Day: April 22, 2020

စွမ်းအားပြင်း 600MP sensor ကိုထုတ်လုပ်ဖို့ Samsung ရည်မှန်း

Samsung ဟာ ကင်မရာ sensor တိုးတက်မှုနဲ့ ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကကျတဲ့ ကုမ္ပဏီဖြစ်သလို လူသုံးကုန် စမတ်ဖုန်းအတွက် 64MP နဲ့ 108MP sensor တွေပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Samsung ဟာ အနာဂတ်မှာ 600MP sensor ကိုထုတ်လုပ်ဖို့အထိ ရည်မှန်းထားတယ်လို့ ကုမ္ပဏီ Sensor လုပ်ငန်းအဖွဲ့ခေါင်းဆောင် ယွန်ဂျီပါ့ခ်က ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ 600MP sensor ဟာ လူသား မျက်စိထက် ပိုမိုအသေးစိတ် တိကျမယ်လို့ သိရပါတယ်။ ယွန်ဂျီပါ့ခ်ရဲ့ ဖော်ပြချက်အရ လူသားမျက်လုံးတွေက 500MP နီးပါးလောက်ပဲ ပုံဖော်နိုင်တာ ဖြစ်ပါတယ်။ သူ့အဖွဲ့ ရည်မှန်းချက်က လူသားမျက်လုံးထက် သာလွန်တဲ့ sensor ကိုဖန်တီးမှာ ဖြစ်ပါတယ်။ Samsung Galaxy S20 […]

Read More

A52 နဲ့ ကင်မရာ ၄ လုံးအထိပါဝင်တဲ့ A72 တို့ကို Oppo ထုတ်ဖော်ပြသ

Oppo ဟာ ဥရောပဈေးကွက်အတွက် A52 အပြင် A72 ကိုလည်း ဖြန့်ချိမှာ ဖြစ်ပါတယ်။ Oppo A52 ကိုတော့ တရုတ်နိုင်ငံမှာ ယွမ် ၁,၆၀၀ (ယူရို ၂၁၀ နီးပါး) နဲ့ရောင်းချနေပါတယ်။ Oppo A52 နဲ့ A72 တို့ကို ဘယ်အချိန်မှာ ရောင်းချမလဲဆိုတာ မသိသေးပါဘူး။       Oppo A52 နဲ့ A72 တို့ရဲ့ မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မစီ ရှိကာ ရုပ်ထွက်အရည်အသွေးကလည်း 1080p+ (LCD အသုံးပြုနိုင်) ပဲဖြစ်ပါတယ်။ Snapdragon 665 chipset နဲ့အတူ RAM 4GB ပါဝင်ပြီး ကျောဘက်မှာ ကင်မရာ ၄ လုံးနဲ့ […]

Read More

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ အတွက် Apple ဝန်ဆောင်မှုတွေ တရားဝင်ထောက်ပံ့

Apple ဟာ Apple Music ကို နိုင်ငံပေါင်း ၅၂ နိုင်ငံအတွက် တိုးချဲ့ပေးလိုက်ပါတယ်။ ဒါ့အပြင် App Store, Arcade, Podcasts နဲ့ iCloud တို့ကိုလည်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ အတွက် တရားဝင် ထောက်ပံ့ပေးလိုက်ပါတယ်။ Apple ကဝန်ဆောင်မှုတွေ စတင်အသုံးပြုနိုင်မယ့် နိုင်ငံနဲ့ ဒေသတွေကို ထုတ်ပြန်လိုက်ပါတယ်။ App Store, Apple Arcade, Apple Music, Apple Podcasts နဲ့ iCloud တိုးချဲ့လိုက်တဲ့ နိုင်ငံနဲ့ ဒေသ အာဖရိက ကင်မရွန်၊ အိုက်ဗရီကို့စ်၊ ကွန်ဂို၊ ဂါဘွန်၊ လစ်ဗျား၊ မော်ရိုကို၊ ရာဝမ်ဒါနဲရ့ ဇမ်ဘီးယား အာရှ-ပစိဖိတ် မော်လ်ဒိုက်နဲ့ မြန်မာ ဥရောပ […]

Read More

ခံစားချက်များ ရင်ဖွင့်နိုင်မည့် ဖုန်းလိုင်းခေါ်ဆိုနိုင်

မိမိရဲ့ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ကာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေရရှိနိုင်မယ့် “ခံစားချက်လေးများ ဖုန်းလိုင်း” ဖြစ်တဲ့ “၀၉ ၉၆၁၁ ၄၀၀၀၀” ကို အပတ်စဉ် တနင်္လာမှ သောကြာအထိ နံနက် ၉ နာရီမှ ည ၉ နာရီအတွင်း ဆက်သွယ်ခေါ်ဆိုနိုင်မယ်လို့ unicef ရဲ့တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ Covid-19 ရောဂါဟာ အခုဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်နေကြောင်း၊ လူသားတိုင်းအ‌‌နေနဲ့လည်း မိမိတို့ကိုယ်တိုင်အတွက်ရော၊ မိမိတို့ ချစ်ခင်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက်ရော ဒီရောဂါဆိုးကြီး ကူးစက်ခံရမှာ၊ ဖြစ်ပွားကြမှာကို အရမ်းစိုးရိမ်နေကြကြောင်း၊ ကလေးတွေဟာလည်း Covid-19 ရောဂါအကြောင်းကို ပြုစုစောင့်ရှောက်သူ‌ လူကြီးတွေကတစ်ဆင့်၊ လူမှုကွန်ရက်တွေကတစ်ဆင့်၊ သတင်းမီဒီယာတွေကတစ်ဆင့် သိနိုင်ကြ‌‌ ‌ကြောင်း ကလေးတွေနဲ့ ကလေးပြုစုစောင့်ရှောက်သူတွေမှာ လည်း Covid-19 […]

Read More

ဥရောပမှာ စတင်ရောင်းချမယ့် Oppo Find X2 Lite 5G

Oppo ဟာ ဥရောပဈေးကွက် ပေါ်တူဂီမှာ စတင်ရောင်းချမယ့် 5G ထောက်ပံ့မှုနဲ့ Snapdragon 765G ပါဝင်တဲ့ Oppo Find X2 Lite ကိုမိတ်ဆက်လိုက်ပါတယ်။ Oppo Find X2 မှာ RAM 8GB နဲ့ storage 128GB ပါဝင်တယ်။ မျက်နှာပြင်အရွယ်အစားက‌ Full HD+ AMOLED ဖြစ်ပြီး under-display fingerprint scanner ပါဝင်လာပါတယ်။ ရှေ့ကင်မရာ 32MP sensor နဲ့ f/2.0 aperture ကို ရေစက်ပုံစံ notch ထဲ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာတွေကတော့ 48MP ½” နဲ့ ultra-wideangle 8MP, 2MP monochromatic နဲ့ 2MP […]

Read More

မျက်နှာပြင်အရည်အသွေးမြင့်မားတဲ့ nubia Play 5G

nubia ကုမ္ပဏီဟာ Red Magic စီးရီးဖုန်းတွေနဲ့ gaming နယ်နိမိတ်ချဲ့ထွင်နေပါတယ်။ အခုအခါမှာတော့ nubia က အလယ်အလတ်တန်းစားရှိတဲ့ nubia Play ကိုမိတ်ဆက်လိုက်ပါတယ်။ nubia Play 5G ဟာ တရုတ်နိုင်ငံမှာ ပထမဆုံးမိတ်ဆက်တဲ့ Play စီးရီးဖုန်း ဖြစ်လာပါတယ်။ nubia Play 5G မှာ မျက်နှာပြင် ၆.၆၅ လက်မ FHD+ AMOLED display နဲ့အတူ 144Hz refresh rate ပါဝင်လာပါတယ်။ ဒါ့အပြင် Snapdragon 765G SoC နဲ့ဖြစ်ပြီး ဘက်ထရီက 5,100mAh ဖြစ်ပါတယ်။ ဖုန်း display မှာ 240Hz touch sampling rate ပါဝင်လာသလို built-in […]

Read More

Netflix မှာ screen lock လုပ်ဆောင်ချက် ပါဝင်လာ

ဖုန်းမှာ Netflix နဲ့ရုပ်ရှင်ကြည့်တဲ့အခါမှာ ခလုတ်တွေ မတော်မဆ ထိမိနိုင်တာကို ကာကွယ်ပေးမယ့် screen lock အမည်ရ feature ပါဝင်လာပါတယ်။ အဲဒီ feature က Android ပေါ်က Netflix မှာပါဝင်လာပါတယ်။ အဲဒီ screen lock ကိုတီဗီအစီအစဉ် ဒါမှမဟုတ်ရုပ်ရှင် ဖွင့်ပြီးတာနဲ့ မျက်နှာပြင်အောက်ခြေမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ Screen lock ကိုဖွင့်ထားလိုက်ရင် “Play/Pause” ခလုတ်တွေကို နှိပ်လို့ မရတော့ပါဘူး။ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်မယ်ဆိုရင်တော့ မျက်နှာပြင်ကို tap ၂ချက်လုပ်ပြီး unlock လုပ်ပေးရပါမယ်။ Screen lock ကို အသုံးပြုတဲ့အခါမှာ Android စနစ် gesture တွေဖြစ်တဲ့ နောက်ကို swipe လုပ်တာကိုတော့ အသုံးပြုနိုင်ပါမယ်။ စိုးထက် […]

Read More

IELTS listening အခမဲ့ အွန်လိုင်း သင်တန်း ဧပြီ ၂၇ ရက်စတင်မည်

‘Understanding IELTS: Listening’ အခမဲ့ အွန်လိုင်းသင်တန်းကို ဧပြီ ၂၇ ရက်မှာ စတင်သွားမယ်လို့ သိရပါတယ်။ အခမဲ့ အွန်လိုင်းသင်တန်းမှာ IELTS listening ဖြေဆိုရာတွင် အမှတ်ကောင်း‌ကောင်းရဖို့အတွက် အဓိကထား သင်ကြား‌‌ပေးမှာဖြစ်ပြီး စာ‌မေးပွဲပုံစံနဲ့ ‌မေးခွန်းအမျိုးမျိုးကို ‌‌ဖြေဆိုတတ်ဖို့ လိုအပ်တဲ့ ‌‌‌လေ့လာနည်းဗျူဟာများ အစရှိတာတွေကို ဒီသင်တန်းမှာ‌ ‌သင်ယူနိုင်မှာဖြစ်ပါတယ်။ ဧပြီ ၂၇ ရက်မှာ သင်တန်းစတင်မှာဖြစ်ပြီး တက်ရောက်လိုသူတွေဟာ ဒီနေရာမှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ သင်တန်းကို ဗြိတိသျှကောင်စီမြန်မာမှ စီစဉ်ခြင်းမဟုတ်တဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများ(FAQ) ကို ဒီနေရာမှာ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ -သန္တာ

Read More

Fortnite ဂိမ်းကို Google Play Store ကနေ ဖြန့်ချိ

Epic Games ဟာ နာမည်ကျော် battle royale ဂိမ်းဖြစ်တဲ့ Fortnite ကို Android ထုတ်ကုန်တွေအတွက် တရားဝင် Play Store ကနေ ဖြန့်ချိလိုက်ပါတယ်။ Epice Games ဟာ Android အတွက် Fortnite ကို third-party software အဖြစ် ဖြန့်ချိခဲ့တာ ၁၈ လ ကြာမြင့်ခဲ့ပါတယ်။ Google က third-party software တွေက လုံခြုံရေးပြဿနာတွေ ရှိနိုင်တယ်လို့ သတိပေးထားပြီး Play Store ကတစ်ဆင့် ဖြန့်ချိတဲ့ app တွေမှာ malware တွေမရှိဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် Epic Games က Fortnite က Play Store […]

Read More

အူရီဒူးမြန်မာမှ Office from Home ကြိုးမဲ့ Broadband ဝန်ဆောင်မှုကို စီးပွားရေးလုပ်ငန်းများအတွက် မိတ်ဆက်

အူရီဒူးမြန်မာမှ “Office from Home” ကြိုးမဲ့ broadband အင်တာနက်ဝန်ဆောင်မှုကို စီးပွားရေးလုပ်ငန်းများအတွက် မိတ်ဆက်ပေခဲ့ပါတယ်။ “Office from Home” ကြိုးမဲ့ broadband ဝန်ဆောင်မှုမှာ 5 Mbps အထိ မြန်နှုန်းမြင့် အင်တာနက်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ Broadband ဝန်ဆောင်မှုတွင် ပါဝင်တဲ့ စက်ပစ္စည်းအတွက် အာမခံတစ်နှစ် ပေးထားပြီး စက်ပစ္စည်းအား စတင်အသုံးပြုတဲ့ အချိန်မှစ၍ “Office from Home” ဝန်ဆောင်မှုကို ရက် ၃၀ အတွင်းအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုကို စတင်အသုံးပြုလိုသူတွေအနေနဲ့ ၀၉ ၉၇ ၀၀၀၀၂၁၆ သို့ ဖုန်းခေါ်ကာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ “Office from Home” […]

Read More