Day: April 10, 2020

CANAL+ တပ်ဆင်ထားသူများ ဧပြီ ၁၁ ရက် မှ ၁၆ ရက်အထိ လိုင်းပေါင်း ၈ဝ ကျော်အခမဲ့ကြည့်ရူနိုင်မည်

CANAL+ မြန်မာမှ သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားသော ဇာတ်ကားများ၊ ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးတင်ဆက်မှုများ၊ အစီအစဉ်များနှင့် အခြားသော ထုတ်လွှင့်ရိုက်ကူးမှုများကို လစဉ်ကြေးပေးဆောင်ရန် မလိုဘဲ သင်္ကြန်အချိန်ခါသမယအတွင်း အခမဲ့ကြည်ရူ့နိုင်မယ်လို့ သိရပါတယ်။ “အခုလိုအချိန်မျိုးမှာ ကျန်းမာရေးကို အဓိကထားပြီး ဂရုစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာပြည်သူတွေနဲ့ မိသားစုအားလုံး ဖျော်ဖြေရေး ကောင်းမွန်ပြီး စိတ်ကျေနပ်လောက်စရာကောင်းတဲ့ အစီအစဉ်တွေကို ကြည့်ရူကာ ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေကို ကုန်ဆုံးစေနိုင်ဖို့ နည်းလမ်းကောင်းတွေကို အမြဲတမ်း စဉ်းစားနေတာပါ။ ဒါကြောင့် CANAL+ စက်ကို တပ်ဆင်ထားရှိသူတိုင်းအတွက် ကျန်းမာရေးဂရုစိုက်ကာ အိမ်မှာပဲနေပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနိုင်စေဖို့အတွက်လည်း အခုလို အခမဲ့ကြည့်ရူနိုင်ရန် လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်” လို့ CANAL+ Myanmar FG ရဲ့ CEO ဖြစ်သူ Mr. Erwan LUHERNE ကပြောပါတယ်။ CANAL+ […]

Read More

GrabKitchen ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

GrabKitchen ကို ရန်ကုန်မြို့ အရှေ့အလယ်ပိုင်း၊ တာမွေမြို့နယ်၊ ဓမ္မဒါနလမ်းပေါ်ရှိ Super Container Park မှာ ယနေ့ မှစတင်ပြီး ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ “ကျွန်တော်တို့ Grab နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နာမည်ကြီး မိတ်ဖက်စားသောက် ဆိုင်ပိုင်ရှင်တွေနဲ့အတူ ရန်ကုန်မြို့မှာ ပထမဦးဆုံးသော GrabKitchen ကို စမ်းသပ်ဖွင့်လှစ်နိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်တွေနဲ့အတူ ဆက်လက် ပူးပေါင်းလုပ်ကိုင်ပြီး အစားအသောက် ဝယ်လိုအားနဲ့ ရောင်းလိုအားကြားက ကွာဟချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ်၊ တစ်နေရာတည်းမှာ အစားအသောက်မျိုးစုံကို နှုန်းထားအမျိုးမျိုးနဲ့ အစုံအလင်ရနိုင်အောင် တိုးချဲ့ ဝန်ဆောင်ပေးနိုင်မယ်၊ ပြီးတော့ မှာယူစားသုံးသူတွေရဲ့ လိုအပ်ချက်အရ အဆင်ပြေ လွယ်ကူစွာ မှာယူနိုင်မယ့် အစား အသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ်လို့ […]

Read More

Covid-19 နှင့်စပ်လျဉ်း၍ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်

COVID-19 ရောဂါကို ကူးစက်ပျံ့နှံ့ခြင်းမှကာကွယ်ရန် (၁၄) ရက် အသွားအလာကန့်သတ်ခြင်း၊ တားမြစ်ခြင်းတို့ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့်ဆက်စပ်သော အကြောင်းများကြောင့် Quarantine အစီအစဉ်များတွင် ပါဝင်နေသူတွေကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနက စိတ်ဓာတ်ပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးမှုပေးခြင်းတို့ကို တယ်လီဖုန်းဖြင့် ဝန်ဆောင်မှုပေးသွားမယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ အသိပေးကြေညာချက်မှ တစ်ဆင့် သိရပါတယ်။ Covid-19 နှင့်စပ်လျဉ်း၍ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူခြင်းကို နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများသို့ အများပြည်သူများမှ အောက်ဖော်ပြပါနံပါတ်များသို့ အခမဲ့ခေါ်ဆိုနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ အော်ပရေတာများမှ ဆောင်ရွက်ထားပေးပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ -အောင်သူ

Read More