Day: April 27, 2020

Download

ဆေးဝါးအသုံးပြုနည်းလမ်းညွှန်

ဆေးဝါးတွေအသုံးပြုတဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိနိုင်အောင် ဆေးဝါးတစ်မျိုးချင်းအလိုက် အကြောင်းအရာတွေကို မြန်မာလိုရှင်းပြထားတဲ့ App ဖြစ်ပါတယ်။ ဆေးအမျိုးပေါင်း ၄၀၀ ကျော်၊ ဆေးအမည်ပေါင်း ၃၃၀၀ ကျော်ရဲ့ အသုံးပြုပုံ အကျိုးအပြစ်ဆိုင်ရာတွေကို မြန်မာဘာသာနဲ့ ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး Online, Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Laptop Review

Samsung Galaxy Chromebook

ဈေးနှုန်း – ကန်ဒေါ်လာ ၉၉၉ အားသာချက် ရုပ်ထွက်အရည်အသွေးမြင့်မားလှတဲ့ 4K AMOLED Display နဲ့ ပါးလွှာတဲ့အလူမီနီယံကိုယ်ထည်ကို အနီရောင်ဒီဇိုင်းနဲ့ဖန်တီးထားတာက အထူးဆွဲဆောင်မှုရှိပြီး မြန်ဆန်တဲ့စွမ်းဆောင်ရည်နဲ့ S-Pen တစ်ပါတည်း ပါဝင်တာတွေက ဒီ Laptop ရဲ့ နှစ်သက်စရာအချက်တွေပါ။ အားနည်းချက် 4K Display သုံးထားတာဖြစ်လို့ ဘက်ထရီပိုင်းက ထင်သလောက် မသုံးနိုင်တာ၊ အဖွင့်အပိတ် ပတ္တာပိုင်း အားနည်းတာနဲ့ အသုံးပြုစဉ်မှာ Laptop ကိုယ်ထည် အနည်းငယ်ပူနွေးတာတွေက ဒီ Laptop ရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။ သုံးသပ်ချက် Ultra-portable ဒီဇိုင်းနဲ့ ထုတ်ထားတဲ့ Samsung Galaxy Chromebook က 2-in-1 ပုံစံအသုံးပြုနိုင်တဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းနဲ့ […]

Read More
Android

Conquerors 2: Glory of Sultans

ကိုယ်ပိုင်အင်ပါယာတစ်ခုဖန်တီးရမယ့် MMO strategy ဂိမ်းဖြစ်ပါတယ်။ သတ္တိနဲ့ပြည့်စုံတဲ့ ဟီးရိုးတွေကို စုဆောင်းပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ လုပ်သားတွေ ဖန်တီးရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More
Android

Disney POP Town

မြို့ဟောင်းတွေကို အလှဆင်ပေးဖို့ Star တွေရရှိစေမယ့် match-3 puzzle ဂိမ်းဖြစ်ပါတယ်။ Disney Pop Town တွေစူးစမ်းလေ့လာပြီး ကိုယ်ပိုင်ပုံတူနဲ့ဖန်တီးကာ Disney ဇာတ်ကောင်အတိုင်း ဝတ်ဆင်ပေးနိုင်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်    

Read More
Android

Rocket Star- Idle Space Factory Tycoon Game

Rocket Star ဂိမ်းဟာ အာကာသယာဉ်တည်ဆောက်ဖို့ အရည်အချင်းရှိသူတွေကို စုဆောင်းရပါမယ်။ နည်းပညာအသစ်တွေ သုတေသနလုပ်ပြီး ရော့ကတ်ကို တည်ဆောက်ရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More
Android

Gravity Rider Zero

Gravity Rider Zero ဟာဆိုင်ကယ်ကို မောင်းနှင်ပြီး အခက်အခဲအတားအဆီးတွေကို ကျော်လွှားရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားသူက လမ်းခုံးမြင့်၊ စူးချွန်တွေကို ဖြတ်ကျော်ရမှာပါ။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More
Android

Heroes Strike Offline – MOBA & Battle Royale

အခုဂိမ်းကတော့ အင်တာနက်မလိုဘဲ ကစားနိုင်မယ့် MOBA ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ တစ်ဖက် ၃ယောက်စီ MOBA ကိုကစားနိုင်ပါတယ်။ Battle Royale နဲ့ဆို ၁၂ယောက်ကစားနိုင်ကာ Game of King ဆို ၈ယောက်ကစားနိုင် game mode တွေပါဝင်လာပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More
Education

တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ အွန်လိုင်းဝန်ဆောင်မှုကို ရယူနိုင်

တက္ကသိုလ်များစာကြည့်တိုက် (UCL) မှာ စုဆောင်းထားရှိတဲ့ အင်္ဂလိပ်၊ မြန်မာစာအုပ်၊ Thesis and Dissertation၊ ပေစာ၊ ebook တွေ၊ eResource database တွေကို UCL ဝက်ဘ်ဆိုက် www.uclmyanmar.org မှာရှာဖွေနိုင်မယ်လို့ သိရပါတယ်။ လိုအပ်တဲ့စာအုပ်တွေကို ရှာဖွေရာမှာ UCL ဝက်ဘ်ဆိုက်ရှိ OPAC (Online Public Access Catalogue) မှာ စာရေးသူအမည်၊ စာအုပ်အမည်၊ ပညာရပ်အမည်တို့နဲ့ အလွယ်တကူ ရှာဖွေနိုင်ပြီး Union Catalogue မှ အခြားသော တက္ကသိုလ် ၂၅ ခုရှိ အင်္ဂလိပ်၊ မြန်မာစာအုပ်များကိုလည်း ရှာဖွေနိုင်ပါတယ်။ eResource အောက်မှာ eResource database များမှ လိုအပ်တဲ့ ebook တွေနဲ့ article တွေကိုလည်း ရှာဖွေနိုင်တဲ့အပြင် မိမိတို့သိရှိလိုတာတွေကိုလည်း […]

Read More
News
Tech

ကိုရိုနာဗိုင်းရပ်စ်ခြေရာခံ contact tracing နည်းပညာကို Apple နဲ့ Google အပြောင်းအလဲလုပ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကမ္ဘာတစ်ဝန်း ကုမ္ပဏီပေါင်းများစွာနဲ့ အစိုးရတွေက ရင်ဆိုင်တိုက်ခိုက်နေကြပါတယ်။ Apple နဲ့ Google ကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနိုင်သူတွေကို လူတွေဆီ အကြောင်းကြားပေးမယ့် contact tracing နည်းပညာကို အပြောင်းအလဲလုပ်သွားပါမယ်။ Contact tracing နည်းပညာကို Apple နဲ့ Google လုပ်ကိုင်နေတာ လအနည်းငယ်ကြာမြင့်ပါပြီ။ အစောပိုင်းမှာ ၁၄ ရက်ကျော်အကြာ ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေ့ရှိသူတွေအကြောင်း အခြားလူတွေဆီ သတိပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ စီမံကိန်းကို စတင်ကြေညာတုန်းက Apple စီအီးအို တင်မ်ကွတ်ခ်နဲ့ Google အကြီးအကဲ ဆန်းဒါးပီချိုင်းတို့ နည်းပညာအတွင်း တစ်ကိုယ်ရေလုံခြုံရေးကို အလေးပေးသွားမယ်လို့ ပြောထားပါတယ်၊ Apple iPhone ဒါမှမဟုတ် Google ရဲ့ Android ဖုန်းတွေအချင်းချင်းဆက်သွယ်နိုင်အောင် ပြုလုပ်ပေးထားပါမယ်။ Contact tracing […]

Read More
LG
Tech

မေ ၇ ရက်မှာ မိတ်ဆက်မယ့် LG Velvet

LG ဟာ Velvet ဖုန်းကို မေ ၇ ရက်မှာ ထုတ်ဖော်မိတ်ဆက်ပါမယ်။ LG ဟာ ကိုယ်ပိုင်ကိုရီးယား YouTube channel မှာ ရေစက်နဲ့ ဖက်ရှင်လျှောက်လမ်းကို ဖော်ပြထားတဲ့ ဗီဒီယိုအတိုကို တင်ထားပါတယ်။ ဗီဒီယိုမှာ ဖုန်းရဲ့ ဒီဇိုင်းပိုင်း ထူးခြားတဲ့ ကင်မရာဖွဲ့စည်းပုံကို ရည်ညွှန်းထားပါတယ်။ LG အနေနဲ့ Velvet နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖြန့်ချိထားပါတယ်။ LG Velvet မှာ ရေစက်ပုံစံ ကင်မရာ ၃ လုံး ပါဝင်လာသလို ခေါက်ချိုးညီ မှန်ကွေးဒီဇိုင်း၊ 5G နဲ့အတူ Snapdragon 765 ပရိုဆက်ဆာနဲ့ နားကြပ်ပေါက် ပါဝင်လာပါတယ်။ LG Velvet ကို တောင်ကိုရီးယားပြင်ပမှာ ဘယ်အချိန်ရောင်းချမလဲဆိုတာ မသိသေးပါဘူး။ စိုးထက် […]

Read More