Day: April 23, 2020

အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာတွေက ကိုရိုနာဗိုင်းရပ်စ်ကို လက်နက်အဖြစ် အသုံးချ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အကြောင်းပြုပြီး အွန်လိုင်းမှာ ကာကွယ်ဆေးနဲ့ ခိုးထားတဲ့ မျက်နှာဖုံးတွေ ရောင်းချတာကနေ phishing တိုက်ခိုက်မှုအမျိုးမျိုးလည်း ပေါ်လာပါတယ်။ အင်တာနက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ လိမ်လည်မှုနဲ့ တိုက်ခိုက်မှုတွေလည်း တွေ့နေရပါတယ်။ အခုဆိုရင် Google လုံခြုံရေးသုတေသီတွေက ရှာဖွေတွေ့ရှိတာကို ဖော်ထုတ်လိုက်ပါတယ်။ Google ရဲ့ Threat Analysis Group (TAG) အဖွဲ့က ကုမ္ပဏီထုတ်ကုန်တွေမှာ ကြုံတွေ့ရတဲ့ COVID-19 တိုက်ခိုက်မှု အရေအတွက်အသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဖော်ထုတ်ထားတဲ့ တိုက်ခိုက်မှုတွေက အမေရိကန်အစိုးရဆိုင်ရာ လုပ်သားတွေနဲ့ ကျန်းမာရေးအေဂျင်စီတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး phishing အီးမေးလ်တွေက အိမ်ကနေ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားဦးတည်ကာ အလှူခံတဲ့ မေးလ်အတုတွေလည်း ပေါ်လာပါတယ်။ “ဟက်ကာတွေက အကျပ်အတည်းတွေကို အခွင့်အရေးအဖြစ် ရှုမြင်ကြပါတယ်။ […]

Read More

Apple iPhone နဲ့ iPad ထဲက Mail App လုံခြုံရေးအားနည်းချက် ဖြစ်ပေါ်နေ

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ZecOps ဟာ လူသန်းရာပေါင်းများစွာ အသုံးပြုနေတဲ့ iPhone တွေထဲက လုံခြုံရေးအားနည်းချက်ကို ရှာဖွေတွေ့ရှိပြီးနောက် Apple က patch တစ်ခုဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဆန်ဖရန်စစ္စကိုအခြေစိုက် ZecOps ဟာ Apple ရဲ့ mail ap အတွင်း ဟက်ကာတွေ အသုံးချနိုင်တဲ့ အားနည်းချက် ၂ ခုကို ရှာဖွေတွေ့ပြီးနောက် ကုမ္ပဏီကို သတိပေးခဲ့ပါတယ်။ Apple က ဒီလအတွင်း ဖြန့်ချိခဲ့တဲ့ beta update တစ်ခုမှာ အားနည်းချက်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုအားနည်းချက်ကို ပြင်ဆင်ဖို့ update အပြည့်အဝတစ်ခု ဖြန့်ချိမယ်လို့ အတည်ပြုထားပါတယ်။ iPhone ဒါမှမဟုတ် iPad ရဲ့ mail app မှာအထူးပြုလုပ်တဲ့ အီးမေးလ်နဲ့ အားနည်းချက်ကို အသုံးချနိုင်တယ်လို့ […]

Read More

တီဗီအစီအစဉ်နဲ့ ရုပ်ရှင် ရှာဖွေမှုကို watchlist ထဲ ထည့်ခွင့်ပြုလိုက်တဲ့ Google

Google ဟာ မိုဘိုင်း platform တွေ အတွက် Search အတွင်းမှာ “Watchlist” ဆိုတဲ့ feature ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ feature က Google မှာ အစီအစဉ်နဲ့ ရုပ်ရှင် ရှာဖွေမှုတွေကို စုစည်းပေးပါတယ်။ အဲဒီ feature ကို အသုံးပြုဖို့ Google မှာ ရုပ်ရှင် ဒါမှမဟုတ် တီဗီအစီအစဉ်တစ်ခုကို ရှာဖွေလိုက်ပါတယ်။ ပေါ်လာတဲ့ preview window က bookmark icon ကိုနှိပ်ရပါမယ်။ အဲဒီအခါ Watchlist tab တစ်ခုပေါ်လာပါတယ်။ နောက်တစ်ကြိမ် ရှာဖွေလိုရင် my watchlist ဒါမှမဟုတ် ရုပ်ရှင်ကြည့်ဖို့ ရှာဖွေလိုက်တာနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Google မှာ “what’s […]

Read More

ကိုးနဝင်းအဓိဌာန်

ကိုးန၀င်းပုတီးစိပ်နေသူ​တွေ ​ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ အဓိဌာန်အဆင့်​တွေဖြစ်တဲ့ ပထမ၊ ဒုတိယ၊ တတိယ စတဲ့အဆင့်အလိုက် စိပ်ရမယ့် ဂုဏ်​တော်၊ ပုတီးအပတ်ရေ​တွေကို အလွယ်တကူ သိရှိနိုင်မှာဖြစ်သလို App က​နေ reminder အသိ​ပေးချက်အ​နေနဲ့ ပုတီးစိပ်ဖို့၊ သက်သတ်လွတ်စားဖို့ စတာ​တွေကိုလည်း အသိ​ပေး​အောင်လုပ်​ဆောင်ထားနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

မျက်နှာပြင်ခေါက်နိုင်သော Mate Xs ဖုန်းနဲ့ MatePad Pro ကို ကြိုတင်မှာယူစနစ်ဖြင့် ပြည်တွင်းမှာစတင်ရောင်းချ

Huawei ရဲ့ မျက်နှာပြင်ခေါက်နိုင်တဲ့ Mate Xs ဖုန်းနဲ့ MatePad Pro ကို ပြည်တွင်းမှာ ကြိုတင်မှာယူစနစ်ဖြင့် စတင်ဝယ်ယူနိုင်ပြီလို့သိရပါတယ်။ Smart Magnetic ကီးဘုတ်နဲ့ M-pencil ပါဝင်တဲ့ MatePad Pro ကို ၉၉၉,၀၀၀ ကျပ်၊ Mate Xs ကို ၃,၉၉၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့သိရပြီး ဧပြီ ၂၀ ရက်မှ မေ ၉ ရက်အထိ Huawei ဖုန်းအရောင်းဆိုင်တွေမှာ ကြိုတင် မှာယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူထားတဲ့သူတွေအနေနဲ့ မိမိမှာယူထားတဲ့ ထုတ်ကုန်ကို မေလ၊ ဒုတိယအပတ်မှာ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Huawei Mate Xs ခေါက်ဖုန်းမှာ 5G ကိုထောက်ပံ့ပေးနိုင်ပြီး SIM ကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား […]

Read More

Facebook post တည်နေရာကို ဖော်ပြပေးတော့မည်

လူကြည့်အများဆုံး Facebook စာမျက်နှာတွေနဲ့ Instagram account တည်နေရာကို ဖော်ပြသွားမယ်လို့ Facebook ကကြေညာလိုက်ပါတယ်။ Account နဲ့စာမျက်နှာပိုင်ရှင်တွေက post တွေကို ဝေမျှတဲ့အခါမှာ စိတ်ချယုံကြည်ရတဲ့ သတင်းအချက်အလက်ကို မြင်တွေ့ရအောင် ဖြစ်တယ်လို့ Facebook ကပြောကြားခဲ့ပါတယ်။ အခုအပြောင်းအလဲကို အမေရိကန်ပြင်ပအခြေခံ account တွေမှာ ပထမဆုံးအသုံးပြုမှာ ဖြစ်ပါတယ်။ အမေရိကန်အတွင်း လူအများဆုံးက ပြင်ပကအရာတွေ အများဆုံး ကြည့်လေ့ရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခု feature က ရွေးကောက်ပွဲအကြောင်းအရာကို မှန်ကန်စွာ မြင်တွေ့ရဖို့ ရည်ရွယ်တယ်လို့ ကုမ္ပဏီပြောထားပါတယ်။ “အခုအပြောင်းအလဲက ရွေးကောက်ပွဲကို ကာကွယ်ဖို့ တစ်စိတ်တစ်ပိုင်း အားထုတ်မှုဖြစ်ပြီး Facebook နဲ့ Instagram ပေါ်က ပွင့်လင်းမြင်သာမှု တိုးတက်လာဖို့ပါ။ ဒါမှပဲ လူတွေက […]

Read More

ကလေးတွေအတွက် Facebook Messenger Kids

Facebook ဟာ Messenger app ကိုအဆက်မပြတ် အဆင့်မြှင့်တင်နေပါတယ်။ မကြာသေးခင်က Facebook Messenger ထဲ Facebook Pay ကိုထည့်သွင်းခဲ့ပြီး မြန်နှုန်းနဲ့ footprint ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ အခုဆိုရင် Facebook က ကလေးတွေနဲ့ အကျွမ်းတဝင်ဖြစ်မယ့် Messenger ကိုအဆင့်မြှင့်တင်လိုက်ပါတယ်။ Messenger Kids ကို ၂၀၁၈ ခုနှစ်က စတင်ဖြန့်ချိခဲ့ပါတယ်။ Facebook Messenger Kids ဟာ မိဘတွေ ကြီးကြပ်မှုနဲ့ သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး လုံခြုံရေး၊ ပြင်လွယ်ပြောင်းလွယ်နဲ့ control တွေများစွာ ပါဝင်လာပါတယ်။ Messenger Kids ကိုအမေရိကန်နိုင်ငံတင်မကဘဲ အခြားဒေသတွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Facebook Messenger Kids app ကိုနိုင်ငံပေါင်း ၇၀မှာ အသုံးပြုနိုင်ပြီ […]

Read More

Mac စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် app (၁၀) မျိုး

Mac အသုံးပြုပြီး အလုပ်လုပ်သူတွေအနေနဲ့ စွမ်းဆောင်ရည်မြင့် app တချို့လိုအပ်လာနိုင်ပါတယ်။ Mac ထိပ်တန်း app တွေနဲ့ ရောင်းအားအကောင်းဆုံး app (၁၀) မျိုးကို ဖော်ပြချင်ပါတယ်။ အဲဒီ app တွေနဲ့ အလုပ်လုပ်ရာမှာ အလုပ်တွင်ကျယ်ပြီး လုပ်ကိုင်နိုင်စွမ်းကိုပါ တိုးမြှင့်ပေးမှာပါ။ (၁) WorkspacePro: Multiple App Launcher for Mac ဈေးနှုန်း- ၁၀ ဒေါ်လာ အခု app က app အမျိုးမျိုကို ဖွင့်တာ၊ စီမံဖို့နဲ့ အလိုအလျောက် ပိတ်ပေးနိုင်တဲ့ all-in-one tool တစ်ခု ဖြစ်ပါတယ်။ WorspacePro ကြောင့် အချိန်ကုန်သက်သာပြီး desktop ကို ကျစ်ကျစ်လျစ်လျစ် သုံးနိုင်ပါတယ်။ Desktop နဲ့ hard […]

Read More

၂၀၂၀ ခုနှစ် ပထမလေးလအတွက် စီးပွားရေးရလဒ်များကို Huawei မှ ထုတ်ပြန်ကြေညာ

Huawei မှ ၂၀၂၀ ခုနှစ် ပထမ လေးလအတွက် စီးပွားရေးရလဒ်များကို ကြေညာခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ကြေညာချက်မှာ Huawei အနေနဲ့ ပထမလေးလမှာ အမြတ်အစွန်းတရုတ်ယွမ် ၁၈၂.၂ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် ပထမလေးလပတ်ထက် ၁.၄% ပိုမို များပြားခဲ့ကြောင်း ၂၀၂၀ ခုနှစ် ပထမ လေးလပတ်အတွက် ကုမ္ပဏီရဲ့ အသားတင်အမြတ်ရာခိုင်နှုန်း (net profit margin) ၇.၃% ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှ စကာ Huawei နဲ့ မိတ်ဖက်တွေအနေနဲ့ 5G နဲ့ AI နည်းပညာသုံး ဆေးဘက်ဆိုင်ရာ application များစွာကို အလျင်အမြန် မိတ်ဆက်ခဲ့ကြောင်း၊ Huawei ရဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အတွေ့အကြုံရင့်ကျက် ကျွမ်းကျင်မှုကို အသုံးပြုကာ […]

Read More

Education USA Burma မှ Virtual College Fair ပြုလုပ်မည်

Education USA Burma မှ Virtual College Fair ကို ဧပြီ ၂၉ ရက် နဲ့ မေ ၇ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Online Event ကို ညနေ ၃ နာရီခွဲမှ ၆ နာရီခွဲအထိ ကျင်းပသွားမှာဖြစ်ပြီး US College နဲ့ တက္ကသိုလ်ပေါင်း ၂၀ ပါဝင်မှာပါ။ ပွဲတက်ရောက်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ရောက်ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတတွေ၊ အကြံဥာဏ်တွေကို Education USA မှအကြံပေးများဆီမှ ရယူနိုင်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်ကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ -သန္တာ

Read More