Day: April 24, 2020

လုံခြုံရေးမြှင့်တင်လိုက်တဲ့ Zoom

Zoom ဟာ တစ်ကိုယ်ရေလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာအားနည်းချက်တွေကို ပြင်ဆင်ဖို့ ရက် ၉၀ ကြာ update ဖြန့်ချိမှုကို နားခဲ့ပြီးနောက် အဆင့်မြှင့်တင်မှုတချို့ ဖြန့်လိုက်ပါတယ်။ Zoom 5.0 update မှာ ပြီးခဲ့တဲ့အပတ်အတွင်း လူတွေ ဝေဖန်ထောက်ပြခဲ့တဲ့ အရာတချို့ကို ပြင်ဆင်လိုက်ပါတယ်။ Update အသစ်မှာ Zoom ရဲ့ လုံခြုံရေး feature တွေကို icon တစ်ခုထဲမှာ စုစည်းပေးထားပါတယ်။ သုံးစွဲသူက meeting တွေကို lock လုပ်တာ၊ ပါဝင်သူတွေကို ဖယ်ရှားတာနဲ့ screen sharing လုပ်တာကို ကန့်သတ်တာနဲ့ meeting တွေထဲမှာ စကားပြောတာတို့ကို အလျင်အမြန်လုပ်နိုင်ပါတယ်။ ဒါ့အပြင် Zoom ဟာ သုံးစွဲသူတွေ အများစုအတွက် password ကိုထည့်သွင်းပေးလိုက်ပြီး IT […]

Read More

2.5D Curved Edge Display နည်းပညာ

2.5D Curved Edge Display ဆိုတာကတော့ ဖန်သားမျက်နှာပြင်ရဲ့ အနားသတ်ထောင့်တွေကို အနည်းငယ်ကွေးထားတဲ့ မျက်နှာပြင်ကို ဆိုလိုတာဖြစ်ပါတယ်။ တကယ်တော့ ဒီမျက်နှာပြင် အခေါ်အဝေါ်က နည်းပညာအားဖြင့် တရားဝင် သတ်မှတ်ခေါ်ဝေါ်တဲ့ အမည်တော့မဟုတ်ပေမယ့် အခုအခါမှာတော့ ဒီအခေါ်အဝေါ်ကိုပဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါတယ်။ တချို့ဟန်းဆက်တွေမှာတော့ ဒီလိုမျိုး ဖန်သားပြင်နည်းပညာကို အသုံးပြုထားတာ မသိသာပေမယ့် ဖုန်းမျက်နှာပြင် အပေါ်ဘက်မှာ ပါးလွှာတဲ့အလွှာတစ်ထပ် ပုံစံရှိတဲ့ ဖန်သားမျက်နှာပြင် ထောင့်အနားလုံးပုံစံ ဒီဇိုင်းက တကယ်ပဲသဘောကျစရာ ကောင်းလှပါတယ်။ စမတ်ဖုန်းတော်တော်များများမှာ ဖန်သားပြင်ထောင့်ကို အနားလုံးထားသလိုမျိုး ကွေးထားတဲ့ပုံစံနဲ့ ထုတ်လုပ်လာကြပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကိုယ်ပိုင် စတိုင်အနေနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေက ဖန်သားမျက်နှာပြင်တွေ တီထွင်ထုတ်လုပ်လာခဲ့ပါတယ်။ ပုံမှန် အပြားအချပ်လိုက်ဖြစ်တဲ့ 2D ဖန်သားမျက်နှာပြင်တွေရဲ့ အနားသတ်ထောင့်တွေကို အနားသတ်ထားသလိုမျိုး ကွေးထားတာထက်ပိုတဲ့ […]

Read More

Apple က လာမယ့်နှစ်မှာ ကိုယ်ပိုင်ချစ်ပ်ထည့်သုံးထားတဲ့ Mac ရောင်းချဖို့စီစဉ်ပြီ

Apple ဟာ ၂၀၂၁ မှာတော့ ကိုယ်ပိုင်ချစ်ပ် ထည့်သွင်းထားတဲ့ Mac ကွန်ပျူတာကို စတင်ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ Apple က ကိုယ်ပိုင် Mac ပရိုဆက်ဆာ ၃ မျိုးကို လုပ်နေပါတယ်။ မျိုးဆက်သစ် iPhone အတွင်း A14 ပရိုဆက်ဆာတွေကို အခြေခံပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင် Mac ချစ်ပ်တွေက iPhone နဲ့ iPad အတွင်းက ပရိုဆက်ဆာတွေထက် ပိုမို မြန်ဆန်မယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။ လာမယ့်နှစ်မှာ အနည်းဆုံးတော့ ကိုယ်ပိုင်ချစ်ပ်အသုံးပြုထားတဲ့ Mac ထုတ်ကုန်တစ်ခုကို ထွက်ရှိဖို့ Apple စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း ချစ်ပ်အမျိုးမျိုး ထုတ်လုပ်မယ့် Kalamata အစီအစဉ်က Intel အပေါ်မှီခိုနေရတဲ့ Mac ကို […]

Read More

ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်များကို ၂၀ ရာခိုင်နှုန်း ပညာသင်ဆု ဖြင့်လျှောက်ထားနိုင်မည်

ကမ္ဘာ့ထိပ်သီး ဟိုတယ်နှင့် စီမံခန့်ခွဲမှုကျောင်းတစ်ခုဖြစ်တဲ့ IMI Switzerland မှာ ၅ လ စာသင်၊ ၅ လ လုပ်ခလစာရ (အလုပ်သင်ကာလ) ပါဝင်တဲ့ ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်တွေကို ၂၀ ရာခိုင်နှုန်းပညာသင်ဆု နဲ့ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်၊ သြဂုတ်လနဲ့ နိုဝင်ဘာလ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်ပြီး မေ ၁၅ ရက် နောက်ဆုံးထားကာ MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ လျှောက်ထားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ IMI Switzerland မှာ (၁၀) တန်း အောင်၊ IGCSE ‘O’ Level ပြီးထားသူတွေဟာ IMI ၏ Foundation တန်းကို စတက်ရမှာဖြစ်ပါတယ်။ Foundation တန်းပြီးဆုံးပါက Menchester Metropolitan University […]

Read More

64MP ကင်မရာနဲ့ ပွဲထွက်လာတဲ့ Huawei nova 7, 7 SE နဲ့ 7 Pro

Huawei ဟာ ကောလာဟလနဲ့ ခန့်မှန်းချက်တွေ များစွာ ထွက်ပေါ်နေတဲ့ nova 7 စီးရီးဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Huawei ကအွန်လိုင်းကနေ nova 7 Pro, nova 7 နဲ့ nova 7 SE ထုတ်ကုန် ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်း ၃ မျိုးစလုံးမှာ 64MP ကင်မရာနဲ့ 5G ထောက်ပံ့မှုပါဝင်သလို 40W အားသွင်းမြန်ဆန်စနစ်နဲ့ ဘက်ထရီ 4,000mAh လည်းပါဝင်လာပါတယ်။ ဖုန်းတွေအကြားမှာ ကွာခြားချက်က display တွေနဲ့ chipset တွေဖြစ်ပါတယ်။ nova 7 နဲ့ 7 Pro မှာတော့ Kirin 985 ကိုအသုံးပြုထားပြီး nova 7 SE […]

Read More

M-Pencil ထောက်ပံ့မှုပါဝင်လာတဲ့ Huawei ၁၀.၄လက်မ MatePad

Huawei ဟာအွန်လိုင်းကနေ ထုတ်ကုန်မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ Huawei ဟာ nova 7 စီးရီးအပြင် Huawei MatePad ကိုလည်း ပြသခဲ့ပါတယ်။ မနှစ်က တရုတ်နိုင်ငံမှာ MatPad Pro ကိုအနည်းငယ်လျှော့ချထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ Huawei MatePad မျက်နှာပြင်အရွယ်အစားက 10.4 လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 2,000x 1,200 pixel IPS display နဲ့ Kirin 810 chipset တို့ပါဝင်လာပါတယ်။ ဖုန်းမှာ ဘက်ထရီ 7,250mAh နဲ့အတူ USB-C ကတစ်ဆင့် 18W အားသွင်းမြန်ဆန်စနစ်ပါဝင်လာပါတယ်။ MatePad မှာ 8MP ကင်မရာ ၂လုံးပါဝင်လာပါတယ်။ ကျောဘက်မှာ autofocus ပါဝင်သလို selfie ကင်မရာမှာတော့ fixed […]

Read More

မေလ အစောပိုင်း မိတ်ဆက်နိုင်တဲ့ Microsoft Surface Earbuds

Microsoft ဟာ Apple ရဲ့ AirPods ကိုပြိုင်ဆိုင်သွားမယ့် Surface Earbuds ကို မကြာမီ မိတ်ဆက်နိုင်ပါတယ်။ လာမယ့် နှစ်ပတ်အတွင်း မေ ၆ ရက်ကစတင်ပြီး Surface Earbuds ကို ၂၁၅ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ Winfuture က ဖော်ပြလိုက်ပါတယ်။ Microsoft အနေနဲ့ Surface Earbuds ရောင်းချမယ့်အချိန်နဲ့ ပတ်သက်ပြီး အတည်မပြုခဲ့ပါဘူး။ မူလက Surface Earbuds ကို မနှစ်က အားလပ်ရက်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်လည်း Surface Earbuds ထွက်ရှိဖို့ မရေမရာဖြစ်ခဲ့ရပါတယ်။ အလားတူပဲ Microsoft ရဲ့ Surface Neo tablet […]

Read More

COVID-19 ကပ်ရောဂါကာလ သတင်းအတတ်ပညာ အွန်လိုင်းသင်တန်း အခမဲ့သင်ကြားပေးမည်

ယခုအချိန်ထိ ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကပ်ရောဂါအကြောင်းကို တင်ဆက်နေကြတဲ့ သတင်းသမားတွေအတွက် “Journalism in the time of COVID-19 Online Training” COVID-19 ကပ်ရောဂါကာလ သတင်းအတတ်ပညာ အွန်လိုင်းသင်တန်းကို Myanmar Journalism Institute- MJI က ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ယခုသင်တန်းကို IMS-Fojo ,DW Akademie နဲ့ MJI တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ သင်တန်းကြေး အခမဲ့ဖြစ်ပြီး သင်တန်းကာလအတွင်း အသုံးပြုမယ့် အင်တာနက်သုံးစွဲမှု ကုန်ကျငွေများကိုလည်း MJI က ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းမှာ COVID-19 ကပ်ရောဂါကာလအတွင်း လုံခြုံစွာ သတင်းတင်ဆက်ပေးပို့နည်း၊ COVID-19 နဲ့ ဆက်စပ်တဲ့ သတင်းစိတ်ကူးစိတ်သန်းများ၊ သတင်းနှင့် ဓာတ်ပုံအချက်အလက်များ အတုအစစ် ဆန်းစစ်ခြင်း၊ […]

Read More

Xiaomi QIN 2 AI (4G)

Price – 117,000 Ks အားသာချက် ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ bezel-less display မျက်နှာပြင်ကို Aspect ratio 22.5:9 နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး Android လုပ်ဆောင်ချက်တွေ စုံလင်စွာအသုံးပြုနိုင်မှု၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်၊ Xiiao AI စနစ်၊ Multilingual ဘာသာပြန်စနစ်တွေနဲ့ ဖုန်းကို remote လို အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာက ဒီဖုန်းရဲ့ အထူးဆွဲဆောင်နိုင်တဲ့ အချက်တွေလို့ဆိုရမှာပါ။ အားနည်းချက် သိုလှောင်နိုင်မှုပမာဏကို တိုးမြှင့်အသုံးပြုနိုင်ဖို့ MicroSD ပေါက်မပါဝင်တာက 32GB ပမာဏနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက တစ်ရက်ခွဲဝန်းကျင်လောက်သာ သုံးနိုင်ပြီး နှစ်ရက်ဝန်းကျင် အသုံးမပြုနိုင်တဲ့အပြင် မြန်ဆန်တဲ့ ဘက်ထရီအားသွင်းနည်းပညာတွေ မပါဝင်တာက ဒီဖုန်းကို ဝယ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုရမှာပါ။ ရှေ့ဘက်ကင်မရာ […]

Read More