tiktok မှာ lip sync လုပ်တဲ့ ဗီဒီယိုအတိုလေးတွေကို ဖန်တီးကြပါတယ်။ ဒါ့အပြင် ၉၀ ခုနှစ် နောက်ပိုင်းမွေးတဲ့ Z မျိုးဆက်တွေကြောင့် TikTok အလွန်ကျော်ကြားလာပါတယ်။ TikTok က YouTube မတူတာက […]
Read Moreလာမယ့်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖုန်းနဲ့ တီဗီရောင်းအားကျဆင်းကာ ဝင်ငွေထိခိုက်မယ်လို့ Samsung ကသတိပေးလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးက အီလက်ထရောနစ်ပစ္စည်းရောင်းအား ကျဆင်းနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နည်းပညာထုတ်ကုန် ဝယ်လိုအားကျဆင်းနေပြီး ပထမဆုံး သုံးလပတ်အမြတ်ငွေက ၅ နှစ် အတွင်း အနည်းဆုံးဖြစ်တယ်လို့ Samsung ကပြောခဲ့ပါတယ်။ Samsung ရဲ့ ဒုတိယသုံးလပတ်ဝင်ငွေက အခုသုံးလပတ်ထက် နည်းမယ်လို့ ခန့်မှန်းထားပြီး အခြားနည်းပညာကုမ္ပဏီတွေအပေါ်လည်း သက်ရောက်မှုရှိပါမယ်။ “ဒုတိယသုံးလပတ်ကို မျှော်ကြည့်လိုက်ရင် ကုမ္ပဏီအနေနဲ့ memory လုပ်ငန်းက ဆက်ခိုင်မာမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ဝင်ငွေစုစုပေါင်းက ပြီးခဲ့တဲ့ သုံးလပတ်ထက် ကျဆင်းနိုင်ပါတယ်။ COVI-19 က Samsung အဓိက ထုတ်ကုန်ဝယ်လိုအားကို သက်ရောက်မှုရှိတယ်” လို့ Samsung ကပြောခဲ့ပါတယ်။ ဖုန်းနဲ့ တီဗီရောင်းအားလည်း သိသိသာသာ […]
Read MoreSpotify ကပိုင်ဆိုင်တဲ့ podcast ဖန်တီးနိုင်တဲ့ Anchor app မှာ ဗီဒီယို call တွေကို မှတ်တမ်းတင်ပြီး podcast အဖြစ် ပြောင်းလဲခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ Zoom မှာ တွေ့ဆုံတဲ့အခါမှာ တစ်ခုခုအကြောင်း ဆွေးနွေးတာတွေကို မှတ်တမ်းတင်ပြီး podcast အဖြစ်အသွင်ပြောင်းလို့ရပါတယ်။ အဲဒီ podcast ကို ဖြန့်ချိ၊ ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူက Anchor မှာ ဗီဒီယိုမှတ်တမ်းဖိုင်ကို တင်လိုက်ရင် ဖိုင်ထဲက အသံကိုပဲ ဆွဲထုတ်ပေးပါမယ်။ အခု tool ကို Anchor ဝက်ဘ်ဆိုက်ပေါ်မှာလည်း အသုံးပြုနိုင်ပြီး .mp4 နဲ့ .mov upload တွေထောက်ပံ့ပေးပါတယ်။ သုံးစွဲသူက ကိုယ်ပိုင် ဗီဒီယို call မှတ်တမ်းရယူတဲ့အခါမှာ ဗီဒီယိုဝန်ဆောင်မှုအပေါ်မူတည်ပြီး […]
Read MoreGoogle ဟာ Stadia ဂိမ်းဝန်ဆောင်မှုမှာ PlayerUnkown’s Battleground (PUBG) ကိုဖြန့်ချိပေးခဲ့ပြီး ဒီနှစ်အတွင်း EA ဂိမ်းတွေကို ဖြန့်ချိသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ PUBG ကို Stadia Pro အသုံးပြုသူတွေ အခမဲ့ ကစားနိုင်ပြီး Cold Front season pass အသစ် ပါဝင်ပါတယ်။ Stadia အခမဲ့ သုံးစွဲသူတွေကတော့ ဂိမ်းကို ၂၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူရပြီး ၃၉.၉၉ ဒေါ်လာတန် bundle မှာဆိုရင် season pass ပါဝင်လာပါတယ်။ Stadia မှာ PUBG အတွက် cross-play ထောက်ပံ့ထားတဲ့အတွက် ဂိမ်းစက်ပေါ်မှာ သူငယ်ချင်းတွေနဲ့ ကစားနိုင်ပါတယ်။ Google ဟာ PUBG နဲ့အတူ ဒီနှစ်နှောင်းပိုင်းအတွင်း Star […]
Read MoreCOVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ဇူလိုင် ၅ ရက်မှာ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးမြို့တွေမှာ ကျင်းပပြုလုပ်မယ့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) နဲ့ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း ( MAJA ) တို့မှ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာလည်း စာမေးပွဲစစ်ဆေးခြင်းကို ခေတ္တရပ်နားထားပါတယ်။ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ရပ်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး လျှောက်လွှာတင်ထားသူတွေ အတွက် ဂျပန်ဖောင်ဒေးရှင်းမှ သက်ဆိုင်ရာ နိုင်ငံများရှိ JLPT စာမေးပွဲကျင်းပရေး အဖွဲ့အစည်းများအတွက် ထုတ်ဝေထားတဲ့ (Instruction for Host Institution) အရ ၂၀၂၀ ခုနှစ် […]
Read MoreGoogle ရဲ့ အစည်းအဝေးပြုလုပ်တဲ့ Meet ဝန်ဆောင်မှုကို နေ့စဉ် သုံးစွဲသူအသစ် ၃ သန်းရှိလာတယ်လို့ Google စီအီးအို ဆန်းဒါးပီချိုင်းက ပထမသုံးလပတ်ဝင်ငွေစာရင်း အစည်းအဝေးမှာ ထုတ်ပြန်သွားပါတယ်။ Google ဟာ ဒီလအစောပိုင်း ဧပြီ ၉ ရက်မှာ Meet သုံးစွဲသူသစ် ၂ သန်း ကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါကြောင့် Google Meet သုံးစွဲသူတွေ တိုးတက်လာတဲ့ သဘောဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါအတွင်း အိမ်မှာပဲ နေထိုင်ရတဲ့အတွက် ကျောင်းတွေက စာသင်တဲ့အခါမှာ အသုံးပြုနေပြီး လုပ်ငန်းအတွက် အစည်းအဝေးတွေမှာလည်း ပိုမိုအသုံးပြုလာတာကြောင့် Meet သုံးစွဲသူ အလွန်တိုးတက်လာတာ ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ဟာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်ကို ရရှိခဲ့ပါတယ်။ အခုဆိုရင် Meet ကို […]
Read More