Day: April 26, 2020

Korean Myanmar (Burmese) dicti

ကိုရီးယားဘာသာစကား ​လေ့လာသူ​တွေ​ ဆောင်ထားသင့်တဲ့ ကိုရီးယား-မြန်မာအဘိဓာန် App ဖြစ်ပါတယ်။ ကိုရီးယား​​ဝေါဟာရရဲ့ မြန်မာအဓိပ္ပါယ်ကို ရှာ​ဖွေကြည့်ရှုနိုင်မှာ ဖြစ်သလို မြန်မာလိုရိုက်ကာလည်း ကိုရီးယားစကားလုံး​တွေကို ရှာ​ဖွေနိုင်မှာ ဖြစ်ပြီး စကားလုံး​တွေရဲ့ အသံထွက်ကိုလည်း နား​ထောင်နိုင်​အောင် ဖန်တီး​ထားတာဖြစ်ပါတယ်။Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More

Covid ကာလအတွင်း မြန်မာနိုင်ငံတွင် Zoom, Skype, Google Hangouts app များ လူသုံးအများဆုံးဖြစ်ဟု တယ်လီနောထုတ်ပြန်

မတ်လ ၁ ရက်မှ ဧပြီ ၁၉ ရက်အတွင်း တယ်လီနောကွန်ရက်တွင် ဗီဒီယိုဖြင့်ပြုလုပ်တဲ့ အစည်းအဝေးတွေ ပြုလုပ်မှုကို Zoom တွင် ၁၃၇၃ ရာခိုင်နှုန်း၊ Skype တွင် ၂၄၅ ရာခိုင်နှုန်းနှင့် Google Hangouts တွင် ၂၅ ရာခိုင်နှုန်း အသီးသီး အသုံးပြုမှုရှိခဲ့ကြပြီး ၎င်းအက်ပလီကေးရှင်းတွေဟာ မြန်မာနိုင်ငံအတွင်း လူသုံးအများဆုံး ဖြစ်ခဲ့တယ်လို့ တယ်လီနောရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုကလည်း ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အထူးသဖြင့် သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက် အတွင်း ပိုမိုမြင့်တက်ခဲ့တယ်လို့ ထုန်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုမှုနှုန်းက ၄၀% တိုးတက်လာပြီး အက်ပလီကေးရှင်းအားဖြင့် Facebook အနေနဲ့ ၈၇ ရာခိုင်နှုန်း၊ Netflix ၄၈ […]

Read More

အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ထူထောင်ခြင်း စည်းမျဉ်းကို ပြင်ဆင်သည့် စည်းမျဉ်း ထုတ်ပြန်

အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund, USF) ထူထောင်ခြင်း စည်းမျဉ်းကို ပြင်ဆင်တဲ့စည်းမျဉ်း ထုတ်ပြန်ထားပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ ဆက်သွယ်ရေးဥပဒေ အခန်း၁၅၊ ပုဒ်မ၅၄ အရ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိရန်နှင့် ကြီးကြပ်ရန်ဟူ၍ ဖော်ပြပါရှိပါတယ်။ အဆိုပါရန်ပုံငွေဖြင့် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်း အစီအစဥ်များ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိစေပြီး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ဖို့အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ ထူထောင်ခြင်း စည်းမျဥ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူကာ ၂၀၁၈ ခုနစ် သြဂုတ်လ ၂၈ ရက်က အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၈ ပြည်ထောင်စုဝန်ကြီးရုံးက အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အခြားဆက်သွယ်‌ရေးဆိုင်ရာကဏ္ဍတွေအတွက် ရန်ပုံငွေမှ […]

Read More

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စ ထပ်မံအသိပေးထား

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ထပ်မံအသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက်နောက်ဆုံးထားကာ မှတ်ပုံတင်ရမှာဖြစ်ပြီး တည်ဆဲဥပဒေအရ ထုတ်ပေးထားသော သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/ နိုင်ငံသားစိစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ နိုင်ငံခြားသာများအတွက် Passport တစ်ခုခုနဲ့ ၂ ကတ်ထက်ပိုကာ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ် တွေကို ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ Call Center ကိုခေါ်ဆိုနိုင်ခြင်းမှ လွဲကာ အထွက်ခေါ်ဆိုမှုကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။ မှတ်ပုံတင်ထားခြင်းရှိမရှိကို MPT Sim Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *601# ကိုလည်းကောင်း၊ Telenor SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *979*3*3# ကိုလည်းကောင်း၊ Ooredoo […]

Read More

ဓာတ်အားခကို ရွေ့လျားယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကောက်ခံပေးလျက်ရှိသလို Online Payment များဖြင့်လည်း ပေးဆောင်နိုင်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ Covid 19 ကာကွယ်ရေးအနေဖြင့် ဓာတ်အားခကို ရွေ့လျားယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကောက်ခံပေးလျက်ရှိသလို Online Payment များဖြင့်လည်း ပေးဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော လျှပ်စစ်ဓာတ်အား သုံးစွဲသူမိဘပြည်သူများထံသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်နှင့်ရပ်ကွက်များအတွင်း ရွေ့လျားဓာတ်အားခကောက်ခံယာဉ်ဖြင့် အိမ်တိုင်ရာရောက် လျှပ်စစ် ဓာတ်အားခ ကောက်ခံခြင်းကို ဧပြီ ၂၄ ရက်ကစပြီး ဝန်ဆောင်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေပေးဆောင်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ဘဏ်များ၊ အွန်လိုင်းဝန် ဆောင်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး Mobile Banking, Online Payment များနဲ့လည်း ပေးဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ -ဝေဝေ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်းတွင်းက အိုင်တီ၊ မိုဘိုင်း စတဲ့ […]

Read More

ပညာရေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များကို စောင့်ကြည့်ပေးရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုက်တွန်း

လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေများကြောင့် ပညာရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်များကို စောင့်ကြည့်ပေးရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။ အခြေခံပညာကျောင်း‌တွေရဲ့အောင်စာရင်းများထုတ်ပြန်ရာမှာ နောက်ကျမှုများရှိနေပြီး ဇွန်လတွင်ဖွင့်လှစ်လျက် ရှိသော အခြေခံပညာကျောင်းများသည်လည်း ရောဂါအခြေအနေပေါ်မူတည်၍ အပြောင်းအလဲများ ရှိလာနိုင်တယ် လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများထုတ်ပြန်ကြေညာချက်များနှင့် ပတ်သက်၍ ယခုအခါတွင် အဖြေလွှာစစ်ဆေးရန်ပင် အခက်အခဲများစွာ ရှိနေသလို တက္ကသိုလ်များတွင် ရောဂါအခြေအနေကြောင့် စာမေးပွဲ အချို့ကို ဖြေဆိုနေလျက်ပင် နားလိုက်ခြင်းများရှိတာကြောင့် ပညာရေးနှင့်ပတ်သက်၍ ထိခိုက်မှုများ မဖြစ် ပေါ်စေရန် ဆောင်ရွက်နေကျကြောင်းလည်း သိရပါတယ်။ ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များ ရှိမှသာ ပြန်လည်၍ ကျောင်းများဖွင့်မှာဖြစ်ကြောင်းနဲ့ ကျောင်းတွေရဲ့ ကြေညာချက်ထုတ်ပြန်ခြင်းများကို ဂရုစိုက်ပေးကြရန် လိုအပ်ကြောင်း သိရပါတယ်။ ဒါပြင် ကျောင်းပိတ်ရက်ကာလအတွင်း အခြေခံဆရာဆရာမ သိန်းကျော်တက်ရောက်ရမယ့် သင်ရိုးသစ် သင်တန်းတွေကိုလည်း လက်ရှိအချိန်မှာ ယာယီရပ်နားထားရတယ်လို့လည်း […]

Read More