Day: April 15, 2020

Mobile
Tech

OnePlus 8 နဲ့ OnePlus 8 Pro ကိုထုတ်ဖော်မိတ်ဆက်

OnePlus ဟာ ၂၀၂၀ အတွက် flagship ဖုန်းတွေကိုတော့ COVID-19 အကျပ်အတည်းကာလမှာ မိတ်ဆက်လိုက်ပါတယ်။ ဖုန်းတွေကို ဒီဂျစ်တယ်ပွဲကနေ တစ်ဆင့် မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေကတော့ ကတိပေးထားတဲ့အတိုင်း ဒေါ်လာ ၁၀၀၀ အောက်ပဲရှိပါတယ်။ OnePlus 8 နဲ့ OnePlus 8 Pro မှာတော့ မနှစ်ကထွက်ရှိခဲ့တဲ့ OnePlus 7 ကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။ OnePlus 8 Pro OnePlus 8 Pro မှာမျက်နှာပြင် ၆.၇၈ လက်မ Fluid AMOLED display အသုံးပြုထားပြီး 120Hz refresh rate ပထမဆုံးသုံးထားတဲ့ […]

Read More
Android

Dhamma Payeik

ဓမ္မပရိတ် App ဖြစ်ပါတယ်။ ပရိတ်ကြီး ၁၁ သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ အဘိဏှသုတ်၊ ပရိမိတ္တဇာလသုတ်၊ ဆဒိသာပါလသုတ်၊ ရာဟုလောဝါဒသုတ်၊ ဓာရဏပရိတ်တော်၊ ပဋ္ဌာန်းဒေသနာတော်၊ မဟာသမယသုတ်တော်တို့ကို စာအုပ်ပေါင်းများစွာ သယ်စရာမလိုဘဲ တစုတဝေးတည်း ပါဠိ – အသံထွက် – မြန်မာပြန် – အသံဖိုင်တို့ကို ရွတ်ဆိုပူဇော် နာကြားနိုင်ဖို့ ဓမ္မဒါန အဖြစ် တည်ဆောက်ပူဇော်ထားတာလို့ဆိုပါတယ်။ အွန်လိုင်းအ​ခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Education

အွန်လိုင်းအင်္ဂလိပ်ဘာသာစကားသင်တန်း အမှတ်စဉ် (၃) ဖွင့်မည်

အွန်လိုင်းအင်္ဂလိပ်ဘာသာစကားသင်တန်း အမှတ်စဉ် (၃) ကို ဖွင့်လှစ်မယ်လို့ U.S Embassy Rangoon ဖေ့ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။ အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ကမ္ဘာတစ်လွှားက တက္ကသိုလ်ကြီးတွေနဲ့ ကုမ္ပဏီကြီးတွေမှာ အသုံးပြုနေတဲ့ အွန်လိုင်းပလက်ဖောင်းနဲ့တူတဲ့Moodle ပလက်ဖောင်းကိုအသုံးပြုပြီးသင်ကြားပို့ချပေးမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကိုလေ့လာသင်ယူ၊ လေ့ကျင့်ရင်းနဲ့ ၂၁ ရာစုထဲက အတတ်ပညာစွမ်းရည်တွေအတွက်လည်းပြင်ဆင်ပေးတဲ့သင်တန်းဖြစ်ပါတယ်။ သင်တန်းကို မေ ၄ ရက် မှာစတင်ဖွင့်လှစ်မှာ ဖြစ်ပြီး ဧပြီ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ အီးမေးလ်အကောင့်တစ်ခု ရှိရမှာဖြစ်ပြီး အသက် (၁၆) နှစ် အနည်းဆုံးဖြစ်ရပါမယ်။ သင်တန်းသားအသစ်တွေအတွက် ဝင်ခွင့်စာမေးပွဲကို ဧပြီ ၂၁ ရက်၊ နေ့လယ် ၁ နာရီမှ ၂ နာရီခွဲ နဲ့ ဧပြီ […]

Read More
Local
News

Covid-19 Phishing လှုပ်ရှားမှုနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထား

Covid-19 နဲ့ပတ်သက်ပြီး လူအများ HomeStay နေကြခြင်းကို အကြောင်းပြုကာ ဟက်ကာများက “အင်တာနက် 1000GB ပေးမည်” ဟု မက်လုံးပေးလိမ်လည်သော Phishing Campaign လှုပ်ရှားမှုများ ပြုလာကြကြောင်း (mmCERT/cc) မှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ထုန်ပြန်ချက်တွင် ဆိုက်ဘာလုံခြုံရေးအသိပညာ နည်းပါးသူများက ပုံ(၁)တွင်မြင်ရသည့်အတိုင်း Messenger မှတစ် ဆင့်ပေးပို့ခြင်း၊ Facebook တွင် ပို့စ်များကို share လုပ်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရနေသလို အဆိုပါလင့်ကိုနှိပ်ခြင်းဖြင့် Facebook နဲ့ပတ်သက်သော အချက်အလက်များကို တိုက်ခိုက်သူများက ခိုးယူနိုင်ခြင်း၊ malicious website များမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ခြင်းတို့ကြောင့် အလားတူ ပို့စ်များတွေ့ရှိပါက Share ခြင်း၊ Messenger မှတဆင့် အခြားသူများထံ ဖြန့်ဝေခြင်းမျိုး မပြုလုပ်ကြဖို့ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT/cc) […]

Read More