Day: April 28, 2020

Samsung ရဲ့ pop-up ကင်မရာ ပါဝင်လာတဲ့ ဖုန်း

Samsung ဟာ ဖုန်းဒီဇိုင်းမှာ notch တွေနဲ့ punch hole ဒီဇိုင်းတွေ စမ်းသပ်နေပါတယ်။ အခုဆိုရင် Samsung က pop-up selfie ကင်မရာပါဝင်တဲ့ ဖုန်းကို စမ်းသပ်နေဖွယ်ရှိပါတယ်။ Samsung ဟာ ပထမဆုံးအကြိမ်အဖြစ် pop-up selfie ကင်မရာထည့်သွင်းထားတဲ့ ဖုန်းကို ထုတ်လုပ်နိုင်ပါတယ်။ အဲဒီဖုန်းရဲ့ ပုံတွေက အွန်လိုင်းမှာ ထွက်လာပါပြီ။ ထွက်လာတဲ့ သရုပ်ဖော်ပုံအရ Samsung ဖုန်းမှာ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ ရှေ့ဘက်က pop-up ကင်မရာကိုတော့ ဘယ်ဘက်မှာ ထည့်သွင်းထားပြီး Galaxy A80 လိုမျိုး full-screen ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ display ကတော့ ၆.၅ လက်မရှိပြီး နားကြပ်ပေါက်တော့ မတွေ့ရပါဘူး။ […]

Read More

WhatsApp သတင်းတု တိုက်ဖျက်ရေး အစီအစဉ် အောင်မြင်

ဒီလအစောပိုင်းမှာ WhatsApp ဟာ contact တစ်ခုကို message forward လုပ်တဲ့အကြိမ်ရေကို လျှော့ချခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း WhatsApp မှာ သတင်းတုတွေ တိုက်ဖျက်ဖို့ အခု feature ကိုဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ feature ကိုဖြန့်ချိအပြီး ဝန်ဆောင်မှုအတွင်း အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ တွေ့ရတယ်လို့ WhatsApp ကထုတ်ပြန်သွားပါတယ်။ WhatsApp မှာ message တွေကို forward ပြုလုပ်မှု ၇၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ WhatsApp မှာ message (၅) ကြိမ် ထက် ကျော်လွန်တဲ့ forward ပြုလုပ်မှုကို forward ပြုလုပ်မှုအများဆုံး message အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ WhatsApp […]

Read More

ကျန်းမာရေးဝန်ထမ်းများကို အင်တာနက်ဒေတာနှင့် ဖုန်းပြောမိနစ်များ Mytel ထောက်ပံ့

ဆေးရုံ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်တွေနဲ့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ Quarantine ပြုလုပ်ထားတဲ့ နေရာတွေက ကျန်းမာရေးဝန်ထမ်းတွေကို အင်တာနက်ဒေတာနဲ့ Mytel အချင်းချင်းဖုန်း ခေါ်ဆိုနိုင်မယ့် ဖုန်းပြောမိနစ်တွေကို ထောက်ပံ့ခဲ့ကြောင်း Mytel Myanmar ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦး က ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်း အသီးသီးအတွက် အင်တာနက်ဒေတာ 5GB နဲ့ဖုန်းပြောမိနစ် ၂၀၀ အပြင် နှာခေါင်းစည်း၊ ရေမလိုလက်သန့်ဆေးရည်နဲ့ အခြားလိုအပ်တဲ့ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ “ကမ္ဘာလုံးဆိုင်ရာရောဂါကြီးကို မပျံ့နှံ့အောင် နေ့ရောညပါ အလုပ်လုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ် ကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်၊ အခုလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်သွားဖို့က အရမ်းအရေးကြီးနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ပိုပံ့ပိုးပေးနိုင်ဖို့အတွက် ဆေးရုံတွေ၊ အခြား quarantine ပြုလုပ်ထားတဲ့ နေရာတွေမှာ တယ်လီကွန်းနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ […]

Read More

ဖုန်းအင်တာနက်နဲ့ လိုင်းအားနည်းတာကို ပြင်ဆင်နိုင်မယ့် နည်းလမ်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေထိုင်ရတဲ့ ကာလအတွင်းမှာ ဖုန်းကိုပဲ အားပြုပြီး အင်တာနက်သုံးကာ ရပ်ဝေးက သူငယ်ချင်းတွေနဲ့ ဆက်သွယ်ကြရပါတယ်။ ဒါပေမဲ့ ဖုန်းကို အသုံးပြုနေရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းအင်တာနက် နှေးကွေးတာ၊ ဖုန်းလိုင်းအားနည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျရင် သုံးစွဲသူအတွက် အထောက်အကူ ဖြစ်လာနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Airplane mode ကိုဖွင့်ပါ ဖုန်းနဲ့ အင်တာနက် အသုံးပြုတဲ့အခါမှာ လိုင်းနှေးတာ၊ လိုင်းမတက်တော့တာ ဖြစ်ပေါ်လာရင်တော့ Airplane mode ကို အဖွင့်၊ အပိတ် လုပ်ပေးသင့်ပါတယ်။ ဖုန်းကို restart လုပ်ပါ ကျွန်တော်တို့ရဲ့ ဖုန်းတွေက ကွန်ပျူတာတွေလိုပါပဲ။ တစ်ခါတလေ restart လုပ်ပေးပြီး ဖုန်းလိုင်းအားနည်းတာကို ပြင်နိုင်ပါတယ်။ ဆင်းမ်ကတ်ကို ဖြုတ်ပါ နောက်နည်းလမ်းတစ်ခုကတော့ ဖုန်းဆင်းမ်ကတ်ကို ဖြုတ်ပြီး ဖုန်းထဲ […]

Read More

WorldMovie – မြန်မာစာတန်းထိုးဇာတ်ကားများ

မြန်မာစာတန်းထိုးဇာတ်ကားတွေကို အလွယ်တကူ အဆင်ပြေစွာ အခမဲ့ကြည့်ရှုနိုင်ပြီ Download လည်း အလွယ်တကူရယူနိုင်မယ့် App ဖြစ်ပါတယ်။ ပြည်တွင်းက မြန်မာစာတန်းထိုးဇာတ်ကား ဝက်ဆိုက်တွေက ဇာတ်ကားတွေ တစ်နေရာတည်းမှာ စုစည်းထားပြီး မိမိနှစ်သက်ရာ ဖေ့ဘုတ်ခ်အကောင့် သို့မဟုတ် Gmail သို့မဟုတ် ဖုန်းနံပါတ်တို့နဲ့ အလွယ်တကူ အကောင့်ဖွင့်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သုတေသနတွေ ဂိတ်စ်ဖောင်ဒေးရှင်းလုပ်ကိုင်ဖို့ ဘီလ်ဂိတ်စ်မျှော်လင့်

Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်က လာမယ့်အနာဂတ်အတွင်း ဂိတ်စ်ဖောင်ဒေးရှင်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ကိစ္စတွေပဲ လုပ်ကိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဘီလ်နဲ့ မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်းမှာ ထောက်ပံ့ကြေး ဒေါ်လာဘီလျံ ၄၀ ရှိပြီး HIV ၊ ငှက်ဖျားနဲ့ ပိုလီယိုရောဂါ တိုက်ဖျက်ရေးတို့ကို ဆောင်ရွက်နေပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အလုပ်တွေ အာရုံစိုက် ပြောင်းလဲ လုပ်ကိုင်လျက်ရှိတယ်လို့ ဘီလ်ဂိတ်စ်က ပြောခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်မှာပဲ ဖောင်ဒေးရှင်းရဲ့ အာရုံစူးစိုက်မှု အပြည့်အဝ ရှိနေပါတယ်” လို့ ဘီလ်ဂိတ်စ်က FT ကိုပြောထားပါတယ်။ “ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့မသက်ဆိုင်တဲ့ အဆင့်မြင့်ပညာရေးနဲ့ K-12 ကျောင်းတွေက အွန်လိုင်းပညာသင်ကြားရေးဆောင်ရွက်ပုံကို အပြည့်အဝပြောင်းလဲနိုင်ပါတယ်။ အဓိက ကိစ္စတွေဖြစ်တဲ့ ရောဂါကူးစက်မှု လျှော့ချရေး၊ ဆင်းရဲမွဲတေမှုပယ်ဖျက်ရေးနဲ့ အမေရိကန်အများပြည်သူဆိုင်ရာ […]

Read More

Journalism in a pandemic: Covering COVID-19 now and in the future ခေါင်းစဉ်ဖြင့် အခမဲ့အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က University of Texas ရှိ Knight Center for Journalism in the Americas တို့ အတူပူးပေါင်းကာ သတင်းမီဒီယာသမားများ အခမဲ့တက်ရောက်နိုင်မယ့် “ကပ်ရောဂါအချိန်ကာလအတွင်း သတင်းအတတ်ပညာ – ပစ္စုပ္ပန်နှင့် နောင်အနာဂတ်တွင် COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းရေးသားတင်ပြခြင်း” (Journalism in a pandemic: Covering COVID-19 now and in the future) ခေါင်းစဉ်နဲ့ အွန်လိုင်းသင်တန်းကို ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ သင်တန်းကာလ လေးပတ်ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းရည်ရွယ်ချက်မှာ COVID-19 ကျန်းမာရေး ပြဿနာအပြင် ၎င်းနဲ့ဆက်စပ်တဲ့ လူမှုရေး၊ […]

Read More

MIUI 12 ကိုတရားဝင်မိတ်ဆက်

Xiaomi ဟာ Mi 10 Youth နဲ့အတူ MIUI 12 ကိုမိတ်ဆက်လိုက်ပါတယ်။ Android 10 အခြခံ MIUI 11 မှာ ရုပ်ထွက်ပိုင်းဆိုင်ရာကို အပြောင်းအလဲလုပ်ထားပြီး animation အသစ်တွေ၊ အဆင့်မြှင့်တင်ထားတဲ့ dark mode , health app အသစ်နဲ့ အဆင့်မြင့် privacy control တွေပါဝင်လာပါတယ်။         Xiaomi ဟာ MIUI 12 ရုပ်ထွက်ပိုင်းကို ပြေပြစ်အောင် ဖန်တီးထားပါတယ်။ Xiaomi MIUI 12 မှာ app အသစ် ပါဝင်သလို animation တွေလည်း အရင်ကထက်မြန်ဆန်လာပါတယ်။ Dark Mode 2.0 က […]

Read More

COVID-19 ရောဂါကာလအတွင်း အွန်လိုင်းမှ လိမ်လည်နေမှုများအပြင် မှုခင်းများကာကွယ်ရန် အသိပေးကြေညာချက်ထုတ်ပြန်

COVID-19 ရောဂါကာလအတွင်း Cyber / Online တို့မှ လိမ်လည်နေမှုများ၊ မှုခင်းများကာကွယ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ မိမိနှင့်ရင်းနှီးကျွမ်းဝင်သော email များနှင့် မိမိအသုံးပြုနေသော Links များ မဟုတ်ပါက attached files များကို ဖွင့်ကြည့်ခြင်းမပြုရန်၊ မိမိ email နှင့် databases များကို ပုံမှန်စစ်ဆေးခြင်း၊ online / offline အသုံးပြု၍ backup လုပ်ထားရန်၊ လုံခြုံမှုအပြည့်အဝရှိမည့် password ကိုအသုံးပြုရန်၊ Antivirus software နှင့် မိမိကွန်ပျူတာရှိ software များကို update ပြုလုပ်ရန်၊ Social media များ၏ လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံရန်၊ မိမိနေအိမ်တွင်အသုံးပြုသော network […]

Read More

Xiaomi ဖုန်းဒီဇိုင်းသစ် မူပိုင်ခွင့် ထွက်ပေါ်

Xiaomi ဟာ ဖုန်းရဲ့ ထိပ်ဘက်က notch ကိုဖယ်ရှားပြီး လှည့်နိုင်တဲ့ display ဒီဇိုင်းသစ်တစ်ခုကို မူပိုင်ခွင့် တင်လိုက်ပါတယ်။ အဲဒီစမတ်ဖုန်း ဒီဇိုင်းကို 91mobiles ကတွေ့ရှိခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ ဉာဏပစ္စည်းကြီးကြပ်ရေး (CPIPA) မှာ မူပိုင်ခွင့်တင်ထားပါတယ်။ မူပိုင်ခွင့်အတွင်း အဓိက ကင်မရာ အမျိုးမျိုးကို ရှေ့ဘက်လှည့်နိုင်အောင် ဖန်တီးထားပါတယ်။ဒါကြောင့် ကင်မရာတွေကို ရှေ့ဘက်နဲ့ ကျောဘက်မှာပါ အသုံးပြုနိုင်ပါတယ်။ ဖုန်း display နဲ့အတူ interface တို့က ကင်မရာကို လှည့်နိုင်အောင် မျက်နှာပြင်အရွယ်အစားလိုက် ချိန်ညှိထားဖွယ်ရှိပါတယ်။ အခု Xiaomi ကင်မရာဒီဇိုင်းအရ selfie ရိုက်ဖို့ ကင်မရာကို လှည့်ရပြီး display အပေါ်ဘက်ပိုင်းက ကျောဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အလားတူဖုန်းတွေကို ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်ခဲ့ဖူးကြပါတယ်။ […]

Read More