Day: April 14, 2020

ShowLike (Show Like)

ShowLike (Show Like)။ စွန့်စားခန်း၊ သည်းထိတ်ရင်ဖို၊ အချစ်ဇာတ်လမ်း၊ ဟာသ၊ သမိုင်းထဲက ခုနှစ်များ၊ ပရသုတ၊ ဗဟုသုတမုန့်ကြိုးလိမ်၊ ဒဏ္ဍာရီလာပုံပြင်များ၊ အလှအပ​ရေးရာ စတဲ့ ကဏ္ဍအလိုက် ရုပ်သံ ဗီဒီယို​တွေကိုကြည့်ရှုနိုင်​အောင်ဖန်တီးထားပါတယ်။ မြန်မာဘာသာဖြင့်အသုံးနိုင်မှာဖြစ်ပြီး အွန်လိုင်းအ​ခြေပြု App အမျိုးအစားဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More

ဒီဇိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ့် ၂၀၂၀ထုတ် iPhone Pro

Apple ဟာ ၂၀၂၀ထုတ် iPhone မော်ဒယ်တွေ၊ HomePod နဲ့ AirTag အပြင် အခြားထုတ်ကုန်အစီအစဉ်တွေကို Bloomberg ကဖော်ပြခဲ့ပါတယ်။ Apple မော်ဒယ်သစ် ၂ ခုက iPhone 11 Pro နဲ့ iPhone 11 Pro Max နေရာမှာ အစားဝင်ပြီး အခြားဖုန်း၂မျိုးက လက်ရှိ iPhone 11 နေရာကို ဆက်ခံသွားပါမယ်။ ၂၀၂၀ Pro မော်ဒယ် iPhone အသစ်ဒီဇိုင်းက iPad Pro နဲ့ဆင်ပြီး ဘေးဘောင်ပြန့်ပြူးကာ အနားတွေက ချွန်မြပါမယ်။ iPhone 4 နဲ့ iPhone 5 ခေတ်က ဒီဇိုင်းတွေနဲ့ဆင်ပါမယ်။ မော်ဒယ်သစ်တွေမှာ notch အသေးလေးတွေ ပါဝင်လာနိုင်ပါတယ်။ Max […]

Read More

Raspberry Pi နဲ့စွမ်းအင်ပေးထားတဲ့ အသက်ရှုစက်ကို ကိုလံဘီယာမှာ စမ်းသပ်

စက်ရုပ်နည်းပညာအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မာကိုမက်ကိုရိုဟာ COVID-19 ကိုကုစားပေးမယ့် အသက်ရှုစက်ကို Raspberry Pi ကွန်ပျူတာအသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ မာကိုမက်ကိုရိုဟာ ကယ်လီဖိုးနီးယားမှာ နေထိုင်သူဖြစ်ပါတယ်။ မတ်လမှာ အသက်ရှုစက်ဒီဇိုင်းနဲ့ ကွန်ပျူတာ code ကိုအွန်လိုင်းမှာ တင်ခဲ့ပါတယ်။ သူဟာ ကျန်းမာရေးထုတ်ကုန်တွေ ဖန်တီးတဲ့ အတွေ့အကြုံလည်း မရှိပါဘူး။ သူရဲ့ post ကိုကျန်းမာရေးလုပ်သားများစွာက ကြိုဆိုထောက်ခံကြပါတယ်။ မာကိုမက်ကိုရိုက အကြံပြုချက်ကို ယူပြီး အသက်ရှုစက်ကို တိုးတက်အောငင် ပြုလုပ်သွားပါမယ်။ “အခုကပ်ရောဂါအတွင်း လက်ရှိမှာ ကြုံတွေ့နေရတဲ့ ပြဿနာများစွာကို နည်းပညာက ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ BBC ကိုပြောခဲ့ပါတယ်။ မာကိုမက်ကိုရို ဖန်တီးလိုက်တဲ့ အသက်ရှုစက်ကိုတော့ ကိုလံဘီယာက အဖွဲ့တစ်ခုက စမ်းသပ်သွားပါမယ်။ Raspberry Pi ကွန်ပျူတာနဲ့ တည်ဆောက်ထားတဲ့ အသက်ရှုစက်ဒီဇိုင်းက နိုင်ငံအတွက် […]

Read More

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ဖို့ လုပ်သား ၇၅,၀၀၀ ကိုခန့်အပ်ဖို့ Amazon စီစဉ်

Amazon ဟာကိုရိုနာဗိုင်းရပ်စ် ရောဂါအတွင်း ကုန်ပစ္စည်း မှာယူမှု မြင့်တက်လာမှုကို ဖြည့်တင်းနိုင်ဖို့ လုပ်သား ၇၅,၀၀၀ ကိုထပ်မံ ခန့်အပ်မယ်လို့ ခန့်မှန်းထားပါတယ်။ Amazon ဟာလွန်ခဲ့တဲ့ ၃ လလောက်က လုပ်သားပေါင်း ၁၀၀,၀၀၀ ကျော်ကို ငှားရမ်းခဲ့ရပါတယ်။ “ကျွန်တော်တို့တွေက အသိုက်အဝန်းကို ထောက်ပံ့မယ့် အဖွဲ့တွေ တိုးတက်လာတာ တွေ့ရပြီး လုပ်သားတွေ ဆက်လက်ခန့်သွားပါမယ်။ မကြုံစဖူးကာလအတွင်း ဝယ်ယူသူတွေအတွက် တာ၀န်ထမ်းဆောင်ဖို့ အလုပ်အကိုင် ၇၅,၀၀၀ကို ဖန်တီးသွားပါမယ်” လို့ Amazon က blog post မှာရေးခဲ့ပါတယ်။ အွန်လိုင်းက လက်လီရောင်းချတဲ့ Amazon ဟာကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအတွင်း လစာငွေများစွာ သုံးစွဲဖို့ မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့လက ဒေါ်လာသန်း ၃၅၀ အသုံးပြုမယ်လို့ ပြောခဲ့ပေမယ့် အခုအခါမှာတော့ ဒေါ်လာသန်း ၅၀၀အသုံးပြုမယ်လို့ […]

Read More

COVID-19 စစ်ဆေးနိုင်တဲ့နေရာတွေကို Apple Maps ထည့်သွင်း

Apple ဟာ Maps app ထဲမှာ COVID-19 ရောဂါကို စမ်းသပ်နိုင်တဲ့ တည်နေရာတွေကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ Apple အနေနဲ့ အချက်အလက်အသေးစိတ်ကို ဝေမျှနိုင်ဖို့ portal တစ်ခုကို ဖန်တီးထားပြီး အချက်အလက်တွေကို အတည်ပြုစစ်ဆေးသွားပါမယ်။ 9to5Mac ကစတင်တွေ့ရှိခဲ့တဲ့ စာမျက်နှာတစ်ခုမှာ Apple က COVID—19 စစ်ဆေးမှုနေရာ တည်နေရာသတင်းအချက်အလက်ကို ဖြည့်သွင်းဖို့ template ကို ကျန်းမာရေးဆိုင်ရာထောက်ပံ့သူ၊ ဓာတ်ခွဲခန်းတွေနဲ့ အခြားလုပ်ငန်းတွေကို တောင်းဆိုထားပါတယ်။ ရေးသွင်းလိုက်တဲ့ သတင်းအချက်အလက်ကို Apple ကစတင်စစ်ဆေးသွားကာ Apple Maps ထဲထည့်သွင်းမှာ ဖြစ်ပါတယ်။ စာမျက်နှာရဲ့ FAQ မှာတော့ Maps ထဲမှာ တည်နေရာတွေ ဘယ်တော့ပါဝင်မလဲဆိုတာ မဖော်ပြထားပါဘူး။ Apple ဟာ COVID-19 စစ်ဆေးမှုတည်နေရာအတွက် သတင်းအချက်အလက်ထည့်သွားမှာ […]

Read More