Day: April 16, 2020

Myanmar First Aid

ရှေးဦးသူနာပြုစုနည်းတွေကို မြန်မာလို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ အရေးပေါ် စီပီအာ၊ အေဘီစီ၊ အမြင့်မှကျ၊ အက်ဆီးဒင့်၊ အရိုးထိခိုက် စတဲ့ သူနာပြုစုနည်းဆိုင်ရာတွေကို လေ့လာနိုင်မှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့များရှိ ရဲစခန်း၊ မီးသတ်ဌာနနဲ့ အရေးပေါ်ကားတွေကို ဆက်သွယ်နိုင်မယ့် အရေးပေါ်နံပါတ်တွေအပြင် ပရဟိတ အသင်းအဖွဲ့တွေရဲ့ လိပ်စာနဲ့ ဆက်သွယ်ရမယ့် နံပါတ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

iPhone SE ၂၀၂၀ မော်ဒယ်ကို Apple မိတ်ဆက်

Apple ဟာ ဈေးနှုန်းသက်သာတဲ့ iPhone SE မော်ဒယ်သစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။၂၀၂၀ ထုတ် iPhone SE ကို ၃၉၉ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး storage 64GB ပါဝင်လာပါမယ်။ iPhone SE ဒီဇိုင်းက iPhone 8 နဲ့ဆင်ပြီး မျက်နှာပြင် ၄.၇လက်မပဲရှိပြီး အပေါ်နဲ့ အောက်ဘက်ဘေးဘောင်တွေက ကြီးမားသလို Touch ID နဲ့ home ခလုတ်ပါဝင်လာပါတယ်။ iPhone 6 ကတည်းက သုံးလာတဲ့ ဒီဇိုင်းကို ဆက်လက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ iPhone SE ကိုဧပြီ ၁၇ ရက်မှာ ကြိုတင်မှာယူနိုင်ကာ ၂၄ရက်မှာ တင်ပို့ပါမယ်။ iPhone SE ၂၀၂၀ အတွက် storage 128GB မော်ဒယ်ကတော့ […]

Read More