WhatsApp ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ သက်ဆိုင်တဲ့ သတင်းမှားတွေ ဖြန့်ဖြူးမှုကို လျှော့ချဖို့ message forward လုပ်နိုင်တဲ့ အရေအတွက်ကို ကန့်သတ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ငါးကြိမ်ထက်မနည်း forward လုပ်ထားတဲ့ message ကို chat တစ်ခုမှာ တစ်ခါပဲ ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ “သုံးစွဲသူတွေက ရယ်စရာဗီဒီယိုတွေ၊ memes နဲ့အဓိပ္ပာယ်ရှိတဲ့အရာများစွာ forward လုပ်နေတဲ့ သုံးစွဲသူများစွာ ရှိပါတယ်။ ဒါပေမဲ့ message ကို forward လုပ်တဲ့အရေအတွက် သိသိသာသာ တိုးတက်လာပြီး အလွန်များပြားပြီး သတင်းမှားဖြန့်ချိမှုကိုလည်း လုပ်နိုင်တယ်လို့ ကျွန်တော်တို့ကို အသိပေးခဲ့ပါတယ်” လို့ WhatsApp က blog post မှာရေးသားခဲ့ပါတယ်။ အခုလို မကန့်သတ်ခင်က သုံးစွဲသူက တစ်ကြိမ်မှာ chat […]
Read MoreCOVID-19 နဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းနဲ့ အချက်အလက်တွေ အပါအဝင် ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံး ကျန်းမာစွာနေထိုင်နိုင်ဖို့ နည်းလမ်းနဲ့ အကြံပြုချက်တွေပါဝင်တဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်တွေပါ ဖတ်ရှုနိုင်မယ့် ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ (Coronavirus (COVID-19) Information Center) ကို Facebook က ဧပြီ ၇ ရက် (ယနေ့) မိတ်ဆက်လိုက်ပါတယ်။ ဒီသတင်းအချက်အလက်စင်တာမှာဆိုရင်တော့ COVID-19 နဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားတဲ့ နောက်ဆုံးရသတင်းတွေနဲ့ လမ်းညွှန်မှုတွေကို ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ တစ်နေရာထဲမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ ကျန်းမာရေး တာဝန်ရှိအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) နဲ့ UNICEF တို့ကရတဲ့ နောက်ဆုံးရသတင်းတွေလည်း ပါရှိမှာဖြစ်ပါတယ်။ COVID-19 […]
Read MoreCOVID-19 ကြောင့် ပြည်သူများ နေအိမ်တွင်နေထိုင်ကြရန် နှိုးဆော်ထားစဉ် ပြည်သူများ စိတ်အပန်းပြေစေရေးနှင့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရေးကို အထောက်အကူပြုနိုင်ရန် Mahar Mobile Application မှ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ပြသသွားမယ်လို့ သိရပါတယ်။ ဧပြီ ၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အနေနဲ့ ABC Content Solution Co.,Ltd. (Mahar Mobile Application)မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Mahar Mobile Application မှ စုဆောင်းထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား လေးထောင်ကျော်အနက်မှ နှစ်ထောင် ကျော်ကို တစ်လတာ အခမဲ့ပြသနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ Mahar Mobile App မှ စုဆောင်း ထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေဖြစ်တဲ့ […]
Read MoreTCL ဟာ ဇန်နဝါရီလက ထုတ်ဖော်ပြသထားတဲ့ TCL 10L, 10 Pro နဲ့ 10 5G တို့ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ TCL ဖုန်းတွေဟာ အချက်အလက်ပိုင်းက ဆင်တူမှုရှိပေမယ့် 10 5G ဖုန်းကတော့ ဈေးနှုန်းမြင့်မားတဲ့ ဖုန်းတစ်မျိုး ဖြစ်ပါတယ်။ TCL 10 Pro မှာ AMOLED မျက်နှာပြင် ၆.၄၇ လက်မ 1080p+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ ဒါ့အပြင် HDR10 နဲ့ Netflix ကထောက်ခံချက်ပေးထားတဲ့ display ပါဝင်တာကြောင့် content တွေကို အပြည့်အဝကြည့်နိုင်ပါတယ်။ ဒါ့အပြင် SDR ကနေ HDR အထိပြောင်းပေးနိုင်တဲ့ NXTVISION ချစ်ပ်လည်း ပါဝင်လာပါတယ်။ မျက်နှာပြင်ကတော့ အကွေးဒီဇိုင်းကို […]
Read Moreအခြေခံပညာအတန်းများအောင်စာရင်းကို စတုတ္ထတန်းနှင့် အဌမတန်း အပါအဝင် သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းတွေကို မူလသတ်မှတ်ရက်ထက် နောက်ဆုတ်ပြီးထုတ်ပြန်သွားမှာဖြစ်တယ်လို့ ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။ COVID-19 ကြောင့် အခြေခံပညာကျောင်းများတွင် စစ်ဆေးမှုအနေနဲ့ အတန်းအလိုက် စစ်ဆေးပြီးစီးသော်လည်း Grade-5 နဲ့ Grad-9 က မပြီးသေးတဲ့အတွက် မူလထုတ်ပြန်တဲ့ရက် ဧပြီ ၂၆ ရက်ကို မထုတ်ပြန်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။ စတုတ္ထတန်း၊ အဌမတန်း အောင်/ရှုံးကို နှစ်ဆုံးစာမေးပွဲတစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ အခန်းဆုံးစာမေးပွဲ၊ ပထမနှစ်ဝက်စာမေးပွဲနဲ့ ကျောင်းလုပ်ငန်း ဆောင်ရွက်မှု ရလဒ်နဲ့ ဆုံးဖြတ်မည်ဖြစ်ပြီး နှစ်ဆုံးစာမေးပွဲရလဒ်ကို ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ် (၈၀) မှ (၁၀၀) အထိကို (A) အဆင့်၊ ရမှတ် (၆၀) မှ […]
Read Moreအစိုးရဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေ၊ လွှတ်တော်ဝက်ဘ်ဆိုက်တွေ၊ ဥပဒေ ဝက်ဘ်ဆိုက်တွေ အပြင် အခြားလုံခြုံရေးဆိုင်ရာဌာနဆိုက်တွေနဲ့ အစိုးရမီဒီယာဝက်ဘ်ဆိုက်တွေကို စုစည်းဖော်ပြပေးထားတဲ့ App ဖြစ်ပါတယ်။ မိမိဝင်ကြည့်ချင်တဲ့ ဝက်ဘ်ဆိုက်ကို အလွယ်တကူ ရှာဖွေကာ ခလုတ်တစ်ချက်နှိပ် ဝင်ရောက် ကြည့်ရှုနိုင်အောင်ဖန်တီးပေးထားပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreRakuten Viber မှ သင်္ကြန်ကာလအတွင်း အိမ်မှာနေထိုင်ရသူတွေကို ပျော်ရွှင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သင်္ကြန်စတစ်ကာများ၊ သင်္ကြန်နဲ့ပတ်သက်တဲ့ စာသားများပါဝင်တဲ့ မက်ဆေ့ချ်များ ပေးပို့ပါက ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုတွေ ဖြစ်စေနိုင်တဲ့ on-screen animation တွေအပြင် သင်္ကြန်ဂိမ်း Bot တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ ပြည်သူများကို အိမ်တွင်နေ၍ သက်သောင့်သက်သာဖြင့် viber မှ အထူးပြုလုပ်ဖန်တီးထားတဲ့ သင်္ကြန်စတစ်ကာများကို ချစ်ခင်သူများထံသို့ ပေးပို့နိုင်မှာဖြစ်ကြောင်း၊ သင်္ကြန်ရဲ့ အဓိကပြယုဂ်ဖြစ်တဲ့ အတာရေ လောင်းခြင်းနဲ့ ပိတောင်ပန်းတွေကို Viber မှ အထူးပြုလုပ် ဖန်တီးပေးထားကြောင်း၊ အသုံးပြုသူတွေအတွက် ရေပက်သည့်အသံ ဗွမ်း၊ ပျော်စရာသင်္ကြန် ၊ သင်္ကြန်၊ ပျော်ရွှင်စရာနှစ်သစ်ကူး စတဲ့ စာသားများရိုပ်နှိပ်ပေးပို့လိုက်ပါက ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ on-screen animation […]
Read MoreFacebook ဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း လူတွေ အိမ်မှာနေထိုင်မှု ရှိ၊ မရှိနဲ့ ရောဂါဘယ်လောက် အထိ ပြန့်ပွားနိုင်သလဲဆိုတာကို သိနိုင်ဖို့ အမည်မဖော်လိုတဲ့ တည်နေရာအချက်အလက်နဲ့ သုတေသီတွေဆီ ထောက်ပံ့ပေးနေပါတယ်။ Facebook ဟာ COVID-19 ရောဂါကို တိုက်ဖျက်ဖို့ လစဉ်သုံးစွဲသူ ၂.၅ ဘီလျံနီးပါးက အချက်အလက်တွေကို ရယူပြီး ပြန်လည်ပြသသွားပါမယ်။ Facebook က လူသားထိတွေကတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်တဲ့ တုပ်ကွေး တိုက်ဖျက်မယ့် ရောဂါကာကွယ်ရေး မြေပုံကို ဖန်တီးဖို့ အရင်ကာလက အချက်အလက်တွေ အသုံးပြုသွားပါမယ်။ Facebook က တည်နေရာ အချက်အလက် အသုံးပြုမှုက တချို့သုံးစွဲသူတွေအတွက် သက်သောင့်သက်သာ မဖြစ်ကြပါဘူး။ Facebook ဟာ တစ်ကိုယ်ရေ အချက်အလက်ကို အလွဲသုံးစား ပြုလုပ်တွေ ဖြစ်ပေါ်နေတဲ့ နေရာဖြစ်ပါတယ်။ […]
Read More‘‘သင့်အလုပ်အကိုင်အတွက် ကျွန်တော်တို့ ပံ့ပိုးကူညီပါတယ်’’ Dr. Wolfgang Wagner Global Group HR Director Super Seven Stars Co., Ltd လတ်တလော တစ်ကမ္ဘာလုံးကြုံနေရတဲ့ စိန်ခေါ်မှုတွေကြားက မြန်မာ့စီးပွားရေးအပေါ် အမြင် မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ စီးပွားရေး တစ်ဟုန်ထိုး တိုးတက်နေတဲ့ နိုင်ငံလို့ထင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ တရုတ်နိုင်ငံ ဗိုင်းရပ်စ်လိုမျိုး စိန်ခေါ်မှု နည်းနည်းတော့ ရှိပါတယ်။ ကျွန်တော်တို့က အပြုသဘောပုံစံနဲ့ တရုတ်အပေါ် အများကြီးမှီခိုနေပါတယ်။ ဒါကြောင့် တရုတ်မှာ အခြေအနေ မြန်မြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ ဒါမှကျွန်တော်တို့စီးပွားရေးလည်း မထိခိုက်မှာပါ။ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေအပေါ် Super Seven Stars ရဲ့ အခန်းကဏ္ဍ […]
Read MoreGoogle ဟာ Pixel 4 ကိုဖွင့်ဖို့ face unlock အသုံးပြုချိန်မှာ ပိုမိုလုံခြုံစေမယ့် update ကို ဖြန့်ချိလိုက်ပါတယ်။ အခု update သစ်ကြောင့် သုံးစွဲသူအနေနဲ့ Pixel 4 ရဲ့ face unlock သုံးတဲ့အခါ မျက်လုံးဖွင့်ထားဖို့ လိုအပ်ပါမယ်။ အဲဒီ feature ကို default ဖွင့်ထားပါတယ်။ အခု feature တွေက လုံခြုံရေးအစီအမံတွေ ပါဝင်ပြီး Pixel 4 ရဲ့ face unlock settings အတွင်းမှာ option ကို ဖြုတ်ထားနိုင်ပါတယ်။ Pixel 4 မှာ face unlock အသုံးပြုတဲ့အခါ မျက်လုံးဖွင့်၊ မဖွင့်သိနိုင်တဲ့ feature မပါဝင်တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ […]
Read MoreCopyright © 2021 | Internet Journal