Day: April 6, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေထိုင်ရသူတွေ Netflix မှာကြည့်နိုင်တဲ့ ခရီးသွားအစီအစဉ်များ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် လူစုလူဝေးရှောင်ကြဉ်ရတာနဲ့ အိမ်မှာပဲနေထိုင်ရသူတွေ ပျင်းရိငြီးငွေ့ကာ မွန်းကျပ်လာပါမယ်။ ဒါ့အပြင် ကူးစက်ရောဂါဖြစ်ပွားနေတာကြောင့် ခရီးသွားတဲ့ကဏ္ဍလည်း ရပ်တန့်နေပါတယ်။ စွန့်စားရတာကို နှစ်သက်သူတွေအတွက် စိတ်အပန်းပြေစေဖို့ Netfliix ခရီးသွားမှတ်တမ်း အစီအစဉ် (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။ အခုအစီအစဉ်တွေထဲမှာ အဆက်မပြတ်လှုပ်ရှားနေတဲ့ အစားအသောက်ပေါများရာ မြို့တော်တွေကနေ ကြောက်စရာ ခရီးသွားအစီအစဉ်တွေလည်း ပါဝင်လာပါတယ်။ Jack Whitehall: Travels with My Father ဟာသပညာရှင် ဂျက်ဝှိုက်ဟောနဲ့ သူရဲ့ ဖခင်ဖြစ်သူ မိုက်ကယ်တို့ဟာ အရှေ့တောင်အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတစ်ဝိုက် သွားလာပြီး စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေ ဖွင့်ခဲ့ကြပါတယ်။ တကယ်လို့ အကြမ်းထည်ဆန်တဲ့ ဟာသအစီအစဉ်တွေကြိုက်သူတွေ သဘောကျမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဖေနဲ့ သားဖြစ်သူအကြားက သံယောဇဉ်နဲ့ သူတို့အကြား မျိုးဆက်ကွာဟမှုတို့လည်း ပါဝင်ပြီး […]

Read More

Myanmar Subtitle

Movie:Burma Channel မြန်မာစာတန်းထိုးဇာတ်ကားများ၊ စီးရီးများအပြင် ထိုင်းရုပ်သံလိုင်းက ဇာတ်ကားတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းထဲကို အလွယ်ဆကူ download ပြုလုပ်ကာ ကြည့်နိင်အောင် ဖန်တီးထားပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

NITORI International Scholarship Foundation ကို ဇွန် ၁၀ ရက်အထိ လျှောက်ထားနိုင်

NITORI International Scholarship Foundation ကို ဇွန် ၁၀ ရက်အထိ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ ဒီပညာသင်ဆုဟာ ဂျပန်ပြည်မှာ ပညာသင်ယူဆဲ ကျောင်းသားများ သာမကဘဲ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ဂျပန်ပညာသင်သွားရောက်မယ့် သူတွေလျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုကို ဂျပန်နိုင်ငံသားမဟုတ်သူ၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှာ ဂျပန်နိုင်ငံတွင် ပညာသင်ယူရန်ရည်ရွယ်ထားသူ၊ ၂၀၂၀ ခုနှစ်အောက်တိုဘာလ နောက်ပိုင်းတွင်၊ ဂျပန်ပြည်တွင်းရှိ တက္ကသိုလ်မှ ပထမနှစ် မှ စတုတ္ထနှစ်အတွင်း ကျောင်းသားများ၊ သို့မဟုတ် ဂျပန်ပြည်တွင်းရှိ ဘွဲ့လွန်အတန်း ပထမနှစ် မှ ဒုတိယနှစ်အတွင်း တက်ရောက်သူ/တက်ရောက်ရန်ပြင်ဆင်ထားသူတွေ၊ Pre-Doctoral Course အတန်းတက်ရောက်ရန်ရည်ရွယ်ထားသူတွေလျှောက်ထားနိုင်ပါတယ်။ဂျပန်ဘာသာစကားကို နားလည်တတ်ကျွမ်းသူဖြစ်ရမှာဖြစ်ပြီး လူဦးရေ ၁၀၀ ခန့် ပေးအပ်မှာဖြစ်အါတယ်။ ပညာသင်ဆုမှာ တစ်လ 80,000 […]

Read More

ကျန်းမာရေးဝန်ထမ်းတွေအတွက် မျက်နှာဖုံးတွေကို Apple လှူဒါန်း

COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း ကျန်းမာရေးဝန်ထမ်းတွေကို ကူညီမယ့် Apple ရဲ့အစီအစဉ်ကို တင်မ်ကွတ်ခ်က ကြေညာလိုက်ပါတယ်။ တင်မ်ကွတ်ခ်ရဲ့ Twitter ဗီဒီယိုသစ်မှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် မျက်နှာဖုံးအရေအတွက် သန်း၂၀ ထုတ်လုပ်ထားကာ အခုထက် ပိုမိုတွန်းအားပေး ထုတ်လုပ်သွားမယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျန်းမာရေးဝန်ထမ်းတွေကို မျက်နှာဖုံး ၁၀ သန်း ထုတ်လုပ် လှူဒါန်းခဲ့တယ်လို့ တင်မ်ကွတ်ခ်ကပြောခဲ့ပြီး အခုအခါမှာ မျက်နှာဖုံးအရေအတွက် သန်း၂၀ အထိ ရှိလာပါတယ်။ မျက်နှာဖုံးတွေကို Apple ရဲ့ supply chain ကတစ်ဆင့် ရယူထားတာ ဖြစ်ပါတယ်။ ဆေးပညာလုပ်သားတွေအတွက် အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေကို Apple ကဒီဇိုင်းရေးဆွဲပေးထားပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ဆန်တာကလာရာတောင်ကြားက ကိုင်ဆာဆေးရုံအတွက် မျက်နှာဖုံးတွေကို ပထဆုံးအကြိမ်ပေးပို့ခဲ့ပါတယ်။ ဆေးပညာဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုက အလွန်ကောင်းမွန်တယ်လို့ ကွတ်ခ်က ပြောခဲ့ပါတယ်။ […]

Read More

5G တာဝါတိုင်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်ဆိုတဲ့ သတင်းတွေကို YouTube ဖယ်ရှား

5G ကွန်ရက်နည်းပညာနဲ့ ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်တယ်ဆိုတဲ့ သတင်းမှားဖြန့်ချိမှုတွေကို YouTube မှာလျှော့ချပြသမယ်လို့ ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ YouTube အနေနဲ့ ပေါ်လစီချိုးဖောက်တဲ့ဗီဒီယိုတွေကိုတော့ ဖယ်ရှားပါမယ်။ ဒါပေမဲ့ 5G နဲ့ ကိုရိုနာဗိုင်းရပ်စ်အကြား ဆက်စပ်ပြတဲ့ ဗီဒီယိုမှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း မပြောထားရင်တော့ ဗီဒီယို ဖယ်ရှားခံရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ဗီဒီယိုကို ချုပ်ထိန်းပြီး ရှာဖွေမှုရလဒ်မှာ မပြပေးပါဘူး။ ပြီးခဲ့တဲ့အပတ်အတွင်း ယူကေမှာ မိုဘိုင်းတာဝါတိုင်၇ ခုထက်မနည်း မီးတင်ရှို့ခံခဲ့ရပါတယ်။ ဆဲလ်ဖုန်းတာဝါတိုင်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းက ဆက်စပ်မှုရှိတယ်ဆိုတဲ့ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှု သီအိုရီ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ၂၄ နာရီအတွင်း မိုဘိုင်းတာဝါတိုင် ၄ ခု မီးတင်ရှို့ခံခဲ့ရပြီး တာဝါတိုင်တွေထဲက တစ်ခုကတော့ 5G တာဝါတိုင် မဟုတ်ဘူးလို့ သိရပါတယ်။ စိုးထက် […]

Read More

5G ကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်ဆိုတဲ့ သတင်းကြောင့် မြို့တချို့မှာ ဖုန်းတာဝါတိုင်ကို မီးတင်ရှို့

5G ကွန်ရက်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားတယ်ဆိုတဲ့ လျို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီ တစ်ခု ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ အဲဒီသီအိုရီကြောင့် ဘာမင်ဂမ်၊ မာဆေးဆိုက်ဒ်နဲ့ ဘဲလ်ဖတ်မြို့တွေက မိုဘိုင်းတာဝါတိုင်တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။ အဲဒီကိစ္စအပြီး ယူကေအစိုးရက လူမှုရေးကွန်ရက်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။ 5G ကွန်ရက်ကို ချိတ်ဆက်ပေးတဲ့ တာဝါတိုင်တွေက ထွက်ပေါ်တဲ့ ဓာတ်ရောင်ခြည်တွေက လူတွေရဲ့ကျန်းမာရေးကို ထိခိုက်ကာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်လို့ ယုံကြည်နေတဲ့အတွက် ဆက်သွယ်ရေးအင်ဂျင်နီယာဟာ လူတွေရဲ့ ကိုယ်ထိလက်ရောက်ခြိမ်းခြောက်မှု၊ ပြောဆိုခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ လီဗာပူးလ်မြို့တော်ဝန်ဖြစ်တဲ့ ဂျိုးအန်ဒါဆင်က 5G ကွန်ရက်နဲ့ ကိုရိုနာဗိုင်းရပ်စ်ဆက်စပ်မှုက ယုတ္တိမရှိဘူးလို့ ပြောခဲ့ပြီးနောက် ခြိမ်းခြောက်မှုတစ်ချို့ လက်ခံရရှိခဲ့ပါတယ်။ အခုသီအိုရီတွေက အန္တရာယ်ရှိပြီး အဓိပ္ပာယ်မရှိဘူးလို့ ကတ်ဘိနက်အရာရှိဝန်ကြီး မိုက်ကယ်ဂေါ့ကပြောထားပါတယ်။ “5G ဇာတ်လမ်းက လုံးဝအဓိပ္ပာယ်မရှိပါဘူး။ မဟုတ်မဟတ် အဆိုးဆုံး သတင်းတုဖြစ်ပါတယ်။ တစ်ကယ်က […]

Read More