PUBG MOBILE ဂိမ်းကို ဒေတာသုံးစွဲခ ကျသင့်ငွေပေးဆောင်ရန်မလိုဘဲ အိမ်မှာနေရင်း အခမဲ့ ဆော့ကစားနိုင်မယ့် PUBG MOBILE ဒေတာပရိုမိုးရှင်း အစီအစဉ်ကို MPT မှ မိတ်ဆက်လိုက်ပါတယ်။ ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အတွင်း မိုဘိုင်းဒေတာ အသုံးပြုမှုကို အကန့်အသတ်မရှိဘဲ PUBG MOBILE ဂိမ်းကို စိတ်တိုင်းကျ ဆော့ကစားနိုင်မယ့် အထူးပရိုမိုးရှင်း အစီအစဉ်ဖြစ်ကြောင်း၊ MPT သုံးစွဲသူတွေ အနေနဲ့ ပရိုမိုးရှင်း ကာလအတွင်း PUBG MOBILE ဂိမ်း ဆော့ကစားရာမှာ ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (pay-as-you-go) အစီအစဉ် သို့မဟုတ် Data Pack/Bonus Data သို့မဟုတ် မည်သည့်ဒေတာဖြင့်မဆို အသုံးပြုခြင်းအတွက် ဒေတာကျသင့်ငွေ ကောက်ခံခြင်းမရှိဘဲ အခမဲ့ ဆော့ကစားနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် […]
Read Moreမြန်မာနိုင်ငံရှိ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူတွေရဲ့ အကျိုးခံစားခွင့်တွေအတွက် တရားဝင် လုပ်ကိုင်ခွင့်ရ အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုအဖြစ် Wave Money ကို ဧပြီ ၆ ရက်က ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့် ရရှိသူတွေ အနေနဲ့ ၎င်းတို့ရဲ့ အကျိုးခံစားခွင့် ထောက်ပံ့ငွေများကို Wave Money ဖြင့် ထုတ်ယူလိုပါက နီးစပ်ရာလူမှုဖူလုံရေးရုံးသို့ သွားရောက်ကာ လိုအပ်သော အချက်အလက်များကို ရုံးမှပေးသောဖောင်တွင်ဖြည့်စွက်ရမှာဖြစ်ကြောင်း၊ WavePay app ကို ဖုန်းတွင် ထည့်သွင်းရန်လိုအပ်ကြောင်း၊ အကျိုးခံစားခွင့်ရရှိသူတွေ အနေနဲ့ လူမှုဖူလုံရေးရုံးမှပေးပို့တဲ့ ထုတ်ယူခွင့် စာတို(message) ရရှိပါက မည်သည့် Wave Money ဆိုင်တွင်မဆို အကျိုးခံစားခွင့် ထောက်ပံ့ငွေတွေကို ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “အွန်လိုင်းငွေပေးချေမှုစနစ်က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက […]
Read MoreGoogle ဟာ လုံခြုံရေးအရ ဝန်ထမ်းတွေကို Zoom အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ COVID-19 ကပ်ရောဂါတွင်း ဗီဒီယို chat အတွက် အခမဲ့ အသုံးပြုနိုင်တဲ့ နာမည်ကျော် Zoom ကို လူအများအပြား အသုံးပြုလာကြပြီး လုံခြုံရေးအားနည်းချက်တွေလည်း ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က Google ဟာ Zoom ပိတ်ပင်မှုအတွက် ဝန်ထမ်းတွေဆီ အီးမေးလ်ပို့ထားပြီး Google က ထောက်ပံ့ထားတဲ့ စက်မှာ Zoom ကို install လုပ်ထားသူတွေ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Google ကဝန်ထမ်းတွေက Zoom အစား G Suite တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Meets ကိုအသုံးပြုခိုင်းထားပါတယ်။ COVID-19 ကပ်ရောဂါမဖြစ်ပွားခင်ကတည်းက Zoom မှာ လုံခြုံရေးအားနည်းချက်တွေ ရှိပါတယ်။ Zoom အနေနဲ့ […]
Read MoreDisney+ ကို လစဉ်ကြေးပေးသွင်း အသုံးပြုသူ သန်း ၅၀ ကျော် ရှိတယ်လို့ Walt Disney ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ Disney+ ကို လွန်ခဲ့တဲ့ ၅ လက မိတ်ဆက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မှ လစဉ်ကြေးပေးသွင်း အသုံးပြုသူ ၂၈.၆ သန်းရှိပါတယ်။ အခကြေးပေးသွင်းအသုံးပြုသူတွေထဲမှာ Disney အတွက် ဝင်ငွေမရရှိတဲ့ သုံးစွဲသူတွေလည်း ပါဝင်လာပါတယ်။ Verizon ကလည်း တချို့သုံးစွဲသူတွေ အတွက် Disney+ အခမဲ့ တစ်နှစ်အသုံးပြုခွင့်ကို ပေးထားပါတယ်။ အိန္ဒိယက လစဉ်ကြေးပေးသွင်းသူ ၈ သန်း အတွက် Disney+ ကပြီးခဲ့တဲ့အပတ်က Hotstar အစိတ်အပိုင်းတစ်ရပ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ Disney က Fox ကိုဝယ်ယူလိုက်တာကြောင့် အစိတ်အပိုငးတစ်ခုဖြစ်တဲ့ Hotstar […]
Read MoreCovid-19 နဲ့ ပတ်သက်ပြီး 2019 နံပါတ်ဖြင့် Call Center သို့ အခမဲ့ ခေါ်ဆိုနိုင်မယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး အများပြည်သူများမှ သိရှိလိုသည်တွေကို မေးမြန်းနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်တဲ့ Call Center သို့ ခေါ်ဆိုတဲ့အခါ အများပြည်သူများ မှတ်သားရလွယ်ကူစေနိုင်ရေး “2019” နံပါတ်ကို သတ်မှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ အဆိုပါ 2019 နံပါတ်ကို မိုဘိုင်းအော်ပရေတာအားလုံးရဲ့ ဖုန်းများမှ အခမဲ့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ -အောင်သူ
Read MoreVivo မှ ရက်ပေါင်း ၉၀ အာမခံသက်တမ်း တိုးပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီ ၁ ရက် မှ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံအတွင်း ရောင်းချတဲ့ vivo စမတ်ဖုန်းအားလုံးအတွက် ဆောင်ရွက်ပေးလိုက်တယ်လို့ သိရပါတယ်။ Vivo မှ Customer Service Center ကို ဧပြီ ၂၁ ရက်အထိ ခေတ္တ ပိတ်ထားမည်ဖြစ်တဲ့အတွက် အာမခံသက်တမ်းကို ၂၀၂၀ ဧပြီ ၁ ရက် မှ မေ ၃၁ ရက်အထိ ပြန်လည် တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုစင်တာ ပြန်လည်ဖွင့်လှစ်ခြင်း မပြုမီအချိန်အတွင်း ဖုန်းမှန်ကွဲ အစားထိုးလဲလှယ်မှု ရက် ၉၀ အာမခံ သက်တမ်းတိုးပေးခြင်း (သို့) အာမခံသက်တမ်းကုန်ဆုံးသွားတဲ့ သက်တမ်းတိုးထားတဲ့ […]
Read Moreအွန်လိုင်းကနေသင်ကြားပေးမယ့် Maker Workshop ကို American Center မှ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Python programming ဟာ maker အတွက် အသုံးဝင်တဲ့ programming language တစ်ခုဖြစ်တဲ့အတွက် ဒီ workshop မှာ Python programming ရဲ့ အခြေခံကို လက်တွေ့သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ သင်တန်းကို ၂၀၂၀ ခုနှစ် ဧပြီ ၂၀ရက် နေ့လယ် ၁ နာရီမှ ၄ နာရီ အထိတက် ရောက်ရမှာဖြစ်ပြီး မြန်မာဘာသာနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီ workshop ကို online အနေနဲ့ သင်ကြားခြင်းဖြစ်လို့ အိမ် အပြင်ထွက်စရာမလိုဘဲ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ လိုအပ်မဲ့ software တွေကို workshop မစခင် ကြိုတင် […]
Read Moreသီလဆိုင်ရာ ပါဠိတော်နဲ့ အနက်အဓိပ္ပါယ်တွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ၅ ပါးသီလ၊ ၈ ပါးသီလ၊ ၉ ပါးသီလ၊ ၁၀ ပါးသီလ အနေနဲ့ အပိုင်းလိုက် တစ်ခုချင်းစီ သီးခြားခွဲပေးထားပြီး မိမိသိရှိလိုတဲ့ သီလအကြောင်းကို အလွယ်တကူ လေ့လာနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိတဲ့ တယ်လီဖုန်းနံပါတ် အသစ်တွေနဲ့ ပြောင်းလဲ တပ်ဆင်ပေးသွားမှာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းတွေကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ထို့သို့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တဲ့အတွက် ဧပြီ ၃၀ ရက်မှာ အော်တိုတယ်လီဖုန်း နံပါတ်တွေကို စတင်ပြောင်းလဲသွားမယ် လို့ သိရပါတယ်။ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ် ကာလအတွင်း အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်တဲ့နေ့မှစ၍ ဇူလိုင် ၃၁ ရက် အထိ အခမဲ့ပေးထားမှာဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်း လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ -အောင်သူ
Read MoreGoogle ရဲ့ဗီဒီယိုဂိမ်း platform ဖြစ်တဲ့ Stadia ကို Gmail လိပ်စာရှိသူ မည်သူမဆို အခမဲ့ကစားနိုင်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ Google Stadia ထောက်ပံ့ထားတဲ့ ဒေသအတွင်းက လူတွေပဲ အသုံးပြုနိုင်ပါမယ်။ Google ဟာ Stadia Pro ကို ၂ လအသုံးပြုနိုင်ကာ ဂိမ်း ၉ ခုကိုလည်း အခမဲ့ကစားနိုင်ပါမယ်။ Stadia Pro လစဉ်ကြေး ပေးသွင်းသူတွေအနေနဲ့ ဝန်ဆောင်မှုကို ၂ လ အခမဲ့ ထပ်မံအသုံးပြုနိုင်မယ်လို့ Google ကပြောကြားထားပါတယ်။ အရင်တုန်းက Google Stadia Premiere Edition ကို ၁၂၉ ဒေါ်လာနဲ့ ဝယ်ယူဖို့လိုပြီး အဲဒီ bundle မှာ Chromecast Ultra, ကြိုးမဲ့ Stadia […]
Read More